ချစ်စရာကောင်းတဲ့ Pre Wedding ပုံလေးတွေ အဖြစ် လူသေးသေးလေးဖြစ်အောင် ရိုက်မယ်

by: Editor
 0 comments  0 love

အများတွေနဲ့ မတူဘဲ ဆန်းပြားတဲ့ပုံစံလေးတွေနဲ့ ရိုက်ကူးတာ ခေတ်စားလာတဲ့အမျှ ဓါတ်ပုံလေးတွေကို ထူးထူးခြားခြားလေးမျိုး ဖြစ်အောင် ရိုက်ကူးမယ်။

အချစ်ရဆုံးကို လက်ထဲ ထည့်ထားမယ် (Photo:pinterest)

မင်္ဂလာပွဲလေး မတိုင်ခင် မင်္ဂလာပွဲလေးအတွက် Pre Wedding ပုံလေးတွေကို ရိုက်ကူးတဲ့အချိန်မှာ ခချစ်စရာကောင်းတဲ့ Pre Wedding ပုံလေးတွေ အဖြစ် လူသေးသေးလေးဖြစ်အောင် ရိုက်မယ်ဆိုရင် ဘယ်လိုလေး ရိုက်လို့ ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ကာတွန်းထဲက ကိုတွက်ပီနဲ့ မသေးမျှင် အသက်ဝင်လာတဲ့ Pre Wedding ပုံလေးတွေကိုလည်း ကြည့်ပေးနိုင်ပါတယ်။

ပန်းပေးပြီး လက်ထပ်ခွင့်တောင်းမယ်နော် (Photo:pinterest)

လူလေးကို သေးသေးလေး ဖြစ်အောင် ရိုက်တဲ့အချိန်မှာ

သတို့သားလေးနဲ့ သတို့သမီးလေးတို့က တစ်လှည့်စီ အဝေးမှာ နေပြီး ရိုက်ကူးလို့ ရပါတယ်။ ပုံမှန်အတိုင်း နှစ်ယောက်ယှဉ်ပြီး ရိုက်ကူးတာထက် အခုပုံလေးတွေမှာ ပြထားတဲ့အတိုင်း ရိုက်ကူးပေးနိုင်ပါတယ်။ မင်္ဂလာမောင်နှံလေး နှစ်ယောက်မှာ တစ်ယောက်က သေးသေးလေး ဖြစ်ပြီး ကျန်တစ်ယောက်က ပုံမှန်အတိုင်းလေး ဖြစ်နေတာကတော့ ကြည့်ရတာ ချစ်စရာကောင်းလှပါတယ်။

အနမ်းလေးတွေ ဝေမျှမယ် (Photo:pinterest)

သိပ်ချစ်လို့ သူများ မမြင်ရအောင် သိမ်းထားမယ်

ချစ်စရာကောင်းတဲ့ပုံစံလေး

Pre Wedding ပုံလေးတွေကို ပုံဖော်တဲ့အချိန်မှာ သူများတွေနဲ့ မတူဘဲ ဆန်းပြားတဲ့ပုံစံလေးတွေနဲ့ ရိုက်ကူးတာ ခေတ်စားလာတဲ့အမျှ ဓါတ်ပုံလေးတွေကို ထူးထူးခြားခြားလေးမျိုး ဖြစ်အောင် ပုံဖော်ရိုက်ကူးတတ်ပါတယ်။ သတို့သမီးလေးကို အဝေးမှာ ထားပြီး လက်စွပ်ဗူးလေးထဲက ထုတ်လိုက်တဲ့ပုံစံမျိုးလေး ရိုက်ကူးလိုက်တာကတော့ ချစ်စရာကောင်းလှပါတယ်နော်။

မင်းသားလေးကို လက်ဖဝါးပေါ် တင်ထားမယ် (Photo:pinterest)

အကောင်းဆုံး ရိုက်ချက်လေးတွေကို ပုံဖော်မယ် (Photo:pinterest)

Marry ရဲ့ မင်္ဂလာမောင်နှံလေးတို့လည်း Pre Wedding ပုံလေးတွေကို ဘယ်လိုအကောင်းဆုံး ရိုက်ကူးလိုက်မလဲ ဆိုတဲ့အကြံကောင်းတွေ ရရှိနိုင်ပါစေလို့ ပြောပြပေးလိုက်ရပါတယ်နော်။

From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords