Pre wedding outdoor ရိုက်ကူးမယ့် စုံတွဲလေးတွေအတွက် မင်းခန့်ကျော်(Excellent King)ရဲ့ အကြံပေးစကား

by: Phyo Pyae Thu
 0 comments  0 love

Pre wedding ဓါတ်ပုံလှလှလေးတွေ ရဖို့အတွက် ကြိုတင်ပြင်ဆင်ထားဖို့နဲ့ ဓါတ်ပုံဆရာကို ယုံကြည်ထားဖို့ လိုပါတယ်နော်

ရိုက်ကူးမှုများပြုလုပ်နေစဉ်

သတို့သား၊ သတို့သမီးလေးတို့အနေနဲ့ Pre wedding ဓါတ်ပုံကောင်းကောင်းလေးတွေ ရိုက်ချင်ကြတယ်မလား၊ ခုနောက်ပိုင်းမှာလည်း Pre wedding ကို အများနဲ့မတူအောင် ဆန်းသစ်တီထွင်ပြီး ရိုက်ကူးကြတာလေးတွေတောင် ရှိလာပါပြီနော်။ Outdoor ဖြစ်ဖြစ် Indoor ဖြစ်ဖြစ် Pre wedding ရိုက်မယ့် သတို့သား၊ သတို့သမီးလေးတို့ အဆင်ပြေဖို့အတွက် ဓါတ်ပုံဆရာ မင်းခန့်ကျော် (Excellence) ကလည်း အကြံပေးစကား ပြောပေးထားပါသေးတယ်။

Pre wedding ဓါတ်ပုံလှလှလေးတွေရဖို့ ဘာတွေပြင်ဆင်ထားရမလဲ

သတို့သားလောင်း၊ သတို့သမီးလောင်းလေးတို့အနေနဲ့ Pre wedding လှလှလေးရဖို့ ဘယ်လိုပုံစံလေးတွေ ရိုက်ချင်တယ်ဆိုတာကို ကြိုပြီး လေ့လာထားဖို့ လိုပါတယ်။ ကြိုက်တဲ့ပို့စ်လေးတွေ၊ ရိုက်ချင်တဲ့ ပုံလေးတွေ ကြိုရှာထားရင် ပိုကောင်းပါတယ်။ နည်းနည်းကြည့်ပြီး များများ လေ့ကျင့်ထားဖို့ လိုပါတယ်နော်။ အိမ်မှာနေရင်း ပို့စ်ပေးကြည့်ပါ။ ဒါမှ ရိုက်ကူးတဲ့အခါ လွယ်ကူပြီး အချိန်မြန်မှာ ဖြစ်တဲ့အပြင် စုံတွဲလေးတို့ လိုချင်တဲ့ပုံစံလေး ရရှိမှာဖြစ်ပါတယ်။

ဓါတ်ပုံကောင်းကောင်း ရရှိဖို့အတွက်ဆိုရင်ဓါတ်ပုံ ဆရာပေါ်မှာ ယုံကြည်မှု ထားပေးဖို့ လိုပါတယ်

ဘာတွေလိုအပ်မလဲ

သတို့သား၊ သတို့သမီးလေးတို့ရေ ဓါတ်ပုံကောင်းကောင်း ရရှိဖို့အတွက်ဆိုရင်ဓါတ်ပုံ ဆရာပေါ်မှာ ယုံကြည်မှု ထားပေးဖို့ လိုပါတယ်။ ဒါကလည်း အဓိက ကျတဲ့ အချက်တွေထဲက တစ်ချက်ပါပဲ။ သတို့သား၊ သတို့သမီးလေးတို့ ဘယ်နေရာပဲ ရိုက်ရိုက် ဓါတ်ပုံဆရာကို ယုံကြည်ထားမယ်ဆိုရင်တော့ ပုံထွက်လေးတွေ လှလာမှာ သေချာတယ်လို့လည်း ပြောထားပါသေးတယ်။

မင်းခန့်ကျော်( (Excellent King)

ကုန်ကျစရိတ်နည်းနည်းနဲ့ Pre Wedding ရနိုင်ဖို့ဆိုရင်

သတို့သား၊ သတို့သမီးလေးတို့ Pre wedding ရိုက်တဲ့အခါမှာ ကုန်ကျစရိတ် နည်းချင်တယ်ဆိုရင်လည်း ကိုယ့်ပတ်ဝန်းကျင်မှာတင် photo charges ပေးစရာ မလိုတဲ့ နေရာလေးတွေ ရှာထားပြီး ရိုက်မယ်ဆိုရင် အဆင်ပြေနိုင်တယ်လို့ ဓါတ်ပုံဆရာ မင်းခန့်ကျော်မှ ပြောပြထားပါသေးတယ်။

သတို့သား၊ သတို့သမီးလေးတို့ရေ Pre wedding ဓါတ်ပုံလှလှလေးတွေ ရဖို့အတွက် ကြိုတင်ပြင်ဆင်ထားဖို့နဲ့ ဓါတ်ပုံဆရာကို ယုံကြည်ထားဖို့ လိုပါတယ်နော်။ 

From Marry with


Comments

0 comments
Latest video