
ပွဲအခင်းအကျင်းပုံစံ
မင်္ဂလာပွဲနေ့မှာ သတို့သား၊ သတို့သမီးအပါအဝင် ဧည့်ပရိသတ် အစရှိတဲ့ လူတွေ တစ်ယောက်မှ မပါစေဘဲ ရိုက်ကူးထားသင့်တဲ့ ဓာတ်ပုံလေးတွေ အကြောင်းလည်း Marry က ဝေမျှပေးချင်ပါသေးတယ်။ သက်မဲ့ ပစ္စည်းလေးတွေ ဆိုပေမယ့် သင့်ဘဝရဲ့ အမှတ်ရစရာ အကောင်းဆုံး အခမ်းနားဆုံး နေ့ရက် တစ်ခုအကြောင်းကို အပြည့်အစုံ ပြန်ပြောပြနိုင်တဲ့ ပုံလေးတွေပါ။ ဘာပုံလေးတွေ ဖြစ်မလဲ ခံစားကြည့်ပါဦးနော်။

မင်္ဂလာဖိတ်စာလေးနဲ့ ရင်ကပ်ပန်းလေး
အဓိကကတော့ မင်္ဂလာဖိတ်စာလေးကို မှတ်တမ်းတင်ထားတာပါ။ ရင်ကပ်ပန်းလေးကတော့ ဓာတ်ပုံလေး ပိုလှသွားအောင် ဖြည့်စွက်ထားတာပါ။ အဓိကကတော့ ဖိတ်စာလေးပါ။ ဖိတ်စာလေးကို ရိုက်တဲ့အခါ ဖိတ်စာထဲမှာပါသမျှ စာသားတွေ အကုန်ပါနေအောင် ရိုက်ဖို့လိုပါတယ်။ ဖိတ်စာလေးကို ပိတ်ထားတဲ့ ပုံစံလေးရော ဖွင့်ထားတဲ့ ပုံစံလေးရောပါဝင်အောင် ရိုက်ရပါမယ်။ ဖိတ်စာထဲမှာ မင်္ဂလာပွဲနေရာ လမ်းညွှန်မြေပုံလေး ပါတယ်ဆိုရင်လည်း ပေါ်လွင်အောင် ထည့်ဖို့ မမေ့ပါနဲ့နော်။

အဝင်ဝက လမ်းညွှန်ဆိုင်းပုဒ်လေး
မင်္ဂလာပွဲ ကျင်းပရာ နေရာကို လမ်းညွှန်ပေးထားတဲ့ Direction Board လေးပါ။ အများအားဖြင့်တော့ မင်္ဂလာခန်းမ အရှေ့မှာ ထားတတ်ကြပါတယ်။ သတို့သားနဲ့ သတို့သမီးရဲ့ စုံတွဲပုံနဲ့ လုပ်ထားတဲ့ Direction Board တွေရှိပေမယ့် လူပုံမပါဘဲ နာမည်တွေ၊ မင်္ဂလာနေ့ရက်အချိန်၊ နေရာတွေကို ရေးထိုးထားတဲ့ Direction Boardကိုလည်း အမှတ်တရ တစ်ခုအဖြစ် မှတ်တမ်းတင်ရပါမယ်။

ပွဲအခင်းအကျင်းပုံစံ
ဧည့်သည်တွေ ဘယ်သူမှ မရောက်သေးခင် အလှဆင် ခင်းကျင်းထားတဲ့ ပွဲအခင်းအကျင်း ပုံစံလေးကိုလည်း ဓာတ်ပုံလေး ရိုက်ထားပေးပါနော်။ ဒါလေးကလည်း မင်္ဂလာပွဲနေ့ရဲ့ လှပတဲ့ အမှတ်တရလေး တစ်ခုပါပဲ။

ပန်းအလှဆင်ထားတဲ့ ပုံစံ
မင်္ဂလာပွဲနေ့မှာ သတို့သမီးလေးနဲ့ အပြိုင် အလှပြိုင်မယ့် အရာတွေထဲ ပန်းအလှဆင်ထားတာလေးတွေလည်း ပါတယ်နော်။ မင်္ဂလာပွဲနေ့ရဲ့ ပန်းအလှဆင်ထားသမျှ နေရာတွေကို လူပုံတစ်ပုံမှ မပါစေဘဲ ဓာတ်ပုံရိုက်ထားသင့်ပါတယ်။

ပန်းကန်၊ လက်သုတ်ပုဝါနဲ့ Menu
မင်္ဂလာပွဲနေ့မှာ ဧည့်ခံကျွေးမွေးဖို့ ခင်းကျင်းထားတဲ့ ပန်းကန်တွေ၊ လက်သုတ်ပုဝါတွေ (ဟိုတယ်မှာ ဆောင်သူတွေဆို Menu ကဒ်လေးတွေပါ ပါပါတယ်) ကို စားအသောက်တွေ လာပြီးမချခင် အစောပိုင်းကတည်းက အခုပုံမှာ ပြထားသလို ဓာတ်ပုံရိုက်ပြီး မှတ်တမ်းတင်ထားရမယ်နော်။
Comments