Advertisement

စုံတွဲလေးတို့ရေ Pre wedding ရိုက်တော့မယ်ဆိုရင် စိတ်အနှောင့်အယှက် ဖြစ်စရာတွေ မကြုံရအောင် အခုပြောပြတဲ့အချက်လေးတွေ  လုပ်ဆောင်ထားဖို့ လိုတယ်နော်။

စုံတွဲလေးတို့ရေ Pre wedding ရိုက်ဖို့ စိတ်ကူးနေပြီလား။ Pre wedding ရိုက်မယ်ဆိုရင် ရွေးစရာ (၂) မျိုး ရှိပါတယ်။ Outdoor လား၊ Indoor လားပေါ့။ Outdoor ဆိုရင်လည်း သယ်ရမှာတွေ ရှိသလို Indoor မှာလည်း ယူရမှာတွေ ရှိပါတယ်။ Pre Wedding အတွက် သေချာပြင်ဆင်ဖို့ဆိုရင် ယူသွားရမှာတွေ သိထားသင့်တယ်နော်။

အဆာပြေစားဖို့

စုံတွဲလေးတို့ ဝတ်စုံကြီးတွေနဲ့ အစားအသောက် ဝယ်ဖို့၊ သီးသန့်စားဖို့ ဘယ်အဆင်ပြေပါ့မလဲနော်။ ဒီတော့ အဆာပြေစားဖို့ မုန့်နည်းနည်း၊ စားစရာ နည်းနည်းပြင်ဆင်သွားပါ။ ယူသွားပါ။ အလေးကြီးဖြစ်အောင်တော့ မစီစဉ်ထားဖို့ လိုပါတယ်။ outdoor ဆိုရင် ပစ္စည်းသယ်ရတာနဲ့တင် စိတ်ညစ်နေရနိုင်ပါတယ်။

အားကိုးရမယ့်သူ

Pre wedding ရိုက်တဲ့အခါ Outdoor ဆိုရင် အားကိုးရမယ့် အဖော်တစ်ယောက်လောက် ရှိတာ အကောင်းဆုံးပါနော်။ ကိုယ့်ကို သေးသေးမွှားမွှားလေးတွေ လိုက်ကူညီပေးမယ့်သူပေါ့။ အားကိုးရမယ့်သူ ပါပါစေနော်။

အားကိုးရမယ့်သူ

အားကိုးရမယ့်သူ

ရှေ့ကွဲအင်္ကျီ

စုံတွဲလေးတို့ Pre wedding ရိုက်မယ့်နေ့မှာ ဝတ်သွားမယ့် အဝတ်အစားက ရှေ့ကွဲအင်္ကျီဖြစ်လေ ကောင်းလေပါနော်။ ရှေ့ကွဲအင်္ကျီဖြစ်မှ အဝတ်အစား ချွတ်ရ၊ လဲရတာပိုပြီး အဆင်ပြေမှာပါ။ ချည်သားပါးပါးလေး ဝတ်လာမယ်ဆိုရင်တော့ ပူအိုက်တာ ကင်းမှာပါ။

အဓိကပစ္စည်း

ဖိနပ်အပါးလေး တစ်ရံနဲ့ ဒေါက်ဖိနပ် တစ်ရံ အပိုယူသွားပါ။ Outdoor ဆိုရင် ဒေါက်အကြာကြီး စီးတဲ့အခါ ခြေထောက်နာတွေ ဖြစ်တတ်လို့ အပါးလေး တစ်ရံလောက် ဆောင်ပါ။ တစ်ခါတလေ စတူဒီယိုမှာ ကိုယ့်ခြေထောက်နဲ့ အဆင်မပြေတာမျိုး ဒီဇိုင်းမကြိုက်တာမျိုး အစရှိသလို ဖြစ်တတ်တာမို့ လိုလိုမယ်မယ် ကိုယ့်ဆီက ဒေါက်ဖိနပ် တစ်ရံ ဆောင်သွားပါနော်။

တန်ဖိုးကြီးတာ ထားခဲ့ပါ

တန်ဖိုးကြီးတာ ထားခဲ့ပါ

တန်ဖိုးကြီးတာ ထားခဲ့ပါ

အကယ်လို့ သတို့သမီးလေးတွေက လက်ဝတ်လက်စား များများ ဝတ်ချင်တယ်ဆိုရင်လည်း Fancy လေးတွေပဲ သယ်သွားပါနော်။ ကိုယ့်ရဲ့ တန်ဖိုးကြီး လက်ဝတ်လက်စားတွေကို ချွတ်ထားခဲ့ဖို့ လုံးဝ(လုံးဝ) မမေ့ပါနဲ့နော်။ နောက်ပြီး သေချာသိမ်းရမယ့် အရေးကြီးပစ္စည်းတွေလည်း မသယ်သွားပါနဲ့နော်။

စုံတွဲလေးတို့ရေ Pre wedding ရိုက်တော့မယ်ဆိုရင် စိတ်အနှောင့်အယှက် ဖြစ်စရာတွေ မကြုံရအောင် အခုပြောပြတဲ့အချက်လေးတွေ  လုပ်ဆောင်ထားဖို့ လိုတယ်နော်။

 

 

Comments

0 comments