ကိုယ့်ရဲ့ မင်္ဂလာဆောင်ဓါတ်ပုံ ရိုက်ကူးတဲ့အခါ မြင်နေကျပုံစံ၊ ရိုက်နေကျဆက်တင်မျိုးနဲ့ မဟုတ်ပဲ သူများနဲ့မတူ ကွဲထွက်ချင်ပါလား။ ဒါဆိုရင်တော့ အခုပြောပြမယ့် သစ်လွင်ပြီး ပျော်ဖို့ကောင်းတဲ့ ပစ္စည်း (10) မျိုး နဲ့ ရိုက်ထားတဲ့ အိုက်တင်များကို ပြောပြပေးမယ်နော်။
မင်္ဂလာဆောင်ဓါတ်ပုံတွေ ရိုက်ကူးတဲ့အခါ အခမ်းအနားကြီးတွေနဲ့အဆောင်အယောင်တွေ ပြည့်စုံနေဖို့ အဓိက မကျပါဘူးနော်။ အဓိက တသက်တာ အမှတ်တရဖြစ်ဖို့၊ ပြီးတော့ ဒီလိုရိုက်ကူးနေတဲ့အချိန်အတွင်း တကယ့်ကို ပျော်ရွှင်စရာကောင်းပြီး အသက်ဝင်လှပတဲ့ ပုံမျိုးတွေ ရရှိနိုင်ဖို့ အဓိက ကျပါတယ်။ ဒါတွေအတွက် ဘာတွေ လိုအပ်မလဲ။ ကိုယ်တိုင်လုပ်ထားတဲ့ ပစ္စည်းလေးတွေ လိုအပ်ချင်လိုအပ်မယ်။ လက်ထဲမှာ ကိုင်ထားစရာ ပစ္စည်းလေးပဲ ဖြစ်ဖြစ် လိုအပ်ရင်လိုအပ်မယ်။ လက်ထဲမှာ ကိုင်ထားစရာ ပစ္စည်းလေးတွေနဲ့ ရိုက်တဲ့အခါကျတော့ သိပ်ရှက်နေတော့မှာမဟုတ်သလို အိုက်တင်မျိုးစုံ လုပ်ဖို့အတွက်လည်း အကြံကောင်းတွေ ရနိုင်ပါတယ်။ ဒါကြောင့် ဘယ်လိုပစ္စည်းလေးတွေနဲ့အတူ ကိုယ့်ရဲ့ မင်္ဂလာဆောင်ဓါတ်ပုံလေးတွေကို ပုံဖော်ထားလဲ ဆိုတာ ကြည့်ရအောင်။
မိုးပျံပူဖောင်း
မင်္ဂလာဆောင်ဓါတ်ပုံရိုက်ကူးမှုတွေမှာ သုံးဖို့ မိုးပျံပူဖောင်းကို အရမ်းလူကြိုက်များပါတယ်။ ကားလေးတွေအပြည့်တင်ပြီး အရောင်စုံပူဖောင်းလေးတွေနဲ့ ရိုက်လည်း မိုက်တယ်။ အခုကတော့ အဖြူရောင် မိုးပျံပူဖောင်းတစ်လုံးထဲနဲ့ မင်္ဂလာဆောင်ဓါတ်ပုံကို အရှင်းလင်းဆုံး၊ အလှပဆုံး ရိုက်ကူးထားတာ ဖြစ်ပါတယ်။
စက်ဘီး
ဒီအတိုင်း ရိုးရိုးစက်ဘီးနဲ့ပဲ ဆိုရင်တော့ ဘယ်လှပါ့မလဲနော်။ ကိုယ့်ရဲ့ ရိုးရိုးစက်ဘီးကိုမှ ကောင်မလေးကိုင်စရာ ခြင်းထောင်းလေးနဲ့ ပန်းလေးတွေနဲ့ဆို ပိုလှပသွားတာပေါ့။
ရေခဲမုန့်
ရေခဲမုန့် အတူတကွစားနေတဲ့ ပုံလေးကတော့ တကယ့်ကို ချစ်စရာကောင်းတဲ့ အမူအရာအိုက်တင်လေးပါ။ ကိုယ့်ရဲ့မျက်နှာပေါ်မှာ အလန်းဆုံး ချစ်စရာအကောင်းဆုံး အပြုံးလေးတွေ ဖြစ်ပေါ်လာဖို့အတွက် ပထမဆုံးနေ့တုန်းကအကြောင်းလေးတွေ ပြန်စဉ်းစားကြည့်ရအောင်။
ပန်းလေးတွေ ချိတ်ဆွဲထားတဲ့ ပုလင်းလေး
ဖန်ပုလင်းလေးတွေထဲမှာ ပန်းလေးတွေထည့်ပြီး ချိတ်ဆွဲထားပြီး ဓါတ်ပုံရိုက်မယ်ဆိုလည်း တကယ့်ကို ရင်ခုန်စရာ နဲ့ လှပတယ်နော်။ တကယ်လို့ ပန်းလေးတွေနေရာမှာ နှစ်ဦးသားဓါတ်ပုံလေးတွေ ထည့်ထားမယ်ဆိုရင်လည်း ဘယ်လောက်ပိုမိုက်သွားမလဲနော်။
ရှေးဟောင်းကင်မရာ
တစ်ဦးက ပန်းစည်းလေးကိုင်ပြီး တစ်ဦးက ကင်မရာအရှေ့ဘက်ကို ကိုင်ထားတဲ့ အိုက်တင်လေးပါ။ ဒီလိုပုံစံလေးက သူများတွေနဲ့ ကွဲထွက်နေပြီး အသစ်အဆန်းလေးလည်း ဖြစ်တယ်လေ။ တကယ်လို့ ကိုယ်က ရုပ်ရှင်ကိုအရူးအမူး ဝါသနာပါပြီး ရှေးဟောင်းပစ္စည်းလေးတွေ စုဆောင်းတတ်သူဖြစ်ရင် ပစ္စည်းရှာရတာ ပိုတောင် အဆင်ပြေသေးတယ်နော်။
ပူဖောင်း
ပြောပါတယ်။ ပူဖောင်းက မင်္ဂလာဆောင်ဓါတ်ပုံတွေထဲမှာ အဓိကဇာတ်ကောင်ပါဆို။ ဓါတ်ပုံရိုက်ကူးတဲ့အခါ ဆပ်ပြာပူဖောင်းလေးတွေကို နှစ်ယောက်အတူတူ မှုတ်နေပြီး ပူဖောင်းလေးတွေ အများကြီး လွှင့်ပျံနေတဲ့အခိုက် အမိအရ ပုံဖော်လို့ရပါတယ်။ ဆပ်ပြာပူဖောင်းလေးတွေဆိုတာလည်း အလွယ်တကူ ဝယ်လို့ရတယ်လေ။
မင်းရဲ့ခွေးကလေး
အိုကေ ဒီတစ်ခါ ကိုယ့်ရဲ့ချစ်ဖို့ကောင်းတဲ့ ခွေးကလေးအလှည့်ပါ။ ခွေးကလေးနဲ့အတူ မင်္ဂလာဆောင်ဓါတ်ပုံ ရိုက်ကူးထားတာလည်း တကယ့်ကို မိုက်ပါတယ်။ ကင်မရာရှေ့မှာ သဘာဝပုံစံအတိုင်းနေပြီး ခွေးလေးနဲ့အတူ အိုက်တင်ပေးလို့ရပါတယ်။
ဓါတ်ပုံသီတန်းထားတဲ့ကြိုးလေး
ချိန်းတွေ့တုန်း ရိုက်ထားတဲ့ ပုံလေးတွေ၊ ခရီးသွားတုန်းက ရိုက်ခဲ့တဲ့ ပုံလေးတွေ အမှတ်တရ ပုံလေးတွေကို သစ်ပင် နဲ့ တပင်ကြားမှာ သီတန်းပြီး ချိတ်ဆွဲထားပါ။ အလယ်က ဖဲပြားတို့ ၊ ပန်းပွင့် တို့၊ သစ်သားပြားလေးတွေပေါ်မှာ နာမည်လေးတွေ ရေးထားပါ။
အကြိုက်ဆုံးကာတွန်းဇာတ်ကောင်များ
နှစ်ဦးသား ကြိုက်နှစ်သက်တဲ့ ကာတွန်းဇာတ်ကောင်များနဲ့အတူ မင်္ဂလာဆောင်ဓါတ်ပုံများ ရိုက်ကူးလို့ပါတယ်။ အကြိုက်ဆုံး ဇာတ်ကောင်ကို စတေကာထုတ်၊ ကတ်ထူပြားပေါ်မှာ ကပ်ပြီး ဖန်တီးလို့ရပါတယ်။
စာအုပ်များ
တကယ်လို့ ကိုယ်တွေဟာ စာအုပ်စာပေဖတ်ရတာ နှစ်သက်တဲ့သူမျိုးဆိုရင် ဘာလို့ မင်္ဂလာဆောင်ဓါတ်ပုံတွေကို စာအုပ်တွေနဲ့ တူတူ ရိုက်လို့မရရမှာလဲ၊စာအုပ်အဖုံး လှလှလေးတွေနဲ့အတူ အမိုက်စား အိုက်တင်လေးတွေ လုပ်လို့ရတယ်။ ကာလာအရောင်လေးတွေ ပြည်စုံနေဖို့တွက်လည်း ကြိုးစားသင့်ပါတယ်။
Credits: Feature image from Retro 1950s Engagement Session Styled Shoot at Universal Studios Singapore by AndroidsinBoots
Source : Singaporebride
Comments