Advertisement

Pre wedding ရိုက်ဖို့အတွက် သတို့သားလေးတို့ ပြင်ဆင်ထားရမှာတွေ သိပြီးပြီဆိုတော့ Pre wedding ရိုက်တဲ့အခါမှာ သတို့သားတို့အဆင်ပြေမှာပါ။

မင်္ဂလာပွဲ စီစဉ်နေတဲ့ စုံတွဲလေးတို့လေးတို့ရေ မင်္ဂလာပွဲစီစဉ်နေတဲ့အချိန်မှာ Pre wedding ရိုက်တဲ့ကဏ္ဍလည်း ပါဝင်တယ်မလား၊ Pre wedding ရိုက်တဲ့အခါမှာ သတို့သမီးလေးတို့က အစအဆုံး အားတက်သရော ပြင်ဆင်ကြပေမယ့် သတို့သားလေး တော်တော်များများကတော့ ရိုက်ဖို့ ကြိုက်လေ့ မရှိပါဘူး။ ဒါပေမယ့်လည်း Pre wedding က နှစ်ယောက်ရိုက်ရတာမလို့ သတို့သားဘက်က ပြင်ဆင်ရမှာတွေလည်း ရှိပါတယ်။

ဆံပင်ပုံစံ

သတို့သားလေးတို့ရေ Pre wedding ရိုက်မယ်ဆိုရင် ဆံပင်ပုံစံကို သတိထားပြီး သေချာ ပြင်ဆင်ထားဖို့ လိုပါတယ်နော်။ သတို့သားလေးတို့က သတို့သမီးလေးတို့လို ဆံပင်တုတွေနဲ့ ပြင်ဆင်လို့ မရဘူးလေနော်။ ဒီတော့ ရိုက်ခါနီးမှာ ညှပ်ချလိုက်တာ၊ ရိုက်မယ့်နေ့မှာ ဆံပင်ကို သေချာ မပြင်ဆင်သွားတာတွေက ဓါတ်ပုံတွေထဲမှာ မလှတာမျိုး ပုံမကျတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆံပင်ကို ဂရုစိုက်ပါ။

ဆံပင်ပုံစံ (photo: community.praisewedding.com)

မျက်နှာနဲ့ အသားအရေ

သတို့သားလေး တော်တော်များများက မျက်နှာနဲ့ အသားအရေကို ဂရုစိုက်လေ့ မရှိကြပါဘူး။ တကယ်တော့ သတို့သားလေးတို့လည်း ဂရုစိုက်ဖို့ လိုပါတယ်နော်။ မျက်နှာကို သေချာ ဂရုစိုက်မှ Pre wedding ပုံတွေထဲမှာ သတို့သမီိးလေးနဲ့ လိုက်ဖက်ညီအောင် လှပနေမှာပါ။

Accessories (photo: Adzposting.com)

Accessories

Studio မှာ သတို့သမီးလေးတွေအတွက် Accessories တွေ များပေမယ့် သတို့သားလေးတွေအတွက်တော့ နည်းပါတယ်။ ဒါမှမဟုတ် ကိုယ်နဲ့ အဆင်ပြေတာ အများကြီး ရှိချင်မှ ရှိနေမှာပါ။ ဒါကြောင့် ကိုယ်သုံးချင်တဲ့ Accessories လေးတွေ သေချာအောင် ထည့်သွားပါ။ ခါးပတ်၊ နာရီ၊ နက်ခ်တိုင်လိုမျိုးပေါ့။

ဖိနပ်

ဒီအချက်ကတော့ အရေးကြီးပါတယ်။ စုံတွဲလေးတို့ ဝတ်မယ့် ဝတ်စုံကိုရွေးခဲ့ပြီးပြီဆိုရင် သတို့သားအတွက် ဖိနပ်ပါ တခါတည်း ရွေးချယ်ပါ။ အဲဒီရက်မှာ ဖိနပ် အဆင်မပြေတာတွေ မဖြစ်ရလေအောင် ဝတ်စုံနဲ့ လိုက်ဖက်မယ့် ဖိနပ်တရံ ရွေးချယ်ပြီး ယူသွားပါ။

Pose (photo: OneThreeOneFour)

Pose

သတို့သားလေးတို့ရေ Pre wedding ဆိုတာ နှစ်ယောက်ဘဝ အစရဲ့ အမှတ်တရပဲမို့ ရွှင်လန်းတက်ကြွနေဖို့ လိုပါတယ်။ Pose ပေးတဲ့အခါ တက်ကြွနေဖို့ လိုသလို သတို့သမီးလေးနဲ့အတူ ပို့စ်ပေးတာတွေ လေ့လာပြီး လေ့ကျင့်ပါ။

Pre wedding ရိုက်ဖို့အတွက် သတို့သားလေးတို့ ပြင်ဆင်ထားရမှာတွေ သိပြီးပြီဆိုတော့ Pre wedding ရိုက်တဲ့အခါမှာ သတို့သားတို့အဆင်ပြေမှာပါ။

Comments

0 comments