Advertisement

Marry Wedding Day (2019) ပွဲကြီးကို နိုဗိုတယ်ဟိုတယ်မှာ ဇွန်လ(၈၊၉) နှစ်ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပမှာ ဖြစ်ပါတယ်။ ဆက်ဆက်လှမ်းခဲ့နော်။

မင်္ဂလာဆောင်မယ့် စုံတွဲလေးတို့ရေ မင်္ဂလာပွဲလေး နီးလာပြီဆိုရင် Pre wedding လေးတွေ အမှတ်တရ ရိုက်ကြတယ်မလား၊ စုံတွဲလေးတော်တော်များများက Pre wedding ရိုက်တဲ့အခါမှာ နှစ်ယောက်တည်းပဲ ရိုက်ဖြစ်ကြပြီး နှစ်ဖက်မိဘတွေနဲ့ကတော့ မင်္ဂလာပွဲနေ့မှာပဲ ရိုက်ဖြစ်ကြပါတယ်။ မင်္ဂလာပွဲနေ့ဆိုတာက ဧည့်ခံရတာနဲ့ ပင်ပန်းတာတွေ ရှိပြီး Pre wedding လောက် အချိန်သေချာ မရတတ်ဘူးလေနော်။ တကယ်တော့ နှစ်ဖက်မိဘတွေနဲ့လည်း Pre wedding ပုံလေးတွေ ရှိသင့်ပါတယ်။ Marry က ကျင်းပတဲ့ Marry Wedding Day (2019) ပွဲကြီးမှာတော့ နှစ်ဖက်မိဘတွေနဲ့အတူ Pre Wedding အခမဲ့ရိုက်လို့ရတဲ့ အစီအစဉ်လေး ရှိပါတယ်။

နှစ်ဖက်မိဘများနဲ့အတူ အခမဲ့ Pre wedding ရိုက်လို့ရမယ့် အစီအစဉ်

စုံတွဲလေးတို့ရေ ဒီအစီအစဉ်လေးမှာ စုံတွဲလေးတို့ရယ် နှစ်ဖက်မိဘများ ဒါမှမဟုတ် မိသားစုဝင် (၄) ဦး ၊ စုစုပေါင်း (၆) ဦး ပါဝင်လို့ရမှာ ဖြစ်ပြီး မိတ်ကပ်၊ ဆံပင်ကိုလည်း အခမဲ့ပြင်ဆင်ခွင့်ရရှိမှာ ဖြစ်တဲ့အပြင် ဝတ်စုံကိုလည်း အခမဲ့ ရွေးချယ် ဝတ်ဆင်ခွင့် ရရှိမှာပဲ ဖြစ်ပါတယ်။ နှစ်ဖက်မိဘများကိုလည်း ပြင်ဆင်ပေးသွားမှာပါနော်။ ဒီအစီအစဉ်လေးမှာ ပါဝင်ချင်တယ်ဆိုရင်တော့ ပြိုင်ပွဲလေးတစ်ခု ဝင်ပေးဖို့ လိုပါတယ်။ ပြိုင်ပွဲဝင်တွေထဲကမှ စုံတွဲ(၄) တွဲကို နှစ်ဖက်မိဘတွေနဲ့အတူ အခမဲ့ Pre wedding လေး ရိုက်ကူးခွင့် ရရှိမှာ ဖြစ်ပါတယ်။ ပါဝင်ချင်တယ်ဆိုရင်တော့ ဒီလင့်လေးထဲမှာ https://bit.ly/2Kkqdbz   ကြည့်ပေးနော်။

ဖိတ်ကြားလွှာ

စုံတွဲလေးတို့ရေ Marry Wedding Day (2019) ပွဲကြီးကို နိုဗိုတယ်ဟိုတယ်မှာ ဇွန်လ(၈၊၉) နှစ်ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပမှာ ဖြစ်ပါတယ်။ ဆက်ဆက်လှမ်းခဲ့နော်။

 

 

Comments

0 comments