ရန်ကုန်မြို့တွင်းနေရာဓါတ်ပုံရိုက်ခ မပေးရဘဲ Pre wedding ရိုက်လို့ရမယ့်နေရာ(၃) ခု

by: Phyo Pyae Thu
 0 comments  0 love

စုံတွဲလေးတို့ရေ Outdoor Pre wedding ကို ကုန်ကျစရိတ် ထပ်မပေးရဘဲ ရိုက်ချင်တယ်ဆိုရင်တော့ ဒီနေရာ(၃) ခုကို ရွေးချယ်လို့ ရပါတယ်နော်။ 

စုံတွဲလေးတို့ရေ Pre wedding ရိုက်တဲ့အခါ စတူဒီယိုတွေရဲ့ Package တွေက ဓါတ်ပုံ၊ ဝတ်စုံနဲ့ မိတ်ကပ်အတွက်ပဲ ပါဝင်မှာဖြစ်ပြီး  ရိုက်မယ့်နေရာအတွက် ကုန်ကျစရိတ်ကိုတော့ စုံတွဲလေးတို့က သက်သက်ကျခံရမှာဖြစ်ပါတယ်။ အကယ်လို့ စုံတွဲလေးတို့က Pre wedding ကို outdoor ရိုက်ချင်ပေမယ့် နေရာအတွက် ကုန်ကျစရိတ် ထပ်ပြီး မကုန်ချင်ဘူးဆိုရင်တော့ ရန်ကုန်မြို့တွင်း ပိုက်ဆံ ထပ်မပေးရတဲ့ နေရာလေးတွေ သိထားသင့်ပါတယ်နော်။

ဆူးလေနဲ့ အနီးတဝိုက်

ဆူးလေနဲ့ အနီးတဝိုက်  (photo: I’m yours wedding service)

စုံတွဲလေးတို့ရေ ဆူးလေနဲ့ အနီးတဝိုက်မှာလည်း ပုံလှလှလေးတွေ ရိုက်လို့ ရပါတယ်နော်။ စုံတွဲလေး တော်တော်များများကတော့ Night scene ရိုက်ကြတာ များပါတယ်။

ပြည်သူ့ရင်ပြင်

ပြည်သူ့ရင်ပြင် (photo: I’m yours wedding service)

ပြည်သူ့ရင်ပြင်ကိုတော့ စုံတွဲလေးတို့ သိထားပြီးသား ဖြစ်မှာပါနော်။ ပြည်သူ့ရင်ပြင်ဝင်းထဲမှာလည်း ရိုက်လို့ ရပါတယ်။ ဝါးတန်းတွေဘက်မှာ ရိုက်မယ်ဆိုရင်တော့ တခါတလေမှာ Charges ထပ်ပေးရတတ်ပါတယ်။ ဒါကြောင့် ကိုယ်ရိုက်မယ့် စတူဒီယိုကို သေချာမေးကြည့်ဖို့တော့ လိုပါတယ်နော်။

ရွှေတိဂုံဘုရားစောင်းတန်း

ရွှေတိဂုံဘုရားစောင်းတန်း

စုံတွဲလေးတို့ရေ Pre wedding ကို ရွှေတိဂုံဘုရားမှာ ရိုက်ချင်တယ်ဆိုရင်တော့ ဘုရားစောင်းတန်းမှာ ရိုက်လို့ ရပါတယ်။ ကြိုတင်ပြီး ပြောထားဖို့တော့ လိုတာမို့ စတူဒီယိုနဲ့ ရိုက်မယ့်နေရာကို ညှိနှိုင်းပါ။

စုံတွဲလေးတို့ရေ Outdoor Pre wedding ကို ကုန်ကျစရိတ် ထပ်မပေးရဘဲ ရိုက်ချင်တယ်ဆိုရင်တော့ ဒီနေရာ(၃) ခုကို ရွေးချယ်လို့ ရပါတယ်နော်။ 

 

From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords