
သတို့သမီးလေးတို့အနေနဲ့ ပျော်စရာလေးတွေ တွေးထားပြီး ဓါတ်ပုံရိုက်ပါ
Pre wedding ပဲဖြစ်ဖြစ် မင်္ဂလာဆောင်နေ့မှာပဲဖြစ်ဖြစ် ဓါတ်ပုံရိုက်တဲ့အခါမှာ သတို့သား၊ သတို့သမီးလေးတွေအနေနဲ့ ပို့စ်ပေးတတ်ဖို့ လိုပါတယ်။ ဒါမှလည်း ပုံတိုင်းလှနေမှာပါ။ မဟုတ်ရင် တောင့်တောင့်ကြီး ဖြစ်နေပြီး ဓါတ်ပုံတွေ စိတ်တိုင်းကျ မရနိုင်ပါဘူး။ တသက်မှာ တစ်မင်္ဂလာရဲ့ အမှတ်တရတွေက ဓါတ်ပုံတွေပဲမို့ အကောင်းဆုံး ဖြစ်နေသင့်ပါတယ်နော်။

Indoor ပဲ ရိုက်ရိုက်၊ Outdoor ပဲ ရိုက်ရိုက် ပြုံးပါ
မင်္ဂလာဓါတ်ပုံလေးတွေမှာ အသက်ဝင်နေစေဖို့
မင်္ဂလာဓါတ်ပုံတိုင်းမှာ သဘာဝဆန်ဆန်ဖြစ်ပြီး အသက်ဝင်စေဖို့ဆိုရင် Indoor ပဲ ရိုက်ရိုက်၊ Outdoor ပဲ ရိုက်ရိုက် ပြုံးပါ။ ပျော်ပျော်ရွှင်ရွှင်နေပါ။ ဓါတ်ပုံဆရာနဲ့ ကင်မရာကိုပဲ စိုက်ကြည့်မနေဘဲ ကိုယ့်လက်တွဲဖော်နဲ့ ပြုံးပြုံးရယ်ရယ်လေးနေပြီး ဓါတ်ပုံ အရိုက်ခံပါ။ ဓါတ်ပုံရိုက်နေတယ်လို့ စိတ်ကတွေးကြည့်ရုံနဲ့ကို စိတ်ပင်ပန်းပြီး မပျော်ရွှင်နိုင်တော့ပါဘူး။ ဒီလိုအချိန်မျိုးမှာ ဓါတ်ပုံကောင်းကောင်း မရနိုင်ပါဘူး။ ဓါတ်ပုံမရိုက်ခင်မှာ ဓါတ်ပုံဆရာနဲ့တွေ့ပြီး ဆွေးနွေးပါ။ ကိုယ်က ပို့စ်သိပ်မပေးတတ်ဘူး ဆိုလည်း ကြိုတင်ပြီး ဓါတ်ပုံဆရာကို ပြောပြထားပါ။ သတို့သမီးလေးတို့အနေနဲ့ ပျော်စရာလေးတွေ တွေးထားပြီး ဓါတ်ပုံရိုက်ပါ။
ကိုယ်နေဟန်ထား
ဓါတ်ပုံရိုက်တဲ့အခါမှာ သတို့သား၊ သတို့သမီးလေးတိုင်း ပြုံးပါဆိုမှ ဘယ်လိုပြုံးရမလဲ မသိတော့တာမျိုး ဖြစ်တတ်ပါတယ်။ ဒီတော့ ဘယ်လိုပဲ ပြုံးပြုံး အဆင်ပြေပါတယ်။ အဓိကက ပြုံးနေဖို့ ပျော်ရွှင်နေဖို့ပါပဲ။ ဓါတ်ပုံရိုက်တဲ့အခါမှာ လက်တွေ ဘယ်နားထားရမလဲမသိဖြစ်တာ၊ ခန္ဓာကိုယ် တောင့်တောင့်ကြီး ဖြစ်နေတာမျိုး ရှိတတ်ပါတယ်။ အတင်းအကျပ်ကြီး လက်တွေဆုပ်ထားတာ၊ လက်ကို အမြဲနောက်မှာထားတာမျိုး မလုပ်ပါနဲ့။ လက်ချောင်းလေးတွေကို ပျော့ပျော့ပျောင်းပျောင်းလေး ဖြစ်အောင် ထားပါ။ ခန္ဓာကိုယ်လည်း ပျော့ပျောင်းပါ။ မင်္ဂလာဓါတ်ပုံရိုက်တာဟာ အမှတ်တရမို့ အများကြီး ရှက်ကြောက်နေစရာ မလိုပါဘူးနော်။ ကိုယ့်ချစ်သူနဲ့ ပုံမှန်ဖုန်းနဲ့ ရိုက်သလိုမျိုးသာ ချွဲနွဲ့ပြီးချစ်ပြပါ။ ဒါဆိုရင်တော့ ပေါ့ပေါ့ပါးပါး ပျော့ပျော့ပျောင်းပျောင်းနဲ့ ဓါတ်ပုံလေးတွေ လှနေမှာပါနော်။ ကိုယ်နေဟန်ထားလေးတွေက သတို့သမီးလေးရဲ့ ခန္ဓာကိုယ် ကောက်ကြောင်းကို ပိုပြီးပေါ်အောင် ထားပါ။ ဒါဆိုရင် သိပ်ကို လှပတဲ့ ဓါတ်ပုံလေးတွေ ရရှိမှာပါ။

သတို့သားလေးတို့ရေ ဒီမင်္ဂလာဓါတ်ပုံလေးတွေက တသက်တာ အမှတ်တရတွေပဲမို့ စိတ်ရှည်ပါနော်
သတို့သားအတွက်
သတို့သား တော်တော်များများက ဓါတ်ပုံရိုက်ဖို့ သတို့သမီးလေးလောက် စိတ်မဝင်စားပါဘူး။ တကယ်တော့ လူတွေရှေ့မှာ ပို့စ်မပေးတတ်တာပေါ့။ outdoor ရိုက်ဖို့ နေရာရွေးတာက လူအများကြီး ဝိုင်းကြည့်တဲ့နေရာ၊ ပူအိုက်လွန်းတဲ့နေရာတွေမှာဆို စိတ်မရှည်ဘဲ ပို့စ်ပေးဖို့ ပိုရှက်လာတတ်ပါတယ်။ ဒါပေမယ့် သတို့သားလေးတို့ရေ ဒီမင်္ဂလာဓါတ်ပုံလေးတွေက တသက်တာ အမှတ်တရတွေပဲမို့ စိတ်ရှည်ပါနော်။
Comments