စုံတွဲလေးတို့ နယ်မှာ Pre wedding သွားရိုက်မယ်ဆိုရင်

by: Phyo Pyae Thu
 0 comments  0 love

စုံတွဲလေးတို့ရေ နယ်မှာ Pre wedding ရိုက်မယ်ဆိုရင် Marry ပြောပြထားတဲ့အချက်လေးတွေ သိထားပေးနော်။ ဒါမှ သတို့သားရော သတို့သမီးလေးပါ အဆင်ပြေမှာပါ။

စုံတွဲလေးတို့ Pre wedding ရိုက်တဲ့အခါမှာ နေရာ ရွေးကြတယ်မလား၊ စုံတွဲလေးတို့ Pre wedding ကို ကိုယ့်မြို့မှာ မဟုတ်ဘဲ တခြားနယ်တွေဆီ ခရီးထွက်ပြီး Pre wedding ရိုက်မယ်ဆိုရင် သိထားသင့်တာလေးတွေ ရှိပါတယ်နော်။ တခြားမြို့မှာ အဆင်ပြေဖို့အတွက် ကြိုတင်ပြင်ဆင်ရမှာပဲလေနော်။ ဘယ်လိုအချက်တွေ ပြင်ဆင်ရမလဲဆိုတာ ပြောပြပေးလိုက်ပါတယ်။

နေရာတွေကိုအရင်လေ့လာပါ

စုံတွဲလေးတို့ရေ နယ်မှာ Pre wedding ရိုက်မယ်ဆိုရင် ကိုယ်ရိုက်မယ့်နေရာမှာ ဘယ်နေရာတွေက ဘယ်လိုရှူခင်းတွေ ရှိလဲဆိုတာ အရင်ဆုံး လေ့လာပါ။ နေရာတွေကို အသေးစိတ် သိမှ အဆင်ပြေနိုင်ပါမယ်နော်။ ပုဂံဆိုရင်လည်း ဘယ်ဘုရားကနေ  ရိုက်ရင် နေဝင်ချိန် နေထွက်ချိန် ပိုလှတယ်ဆိုတာမျိုးပေါ့။ ပြီးတော့ နေရာရိုက်ကူးရေးအတွက် ဝန်ဆောင်ခတွေ ပေးရလား၊ မပေးရမယ့် နေရာက ဘယ်နေရာတွေလဲဆိုတာ သေချာလေး စုံစမ်းပါ။

နေရာတွေကိုအရင်လေ့လာပါ (photo:Acapella Photography)

ပို့စ်တွေ လေ့ကျင့်ပါ

ပို့စ်လေးတွေ ကြိုတင်လေ့ကျင့်သွားပါ။ ပို့စ်ပေးတာတွေ မလှတာ၊ စိတ်တိုင်းမကျတာတွေကြောင့် ခဏခဏ ပြန်ရိုက်ရတာတွေ ဖြစ်မယ်ဆိုရင် ရက်ပိုကြာနိုင်ပြီး ပိုပင်ပန်းနိုင်ပါတယ်။ ဒါကြောင့် ပို့စ်လေးတွေ လေ့ကျင့်ပါ။ ကိုယ်သွားရိုက်မယ့် နေရာမှာ ရိုက်ထားဖူးတဲ့ ပုံလေးတွေကို ကြည့်ပါ။

ခရီးသွားမယ့်စရိတ်

စုံတွဲလေးတို့ရေ ခရီးသွားမယ့်စရိတ်ကိုလည်း ထည့်တွက်ရမှာပါ။ Outdoor ထွက်ရိုက်တာက ကုန်ကျစရိတ် များသလို နယ်အထိ ခရီးထွက်ပြီး ရိုက်တာကလည်း ကုန်ကျစရိတ် ပိုများစေပါတယ်။ ခရီးစရိတ်က စုံတွဲလေးတို့ နှစ်ယောက်စာတင် မဟုတ်ဘဲ ရှူတင်တစ်ခုစာ ကုန်ကျမှာပါ။ Package နဲ့ဆိုရင်လည်း ဒီစရိတ်တွေ ထည့်တွက်ထားမှာမို့ ကုန်ကျစရိတ် များနိုင်ပါတယ်နော်။ နေထိုင်တည်းခိုစရိတ်နဲ့ စားစရိတ်တွေကိုလည်း ထည့်တွက်ရမှာပါ။

ပို့စ်တွေ လေ့ကျင့်ပါ (photo:Acapella Photography)

ကြိုတင်ညှိပါ

စုံတွဲလေးတို့ရေ နယ်မှာ ရိုက်မှာဖြစ်တဲ့အတွက် Accessories လေးတွေကအစ ကြိုတင်ပြင်ဆင်သွားဖို့ လိုပါတယ်။ ကြိုတင်ပြင်ဆင်တဲ့အခါမှာလည်း စုံတွဲလေးတို့အနေနဲ့ ဓါတ်ပုံရိုက်ကူးရေးနဲ့ ကြိုညှိသွားပေးဖို့ လိုပါတယ်။ ဝတ်စုံဆိုရင်လည်း ဟိုရောက်မှ  ပြန်လဲလို့ မရတာမို့ သေချာလေး ရွေးချယ်ပါ။ အလိုအပို မရှိအောင်ကို ဆောင်ရွက်ရမှာပါ။ မိတ်ကပ်နဲ့ ဆံပင်လည်း သေချာပြင်ဆင်ရပါမယ်နော်။

ဆင်ခြင်ရမယ့်အချက်များ

နေပူတဲ့အချိန်မှာ Outdoor ရိုက်တယ်ဆိုရင်တော့ ချွေးဒီးဒီးကျနိုင်ပါတယ်။ တစ်ရှူးတွေ၊ ရေဗူးဆောင်သွားပါ။ စားစရာတစ်ခုခုစားထားပါ။ ရေအများကြီးသောက်တာကြောင့် Toilet ခဏခဏ သွားချင်တာမျိုးဖြစ်နိုင်ပါတယ်။ ဒီလိုဆိုရင် ဝတ်စုံကြီးနဲ့ အတော်လေး အဆင်မပြေဖြစ်နိုင်ပါတယ်။ Sunscreen လေးတွေ ထည့်သွားပါ။ နောက်ပြီး ကိုယ့်ရဲ့ မိတ်ကပ်အလှပြင်ပစ္စည်းလေးတွေလည်း သယ်သွားပါ။ မိတ်ကပ်ဆရာ တစ်ခုခု မေ့ခဲ့တယ်ဆိုရင် အဆင်ပြေနိုင်အောင်ပါ။

သတို့သားလေးတွေအတွက်

သတို့သားလေး တော်တော်များများက Outdoor ဆိုရင် စိတ်မရှည်တာတွေ ဖြစ်တတ်ပါတယ်။သတို့သားလေးအနေနဲ့လည်း သတို့သမီးလေးရဲ့ အိမ်မက်စိတ်ကူးတွေကို အတူတူ ပါဝင်ဖန်တီးပေးတာဖြစ်တာကြောင့် သတို့သမီးလေး pose ပေးခိုင်းတဲ့အခါ စိတ်ရှည်ရှည်လေး လိုက်လုပ်ပေးပါနော်။

စုံတွဲလေးတို့ရေ နယ်မှာ Pre wedding ရိုက်မယ်ဆိုရင် Marry ပြောပြထားတဲ့အချက်လေးတွေ သိထားပေးနော်။ ဒါမှ သတို့သားရော သတို့သမီးလေးပါ အဆင်ပြေမှာပါ။

From Marry with

Tag: advicebridephotography

Comments

0 comments
Latest video
Refer to more useful articles