မန္တလေးမှာ Pre wedding ရိုက်မယ့်သူတွေအတွက် အမိုက်စားနေရာလေးများ

by: Phyo Pyae Thu
 0 comments  0 love

Marry က စုံတွဲလေးတို့ရေ Pre wedding ကို မန္တလေးမှာ ရိုက်မယ်ဆိုရင် အခု ပြောပြထားတဲ့ နေရာလေးတွေနဲ့ ပို့စ်လေးတွေ ရွေးချယ်လို့ ရတယ်နော်။

စုံတွဲလေးတို့ မင်္ဂလာပွဲလေး ကျင်းပတော့မယ်ဆိုရင် Pre wedding ရိုက်တာကလည်း စီစဉ်ကြတဲ့ အစီအစဉ်တွေထဲက တစ်ခုပဲလေနော်။ Pre wedding ရိုက်တဲ့အခါမှာလည်း နေရာသေချာ ရွေးဖို့ လိုတယ်မလား။ စုံတွဲလေးတို့ စိတ်ထဲမှာ အမှတ်တရ ရှိနေမယ့် နေရာ ဖြစ်ရင် ပိုပြီး အဆင်ပြေမှာပါ။ စုံတွဲလေးတို့ စိတ်ထဲမှာ ရိုက်ချင်တဲ့ နေရာက မန္တလေးနန်းတော် ဆိုရင်တော့ ဘယ်နေရာလေးတွေမှာ ရိုက်လို့ရမလဲဆိုတာ ပြောပြမယ်နော်။

နန်းတော်

နန်းတော်

နန်းတော်ထဲမှာတော့ ရိုက်စရာ နေရာတွေ များပါတယ်။ အနုပညာရှင် လင်းလင်းနဲ့ ချစ်သုဝေတို့ကတော့ မန္တလေး၊ အင်းဝ၊ ပုဂံနေရာတွေမှာ မြန်မာဆန်ဆန်လေးတွေ ရိုက်ကူးခဲ့ကြတာပါ။ စုံတွဲလေးတို့ အနေနဲ့လည်း နန်းတော်ထဲမှာ ရိုက်မယ်ဆိုရင် တကယ့်ကို ရှေးကျတဲ့ အပြင်အဆင်တွေနဲ့ ရိုက်ရမှာပါနော်။

ကျုံးရိုးရှေ့

မြန်မာဆန်ဆန် ထိုင်မသိမ်းဝတ်စုံ အရောင်ဖျော့လေးနဲ့ ခန့်ညားကြီးမားတဲ့ ကျုံးရိုးကြီးကတော့ တကယ့်ကို လိုက်ဖက်တဲ့ အပြင်အဆင်ပါ။ ခမ်းနားပြီး သမိုင်းဝင်လှတဲ့ ကျုံးမှာ အချစ်သက်သေ ထူလို့ ရပြီနော်။

နန်းတွင်းတစ်နေရာ

မန္တလေးရဲ့ နန်းတော်ကတော့ ဘယ်နေရာကြည့်ကြည့် အရမ်းလှတဲ့ နေရာတွေပဲမို့ စုံတွဲလေးတို့ ရိုက်ရတာ အဆင်ပြေမှာပါ။ နန်းတော်အောက်ဘက်ကို မြင်ရတဲ့ နေရာကနေ ရိုက်မယ်ဆိုရင် နောက်ဘက် ရှူခင်းတွေလည်း ပါဝင်မှာပါ။ Ro တဲ့ ပို့စ်လေးတွေ ရိုက်တာထက် တည်ငြိမ်ပြီး အေးချမ်းတဲ့ ပို့စ်တွေနဲ့ ပိုပြီး လိုက်ဖက်ပါတယ်။

နန်းဆောင်တွေ

စုံတွဲလေးတို့ရေ မန္တလေးရဲ့ နန်းဆောင်တစ်နေရာမှာလည်း ဒီလိုပို့စ်လေးတွေ ပေးလို့ရပါတယ်။ နန်းဆောင် များများ ပါချင်တယ်ဆိုရင်တော့ ဓါတ်ပုံဆရာကို ကြိုတင်ပြောပြထားဖို့ လိုပါတယ်နော်။

မန်းမြေမှ ချစ်တတ်သူတွေအားလုံး

ကိုယ်ချစ်ရတဲ့သူနဲ့ စိတ်ကူးအိပ်မက်ထဲကမင်္ဂလာပွဲကြီးအတိုင်း စီစဉ်ဖန်တီးနိုင်ဖို့ ရည်ရွယ်ပြီး “မန်းမြေမှ ချစ်သက်သေ” ဆိုတဲ့ Retro စတိုင်လ် Marry Wedding Day မန္တလေး ပွဲကြီးလာပါပြီ။

ဒီပွဲကြီးမှာ နိုင်ငံကျော်အနုပညာရှင်များစွာ တက်ရောက်မှာဖြစ်ပြီး မင်္ဂလာဆောင်တော့မယ့် သတို့သား သတို့သမီးလောင်းတွေအတွက်လည်း ဒီဇိုင်းနာ မျိုးမင်းစိုးရဲ့ ခမ်းနားဆန်းပြားသစ်လွင်တဲ့ မင်္ဂလာဝတ်စုံများကိုလဲ တစ်ဝကြီး မြင်တွေ့ခွင့်ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဘယ်မှာမှမရနိုင်တဲ့ မင်္ဂလာ Package တွေ ၊ မင်္ဂလာပွဲအတွက် လိုအပ်တဲ့အရာမှန်သမျှကို တစ်နေရာတည်းမှာ ဆိုင်ခန်းပေါင်း (၃၀) ကျော်က ၆၀% ဒစ်စကောင့်တွေနဲ့အတူ အကောင်းဆုံး အတန်ဆုံးသော အထူးလျှော့ဈေးတွေနဲ့ ရရှိနိုင်မှာဖြစ်ပါတယ်။

 ချစ်သူစုံတွဲတွေအားလုံးအတွက်လည်း

  • ထူးခြားထူးခြားနဲ့ ပျော်စရာကောင်းတဲ့ Couple Game အစီအစဉ်တွေ
  • ချစ်သူနဲ့အတူ အခမဲ့ Pre wedding ဓာတ်ပုံရိုက်ရမယ့် Bride to be အစီအစဉ်
  • ချစ်သူလေးကို Surprise လုပ်နိုင်ဖို့အတွက် Surprise Proposal အစီအစဉ်
  • သိန်း (၁၀၀) ကျော် ပေါက်မဲပေါင်းများစွာပါဝင်မယ့် Lucky Draw အစီအစဉ်နဲ့ လက်ဆောင်တွေမြောက်များစွာလည်း ပေးသွားဦးမှာပါ။

ဒီတော့ ကိုယ်ချစ်ရတဲ့မန္တလာမြေမှာ ကိုယ်ချစ်ရတဲ့သူနဲ့အတူ ချစ်သက်သေတည်နိုင်ဖို့ ချစ်သူ့လက်ကိုဆွဲပြီး ပွဲကြီးစီလှမ်းလာလိုက်ပါတော့ …

နေ့ရက် : သြဂုတ်လ ၂၄ နှင့် ၂၅
အချိန် : မနက် (၉) နာရီ မှ ည (၇) နာရီ
နေရာ : Mandalay Convention Centre (MCC) ၊ သိပ္ပံလမ်း ၊ ၆၉ နှင့် ၇၂ ၊ မန္တလေးမြို့။
ဝင်ကြေး : အခမဲ့

From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords