Advertisement
Pre Wedding ရိုက်တော့မယ်ဆိုရင် ဒါတွေအရင်သိထားပါ

သတို့သားလောင်း၊ သတို့သမီးလောင်းလေးတို့ရေ Pre wedding ရိုက်တယ်ဆိုတာ အရမ်းတော့ မလွယ်လှပါဘူးနော်။ ပုံကောင်းကောင်းလေးတွေ ရဖို့၊ ရိုက်တဲ့အခါ အဆင်ပြေဖို့ အစရှိသလို စီစဉ်ပူပန်ရတာတွေ အများကြီးပါပဲ။ ဒီတော့ Pre wedding ရိုက်ဖို့ စတင်စီစဉ်တဲ့အခါမှာ သတိထားရမယ့် အချက်တွေ ရှိပါတယ်။ ဘယ်လိုအချက်တွေ ဖြစ်မလဲဆိုတာ ဖတ်ကြည့်ပါဦးနော်။

မိတ်ကပ်

သတို့သားလောင်း၊ သတို့သမီးလောင်းလေးတို့ရေ Pre wedding မှာ မိတ်ကပ်လှဖို့ လိုပါတယ်နော်။ မိတ်ကပ်မလှဘူးဆိုရင် ဓါတ်ပုံတွေ ပြန်ကြည့်တိုင်း စိတ်ညစ်ရမှာ အမှန်ပါပဲနော်။ ဒီတော့ ဝတ်စုံနဲ့ လိုက်ဖက်တဲ့ အပြင်အဆင် ဖြစ်ဖို့လိုသလို လှဖို့ အရမ်းအရေးကြီးပါတယ်။ Pre wedding အတွက် သူတို့ပြင်ပေးတဲ့ မိတ်ကပ်ဆရာကို မကြိုက်ဘူးဆိုရင် အပြင်က မိတ်ကပ်ဆရာ ခေါ်လို့ရမလား၊ နောက်ပြီး အဲဒီလို အပြင်က ခေါ်မယ်ဆိုရင်ရော ကုန်ကျစရိတ်ထဲက လျော့ပေးမလား၊ဘယ်လောက် လျှော့ပေးမလဲ ဆိုတာလည်း ကြိုတင်ပြီး မေးမြန်းဖို့ လိုပါတယ်နော်။

ကုန်ကျစရိတ်

သတို့သားလောင်း၊ သတို့သမီးလောင်းလေးတို့ရေ Pre wedding ရိုက်တဲ့အခါမှာ အဓိက စဉ်းစားရမယ့် အချက်က ကုန်ကျစရိတ်ပါပဲ။ ကုန်ကျစရိတ်ကို ဘယ်လောက်ပဲ ဖြစ်ဖြစ်လို့ သတ်မှတ်ထားတဲ့သူတွေအတွက်တော့ အဆင်ပြေပေမယ့် budget လို့ တွက်ထားတယ်ဆိုရင်တော့ ကုန်ကျစရိတ်ကို မဖြစ်မနေ ထည့်ပြီး စဉ်းစားဖို့လိုပါတယ်။ သတို့သားလောင်း၊ သတို့သမီးလောင်းလေးတို့အနေနဲ့ outdoor ထွက်ပြီး ရိုက်မယ်ဆိုရင် မှန်းထားတာထက် ပိုပြီးတော့ ကုန်ကျနိုင်တာကို သတိပြုရပါမယ်နော်။

ဝတ်စုံရွေးတဲ့အခါမှာ မှန်းထားတဲ့ ကုန်ကျစရိတ်အရ (၂) စုံ၊ တကယ်တမ်း ရွေးဖြစ်ထားတာက (၃) စုံဆိုရင် ကုန်ကျစရိတ်က ပိုပြီးများသွားမှာပါ။ ဝတ်စုံဖိုးလည်း ထပ်ပြီးပေးရမှာ ဖြစ်သလို ရိုက်ရမယ့်ရက်လည်း တိုးသွားနိုင်ပါတယ်။ ဒီလိုဆိုရင် အချိန်ပိုပေးရတာ၊ နေရာအတွက် ကုန်ကျစရိတ် ပိုပြီး ကုန်ကျတာ၊ Outdoor ဆိုရင် နေစရိတ် စားစရိတ်တွေကစပြီး ပိုကုန်ကျနိုင်ပါတယ်။ ဒီအချက်ကို သတိထားရမှာပါ။ မဟုတ်ရင် Outdoor pre wedding ခရီးစဉ်လေးက ပျော်စရာ မဖြစ်မှာ စိုးရိမ်ရပါတယ်။

Service ရွေးချယ်တဲ့အခါ

သတို့သားနဲ့ သတို့သမီးလောင်းလေးတို့ရေ Service ရွေးတဲ့အခါမှာ စိတ်ရှည်ပြီး အားမနာတမ်း ပေးရမှာပါနော်။ အားနာတာနဲ့ ဒါလေးပဲ ကောင်းမယ်ဆိုပြီး ချက်ချင်း အလုပ်အပ်၊ ချက်ချင်း စရံပေးတာမျိုး မလုပ်ပေးဘဲ တစ်ခု ပြီး တစ်ခု စုံစမ်းမေးမြန်းပါ။ နောက်ပိုင်း လုံးဝ သေချာပြီး ကြိုက်တယ်ဆိုမှသာ စရံပေးပါနော်။ လောပြီး မဆုံးဖြတ်မိစေဖို့ လိုပါတယ်။ Pre wedding အပြင် မင်္ဂလာပွဲနေ့မှာ ရိုက်မယ်ဆိုရင်လည်း ဆိုဒ်ကြီး ထုတ်ပေးမယ့်ပုံက ဘယ်လောက်လဲ၊ ဘာတွေ ထပ်ပေးရမလဲ။ retouch လုပ်ဖို့ကရော ဘယ်လောက် ထပ်ပေးရမလဲ စတာတွေ အကုန်လုံး မေးရပါမယ်။ မဟုတ်ရင် retouch မလုပ်ရသေးတာ၊ fb မှာ တင်လို့ရလောက်မယ့် ဆိုဒ်တွေ မပေးတာမျိုး ဖြစ်နိုင်ပါတယ်။ အတိ အကျ မေးပါနော်။

သတို့သားလောင်း၊ သတို့သမီးလောင်းလေးတို့ Pre wedding စရိုက်မယ်ဆိုတာနဲ့ ဒီအချက် (၃) ချက်ကို ဦးစားပေးပြီး စဉ်းစားရပါမယ်နော်။ ဒီ (၃) ချက် အဆင်ပြေမှ  ရိုက်ပါနော်။ 

Comments

0 comments