Advertisement

စိတ်တိုင်းကျတဲ့ ဓါတ်ပုံတစ်ပုံရရှိလာဖို့ဆိုတာ အဘက်ဘက်က ပံ့ပိုးမှုတွေ လိုအပ်ပါတယ်။ စုံတွဲလေးတို့အနေနဲ့ ရှောင်ရန် ဆောင်ရန်တွေ အကုန်လုံးသိထားဖို့ လိုတယ်နော်။

 Pre wedding ဆိုတာ အမှတ်တရတွေ အများကြီး ရှိနေတဲ့ ဓါတ်ပုံတွေပဲလေနော်။ စုံတွဲလေးတို့ အပြုံးလေးတွေနဲ့ အလှဆုံး ဖြစ်နေမယ့် အချိန်လေးတွေပေါ့။ ဓါတ်ပုံတွေ ပြန်ကြည့်တိုင်း စိတ်ထဲမှာ ကြည်နူးပြီး မြင်သူအားကျတဲ့ Pre wedding ပုံလေးဖြစ်ဖို့နဲ့ ကိုယ်မကြိုက်တဲ့ပုံတွေ ဖြစ်မလာဖို့ ဘာတွေ လုပ်ဆောင်ရမလဲဆိုတာ ဖတ်ကြည့်ပါဦးနော်။

(၁) ဝတ်စုံ

စုံတွဲလေးတို့ရေ Pre wedding ရိုက်တဲ့အခါမှာ စိတ်ရှုပ်ရလောက်အောင်ကို ရွေးရတာကတော့ ဝတ်စုံပဲမလားနော်။ ဝတ်စုံကိုလည်း စိတ်တိုင်းကျ ရွေးချယ်ပါ။ မဟုတ်ရင် ဓါတ်ပုံရလာမှ ဒါလေးမရွေးဘဲ ဟိုဟာလေး ရွေးလိုက်ရင် ကောင်းသားလို့ စိတ်ထဲ မတင်မကျ ဖြစ်နေတတ်ပါတယ်။ ဝတ်စုံအစမ်းဝတ်ပြီးရင် ဖုန်းလေးနဲ့ အရင်ရိုက်ကြည့်ပါ။ တကယ်ပဲ ပုံထဲမှာရော အပြင်မှာရော အဆင်ပြေပြီဆိုမှ ဝတ်စုံကို ရွေးချယ်ပါ။

ဝတ်စုံ

ဝတ်စုံ

(၂) စိတ်ကြည်တဲ့နေ့မှာ Pre wedding ရိုက်ပါ

Pre wedding ပုံလေးတွေ လှနေဖို့ဆိုတာ ဓါတ်ပုံဆရာပေါ်မှာ မူတည်သလို ကိုယ့်ပေါ်မှာလည်း အများကြီး မူတည်ပါတယ်။Pre wedding ရိုက်တဲ့နေ့မှာ စိတ်ကြည်နေဖို့ အရမ်းကို အရေးကြီးပါတယ်။ စိတ်ထဲက ပြုံးပျော်နေမှသာ ပုံတွေလှမှာပါ။

(၃) ဓါတ်ပုံဆရာ ခိုင်းတဲ့အတိုင်းလုပ်ပါ

စုံတွဲလေးတို့ရေ Pre wedding ရိုက်တဲ့နေ့မှာ ဓါတ်ပုံဆရာက ပြေးဆိုပြေး၊ ထိုင်ဆိုထိုင်လုပ်ဖို့ လိုပါတယ်။ ပြောစကား နားထောင်ပါနော်။ ဒါမှ ဓါတ်ပုံဆရာလည်း စိတ်ရှည်လက်ရှည်ရိုက်ပေးနိုင်မှာဖြစ်ပြီး ပုံလှလှလေးတွေ ရလာမှာပါ။

ခိုင်းတဲ့အတိုင်းလုပ်ပါ

ခိုင်းတဲ့အတိုင်းလုပ်ပါ

(၄) မိတ်ကပ်

မရိုက်ခင်မှာ ဓါတ်ပုံဆရာနဲ့ တွေ့ဆုံပါ

မရိုက်ခင်မှာ ဓါတ်ပုံဆရာနဲ့ တွေ့ဆုံပါ

Pre Wedding ကို ကိုယ်ကြိုက်တဲ့ပုံလေးတွေ ကိုယ့်စိတ်တိုင်းကျ ဖြစ်ဖို့ဆိုတာ မိတ်ကပ်လှဖို့လည်း လိုပါတယ်။ ပုံလေးတွေကတော့ လှပါရဲ့ မိတ်ကပ်က ထူနေလို့၊ ဖြူနေလို့ အစရှိသလို မကြိုက်တာတွေလည်း ဖြစ်နိုင်တယ်လေနော်။ ဒီတော့ စိတ်ကြိုက်ပုံတစ်ပုံ ရဖို့ဆိုတာ မိတ်ကပ်နဲ့လည်း သက်ဆိုင်ပါတယ်။

(၅) မရိုက်ခင်မှာ ဓါတ်ပုံဆရာနဲ့ တွေ့ဆုံပါ

စုံတွဲလေးတို့ရေ Pre wedding ရိုက်ဖို့ ဝတ်စုံသွားရွေးကတည်းက  ဓါတ်ပုံဆရာနဲ့ပါတိုင်ပင်ပါ။ အရောင်၊ ပို့စ်တွေရောပေ့ါ။ နောက်တစ်ခုက စုံတွဲလေးတို့ လိုချင်တဲ့ Pre wedding ပုံတွေ ပြပါ။ ဥပမာ ပုံ(၅၀) လောက် ရိုက်မယ်ဆိုရင် စုံတွဲလေးတို့ မဖြစ်မနေ ရိုက်ချင်တဲ့ ပုံတွေကို ပြပါ။ ပုံ(၅၀) ထဲမှာ ဒီလိုပို့စ်တွေတော့ လိုချင်တယ်၊ ဒါမျိုးလေးတွေ ပါအောင် ရိုက်ပေးဖို့ ကြိုတင်ပြောခဲ့ပါ။ ဒါမှ ပုံတွေရရင် စိတ်တိုင်းကျမှာပါ။ခုနောက်ပိုင်းမှာ ဓါတ်ပုံတွေကို retouch ပြန်လုပ်ပေးကြပါတယ်။ စုံတွဲလေးတို့ ဘယ်လိုပုံစံလေးတွေ လိုချင်တယ်ဆိုတာ ပြောပြဖို့ လိုပါတယ်။

စုံတွဲလေးတို့ရေ စိတ်တိုင်းကျတဲ့ ဓါတ်ပုံတစ်ပုံရရှိလာဖို့ဆိုတာ အဘက်ဘက်က ပံ့ပိုးမှုတွေ လိုအပ်ပါတယ်။ စုံတွဲလေးတို့အနေနဲ့ ရှောင်ရန် ဆောင်ရန်တွေ အကုန်လုံးသိထားဖို့ လိုတယ်နော်။

Comments

0 comments