Pre Wedding ပုံလှလှလေးတွေရဖို့ အရေးကြီးတဲ့အချက်တွေ

by: Phyo Pyae Thu
 0 comments  0 love

သတို့သား သတို့သမီးလေးတို့ Pre Wedding ရိုက်တဲ့အခါမှာ မလှတာတွေ မဖြစ်ရလေအောင် ဘာတွေ သတိထားရမယ်ဆိုတာ ပြောပြပေးလိုက်ပါတယ်နော်။

မင်္ဂလာပွဲတစ်ပွဲ ကျင်းပဖို့ ပြင်ဆင်ကြတဲ့ ကိစ္စများမြောင်ထဲမှာ Pre Wedding ရိုက်တာလည်း ပါပါတယ်။ Pre wedding မှာ ရိုက်တဲ့ပုံလေးတွေက ကိုယ့်ဘဝရဲ့ အမှတ်တရတွေထဲက တစ်ခု ဖြစ်တာကြောင့် အကောင်းဆုံးနဲ့ အလှပဆုံး ဖြစ်နေဖို့ အရမ်း အရေးကြီးပါတယ်။ Pre Wedding ရိုက်ဖို့ service ပေးတဲ့လုပ်ငန်းတွေလည်း အများကြီး ရှိတာမို့ စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။ Pre Wedding  ပုံလေးတွေကို မင်္ဂလာပွဲနေ့တွေမှာလည်း stand လေးတွေနဲ့ ထားသေးတာဆိုတော့ ပုံလှလှဖြစ်ဖို့ အရေးကြီးပါတယ်။ ဒီတော့ Pre Wedding ရိုက်တဲ့အခါမှာ မလှတာတွေ မဖြစ်ရလေအောင် ဘာတွေ သတိထားရမယ်ဆိုတာ ပြောပြပေးလိုက်ပါတယ်နော်။

Indoor ရိုက်မလား outdoor ရိုက်မလားဆိုတာ အရင်ဆုံး စဉ်းစားပါ (photo: thelouvrebridal.com)

ဘယ်မှာရိုက်မလဲ

Pre wedding ရိုက်တဲ့အခါမှာ Indoor ရိုက်မလား၊ outdoor ရိုက်မလားဆိုတာ အရင်ဆုံး စဉ်းစားပါ။ နှစ်ခုလုံး ရိုက်မယ်ဆိုရင်လည်း outdoorကို ကိုယ့်မြို့မှာပဲ ရိုက်မှာလား၊ တခြားနယ်မှာ ရိုက်မှာလားဆိုတာ စဉ်းစားဖို့ လိုပါသေးတယ်။ စနစ်တကျ စီစဉ်ထားမှသာ အဆင်ပြေမှာပါ။

ဝတ်စုံတွေ စမ်းဝတ်ကြည့်ပါ  (photo: thelouvrebridal.com)

ဘယ်သူနဲ့ ရိုက်မလဲ

Pre Wedding ရိုက်တဲ့အခါမှာ ဘယ်ဓါတ်ပုံဆရာနဲ့ ရိုက်မလဲဆိုတာ အရမ်းအရေးကြီးပါတယ်။ Pre Wedding သီးသန့်ရိုက်ပေးတဲ့ ဆိုင်တွေဆီမှာ အပ်မယ်ဆိုရင်လည်း အဲဒီဆိုင်နဲ့ ပတ်သက်ပြီး အသေးစိတ် လက်လှမ်းမီသလောက် စုံစမ်းပါ။ Facebook ပေါ်မှာ သူတို့ရိုက်ပေးတဲ့ ပုံတွေ၊ review တွေ အကုန်လုံး စုံစမ်းပါ။ ကြိုက်တဲ့ပုံလေးတွေ တွေ့ရင်လည်း သိမ်းထားပြီး သူတို့ကို ပြောပြပါ။ စိတ်ရှည်ပြီး သဘောကောင်းတဲ့ ဓါတ်ပုံဆရာ ဟုတ်မဟုတ်လည်း စုံစမ်းပါနော်။

မိတ်ကပ်လိမ်းတဲ့အခါမှာလည်း မင်္ဂလာပွဲနေ့လို သဘောထားပြီး လိမ်းဖို့ လိုပါတယ် (Photo: Bridal)

ဝတ်စုံရွေးမယ်ဆိုရင်

Pre Wedding ရိုက်တဲ့အခါမှာ ဓါတ်ပုံဆရာပြီးရင် နောက်ထပ်အရေးအကြီးဆုံးက ဝတ်စုံပါ။ ဝတ်စုံရွေးတဲ့အခါမှာ မင်္ဂလာပွဲနေ့မှာ ဝတ်မယ့် ဒီဇိုင်းနဲ့ အရောင် မတူညီကို ရွေးရင် အကောင်းဆုံးပါ။ ပွဲနေ့မှာ ဂါဝန်ဝတ်မယ်ဆိုရင် Pre Wedding ရိုက်တဲ့အခါမှာ ထိုင်မသိမ်းနဲ့ ရိုက်တာမျိုး အစရှိသလို မတူအောင် စီစဉ်ပါ။ ဒါမှ ပွဲနေ့မှာ Pre wedding က ပုံတွေကို stand လေးနဲ့ ထောင်တဲ့အခါ မတူညီဘဲ အရမ်းလှပနေမှာပါ။ ဧည့်သည်တွေက နှစ်မျိုးမြင်ရမှာပေါ့နော်။ ဝတ်စုံတွေကို ဘယ်လောက်များများ စမ်းဝတ်လို့ ရမလဲဆိုတာလည်း မေးပါ။ အရောင်လေး ကြိုက်လို့၊ ဒီဇိုင်းလေးကြိုက်လို့ ဆိုတာထက် ကိုယ်နဲ့ အလိုက်ဖက်ဆုံး၊ သက်တောင့်သက်တာ အရှိဆုံးကို ရွေးရင် ပိုကောင်းပါတယ်။  ဒါမှ ဓါတ်ပုံရိုက်တဲ့အခါ လွတ်လပ်ပေါ့ပါးပြီး ပျော်ပျော်ရွှင်ရွှင် ကြည်နူးစရာ ပုံလေးတွေ ရမှာပါ။

Outdoor မှာ ရိုက်မယ်ဆိုရင်

Pre Wedding ကို Outdoor မှာ ရိုက်မယ်ဆိုရင် ဝတ်စုံကြီး မပြီး လမ်းလျှောက်ရတော့မှာပါ။ ဒီအခါ ခြေထောက်တွေ မနာဖို့ လိုပါတယ်။ ဒါမှ အလှဆုံး ပြုံးနိုင်မှာပါ။ ဒီတော့ ဖိနပ် မပေါက်အောင် ကြိုတင် စီးထားတာမျိုး၊ ဂါဝန်က ခြေထောက်ထိ အုပ်တယ်ဆိုရင် ဖိနပ်အပါးလေး စီးတာမျိုး လုပ်ပါ။ သက်တောင့်သက်သာ ရှိမှ ပုံလှလှလေး ရမှာပါ။ ကိုယ်လိုချင်တဲ့ ပုံစံလေးတွေ ကြိုရှာထားတာ ဒါမှမဟုတ် pose လေးတွေ လေ့ကျင့်ထားရင်လည်း အဆင်ပြေပါတယ်။

မိတ်ကပ်

Pre wedding မှာလည်း မိတ်ကပ်လိမ်းရမှာပါ။ သတို့သားလေးရော နည်းနည်းလိမ်းဖို့တော့ လိုပါတယ်နော်။ မိတ်ကပ်လိမ်းတဲ့အခါမှာလည်း မင်္ဂလာပွဲနေ့လို သဘောထားပြီး လိမ်းဖို့ လိုပါတယ်။ ဒါမှ ဓါတ်ပုံထဲမှာ မျက်နှာမှာပဲ ကွက်ပြီးဖြူနေတာ၊ အနီးကပ်အလှပုံလေးတွေ ရိုက်တဲ့အခါမှာ မိတ်ကပ်သားမညီလို့ မလှတာတွေ မဖြစ်နေဖို့ အရမ်းကြီးပါတယ်။

သတို့သား၊ သတို့သမီးလေးတို့ရေ အပေါ်မှာ ပြောပြတဲ့အချက်လေးတွေကို သေချာလိုက်နာမယ်ဆိုရင်တော့ Pre wedding ပုံလေးတွေ မလှမှာ စိတ်မပူနဲ့တော့နော်။

From Marry with


Comments

0 comments
Latest video
Community
Latest wedding promotions
Keywords