အကောင်းဆုံးဓာတ်ပုံတွေရဖို့ ဓာတ်ပုံဆရာကို ဘယ်လိုရွေးမလဲ

by: Nway Nway Aung
 0 comments  0 love

မင်္ဂလာအချိန်အခါလေးကို မှတ်တမ်းတင်တဲ့ အချိန်မျိုးနဲ့ Pre – Wedding ဓာတ်ပုံလေးတွေအတွက် ရိုက်ကူးပေးမယ့် ပညာရှင်ရဲ့ အခန်းကဏ္ဍက အရေးအပါဆုံးပါပဲ

 

အကောင်းဆုံး ဓာတ်ပုံတွေရဖို့ ဓာတ်ပုံဆရာကို ဘယ်လိုရွေးမလဲ (photo – Pinterest)

ဓာတ်ပုံလေးတွေ အလှဆုံး အကောင်းဆုံးဖြစ်နေဖို့ဆိုတာ ရိုက်ကူးပေးမယ့် ဓာတ်ပုံဆရာအပေါ် အများကြီးမူတည်ပါတယ်။ အထူးသဖြင့် နှစ်ခါ ပြန်မရနိုင်တဲ့ ကိုယ့်ရဲ့ မင်္ဂလာ အချိန်အခါလေးကို မှတ်တမ်းတင်တဲ့ အချိန်မျိုးနဲ့ Pre – Wedding ဓာတ်ပုံလေးတွေအတွက် ရိုက်ကူးပေးမယ့် ပညာရှင်ရဲ့ အခန်းကဏ္ဍက အရေးအပါဆုံးပါပဲ။ မင်္ဂလာ ဓာတ်ပုံလေးတွေ အကောင်းဆုံး ဖြစ်နေအောင်လို့ ဓာတ်ပုံပညာရှင်ကို ရွေးချယ်တဲ့ အခါ Marry အခုပြောပြမယ့် အချက်လေးတွေကို သတိရပေးပါနော်။

သူ့ရဲ့ ရိုက်ကူးမှုလက်ရာတွေ အကြောင်း သိရဲ့လား

သူ့ရဲ့ ရိုက်ကူးမှုလက်ရာတွေ အကြောင်း သိရဲ့လား (Photo – wedding -photographer)

ဓာတ်ပုံဆရာတွေက တစ်ယောက်နဲ့ ဖန်တီးမှုလက်ရာတွေ မတူကြပါဘူး။ ဖန်တီးမှုလက်ရာ မတူဘူးဆိုတာ ပေးရတဲ့ ငွေပမာဏနဲ့လည်း တိုက်ရိုက်သက်ဆိုင်မှု မရှိပါဘူး။ တချို့ဓာတ်ပုံဆရာတွေက Indoor ထဲမှာ ရိုက်တာ အရမ်းကောင်းပါတယ်။ တချို့တွေကတော့ Out door ထွက်ရိုက်တာကောင်းပါတယ်။ တချို့တွေကတော့ Creation ဆန်းဆန်းလေးတွေနဲ့ ဖန်တီးပြီးရိုက်တတ်ပါတယ်။ ဒီတော့ ကိုယ်က ဓာတ်ပုံဆရာကို မရွေးချယ်ခင်မှာ သူ့ရဲ့ ရိုက်ကူးမှု လက်ရာတွေကို သိဖို့ အရေးကြီးပါတယ်။

ဝန်ဆောင်မှုတွေ အကြောင်း သိရဲ့လား

ဝန်ဆောင်မှုတွေ အကြောင်း သိရဲ့လား (Photo – desertwedding)

ကိုယ်လိုချင်တဲ့ ဖန်တီးမှု လက်ရာတွေကို ပုံဖော်ဖန်တီးပေးနိုင်လိမ့်မယ်လို့ ယူဆရတဲ့ ဓာတ်ပုံဆရာမျိုးကို ရှာတွေ့ပြီးဆိုရင် သတို့သမီးလေးတို့ အနေနဲ့ ဆက်လက်ပြီး သိထားရမှာကတော့ အဲ့ဓာတ်ပုံ ဆရာ(သို့) ဓာတ်ပုံ စတူဒီယိုက ပေးတဲ့ ဝန်ဆောင်မှုတွေ အကြောင်းပါ။ ရိုက်ကူးရေး စမလုပ်ခင် အဲ့ဒိအကြောင်းတွေကို ရှင်းရှင်းလင်းလင်း သေသေချာချာ အသေးစိတ် သိထားဖို့ လိုအပ်ပါတယ်။

ဆိုလိုတာကတော့ ဝန်ဆောင်မှုတွေမှာ ဝတ်စုံဘယ်နှစုံ လဲလှယ်ရိုက်ကူးခွင့် ၊ နေရာ ဘယ်နှနေရာ ပြောင်းရွှေ့ရိုက်ကူးခွင့် အပါအဝင် ဓာတ်ပုံ ဘယ်နှပုံရမှာလဲ ဆိုတာမျိုးတွေ ကို အသေးစိတ် သိထားဖို့ လိုအပ်သလို ။ ကိုယ့်ဘက်ကနေလည်း ဓာတ်ပုံရိုက်ခူးခ အပြင် ဘာတွေကိုထပ်ဆောင်းပေးဖို့ လိုဦးမလဲ ဆိုတာမျိုးလည်း သိထားဖို့ လိုအပ်ပါတယ်။ (ဥပမာ – အကျွေးအမွေး၊ အကြိုအပို့ စသည်)။

From Marry with


Comments

0 comments
Latest video
Refer to more useful articles