တစ်သက်မှာ တစ်ခါဆောင်ရတဲ့ မင်္ဂလာဆောင်ပွဲမတိုင်ခင်မှာ pre wedding ဓါတ်ပုံလှလှလေးတွေ ရိုက်လေ့ရှိကြတယ်မလား။ ပန်းခြံ၊ ရှေးဟောင်းသမိုင်းဝင်နေရာ၊ ရေပန်းတွေနေရာအနှံ့ စုံလင်အောင် ရိုက်ကြပါတယ်။ တချို့ကျတော့လည်း ချစ်သူနဲ့ အမှတ်တရ ရှိခဲ့တဲ့ နေရာလေးတွေဆီ ပြန်လည်သွားရောက်ပြီး Pre Wedding ရိုက်ကူးကြတာလည်း ရှိပါတယ်။ ရိုက်မယ့်နေရာပေါ်မူတည်ပြီး ပို့စ်ပေးရမယ့် ပုံစံလေးတွေ ကြိုတင်လေ့လာချင်တဲ့ စုံတွဲတွေ ရှိမှာပါ။ ပင်လယ်ကမ်းစပ်မှာ pre wedding ဓါတ်ပုံလှလှလေးတွေ ရိုက်မယ့် စုံတွဲတွေအတွက် Marry က Post လေးတွေ ကူညီ စဉ်းစားရွေးချယ်ပေးလိုက်ပါတယ်နော်။
Comments