မင်္ဂလာပွဲနေ့မှာ ဓါတ်ပုံကောင်းကောင်းရဖို့ သတိထားရမှာတွေ

by: Phyo Pyae Thu
 0 comments  0 love

ပုံကောင်းကောင်း ရဖို့ဆိုရင်လည်း မင်္ဂလာပွဲနေ့မှာ ဂရုစိုက်ရမှာတွေ ရှိပြန်ပါတယ်။ အဓိကကတော့ ဓါတ်ပုံဆရာနဲ့ အဆင်ပြေဖို့၊ ဓါတ်ပုံဆရာကို ကူညီပေးဖို့ပေါ့

မင်္ဂလာပွဲနေ့ကြီးမှာ ရိုက်တဲ့ ဓါတ်ပုံတွေဟာ နှစ်ခါပြန်မရနိုင်တဲ့ အခိုက်အတန့် အမှတ်တရတွေမို့ ဓါတ်ပုံကောင်းကောင်း ရဖို့ လိုပါတယ်။ ပြန်ကြည့်တိုင်းမှာ အဲဒီတုန်းက အပျော်တွေ ပြန်ရဖို့ပေါ့။ ပုံကောင်းကောင်း ရဖို့ဆိုရင်လည်း မင်္ဂလာပွဲနေ့မှာ ဂရုစိုက်ရမှာတွေ ရှိပြန်ပါတယ်။ အဓိကကတော့ ဓါတ်ပုံဆရာနဲ့ အဆင်ပြေဖို့၊ ဓါတ်ပုံဆရာကို ကူညီပေးဖို့ပေါ့။

ဘယ်လိုပုံတွေ ရချင်လဲ

ဘယ်လိုပုံတွေ ရချင်လဲ

စုံတွဲလေးတို့ရေ မင်္ဂလာပွဲနေ့မှာ ဓါတ်ပုံကောင်းကောင်းရဖို့ဆိုရင် ဘယ်လိုပုံတွေ ရချင်လဲဆိုတာ ကြိုတင်ကြည့်ထားဖို့ လိုပါတယ်။ စီနီယာတွေရဲ့ ပွဲကြီးနေ့မှာ ရိုက်ထားတဲ့ ပုံတွေ၊ ပို့စ်တွေကို လေ့လာထားပြီး ဖုန်းထဲမှာ Save ထားပါ။ ပွဲကြီးနေ့ ရိုက်မယ့် ဓါတ်ပုံဆရာကို အဲဒီလိုပုံတွေ မပါမဖြစ် လိုချင်ကြောင်း ပြထားပါ။ အဲဒီပုံတွေအပြင် ဓါတ်ပုံဆရာ ရိုက်ပေးမယ့်ပုံတွေနဲ့ဆိုတော့ ပိုပြီး အမှတ်တရ များတာပေါ့။

ဓါတ်ပုံဆရာနဲ့ အချိတ်အဆက်မိနေပါစေ

သတို့သား၊ သတို့သမီးလေးတို့က မင်္ဂလာပွဲနေ့မှာ ဓါတ်ပုံဆရာနဲ့ အချိတ်အဆက်မိနေဖို့ လိုပါတယ်။ ဓါတ်ပုံဆရာက ချိန်လိုက်တာနဲ့ ကိုယ်က ပို့စ်ပေးပြီးသား ဖြစ်နေပါစေနော်။ ပွဲကြီးနေ့က ဧည့်ခံရင်း ရိုက်ရတာမလား။ ဒီတော့ အချိန်တိုအတွင်း ပုံကောင်းကောင်း ရဖို့ လိုတယ်လေ။ ဓါတ်ပုံဆရာကို ခဏခဏလေး လှမ်းကြည့်ဖို့နဲ့ ဓါတ်ပုံရိုက်နေမှာပဲ ဆိုတာမျိုးလေး တွေးထားနော်။

ဓါတ်ပုံဆရာကို ကူညီပါ

မင်္ဂလာပွဲနေ့မှာ ပုံကောင်းကောင်းရချင်တယ်ဆိုရင် ဓါတ်ပုံဆရာကို အကူအညီပေးဖို့ လိုပါတယ်။ မနှောင့်ယှက်မိဖို့ လိုပါတယ်နော်။ ဓါတ်ပုံဆရာ ရှေ့ကနေ ကွယ်ရပ်နေတာ၊ ရိုက်မယ်ဆိုတိုင်း လူလိုက်စုရတာ၊ ဟိုလူ့ကို စောင့်ပေးဦး၊ ဒီလူ့ကို စောင့်ပေးဦးနဲ့ မလုပ်ပါနဲ့နော်။ ဓါတ်ပုံဆရာ မရိုက်ခင် ဖုန်းတွေနဲ့ အရင်ရိုက်ပြီး ဖုန်းကင်မရာတွေကိုပဲ ဦးစားပေးကြည့်နေတာမျိုး မလုပ်ပါနဲ့။ ဘယ်သူတွေ ဘယ်လိုရိုက်ရိုက် ဓါတ်ပုံဆရာရဲ့ ကင်မရာကိုသာ ဦးစားပေးပြီး ကြည့်ပါ။ ကျန်တဲ့မိသားစုဝင်တွေကိုလည်း မှာထားပါနော်။

ပြုံးပါ

ဒီတချက်က တော်တော်လေး အရေးကြီးပါတယ်။ အလှဆုံးသတို့သမီးတစ်ဦးဖြစ်ဖို့ဆိုတာ အပျော်ဆုံး သတို့သမီးဖြစ်နေဖို့ပဲ လိုတာပါ။ မင်္ဂလာပွဲနေ့မှာ ဖြစ်တတ်တဲ့ အသေးအမွှား စိတ်ပူစရာတွေကိုပဲ တချိန်လုံး တွေးမထားပါနဲ့နော်။ ကိုယ့်ရဲ့မင်္ဂလာပွဲနေ့မှာ များများသာ ပြုံးပါ။ မိသားစုဝင်တွေကိုလည်း ပြုံးဖို့ ကိုယ်ကပဲ သတိပေးပါ။ ဒါမှ မင်္ဂလာပွဲနေ့ ပုံတွေမှာ လှနိုင်မှာပါ။

မင်္ဂလာပွဲနေ့ ဓါတ်ပုံတွေ ပြန်ကြည့်တိုင်း ကိုယ်လိုချင်တဲ့ပုံတွေပဲ ဖြစ်ချင်တယ်ဆိုရင်တော့ Marry က ပြောထားတာတွေ မမေ့နဲ့နော်။

စိတ်ကူးထဲက မင်္ဂလာပွဲလေးဖြစ်မြောက်ဖို့ သတို့သား သတို့သမီးလောင်းတို့ ကိုယ်တိုင်အပင်ပန်းခံ စီစဉ်စရာလုံးဝမလိုအောင် Marry Wedding Planner ရဲ့ပြီးပြည့်စုံလွန်းတဲ့ Wedding Package (၃) မျိုး နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကြောင့် အခုပဲ Marry ရဲ့ဖုန်း : 09 694 496 926 ကိုဆက်သွယ်ပြီး အကောင်းဆုံး Wedding Package တွေကို ရယူလိုက်တော့နော်။
From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords