Advertisement

ဒီပုံတွေကိုပဲ ကြည့်လေ အတိတ်က အရမ်းချစ်ခဲ့ကြတဲ့ ချစ်သူ တွေလို့မထင်ဘူးလား

အရင်ခေတ်ရဲ့ ဓါတ်ပုံပုံစံအနေအထားမျိုးနဲ့ မိတ်ကပ်ဆံပင်အပြင်အဆင်၊ ပန်းကစလို့ အရင်ခေတ်လို သေချာပြင်ဆင်ပြီးမှ ရိုက်ထားတဲ့ ရွှေမောင်နှံရဲ့  မင်္ဂလာပုံရိပ်လေးတွေ ဖြစ်ပါတယ်နော်။ ဒီပုံရိပ်လေးတွေကို ဓါတ်ပုံနေမင်းထွန်း (Amazing Grace) ကရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။

ဒီပုံရိပ်လေးတွေနဲ့ ပတ်သက်ပြီး ဓါတ်ပုံဆရာနေမင်းထွန်းက အခုလိုကိုယ်ပိုင်အမြင်ကို ဝေမျှပေးထားပါတယ်

ဒီပုံ တွေ သေချာကြည့် အရမ်းတူတယ်နော်
ရွေထူးနဲ့ ရွှေမူံရတီ သူတို့နှစ်ယောက်မှ သူတို့နှစ်ယောက်ဘဲ အချိန်အနည်းငယ်အတွင်း အရမ်းချစ်သွားကြတာ တချို့ ပရိတ်သတ်တွေ လက်မခံကြဘူး တကယ်ရောဟုတ်ရဲ့လားဆိုတဲ့အတွေးပေါင်းများစွာတွေနဲ့အမုန်းဖွဲ့ဆိုကြတယ်။ ကိုနေတော့ သူတို့နှစ်ယောက်ကိုကြည့်ပီး အတွေးဝင်လာတယ်။ သေချာကြည့် ရုပ်လဲတူတယ် ဖူးစာလို့ဘဲ ထင်တယ်။ ဒီပုံကိုဘဲ ကြည့်လေ အတိတ်က အရမ်းချစ်ခဲ့ကြတဲ့ ချစ်သူ တွေလို့မထင်ဘူးလား။
မြင်မြင်ချင်းဘဲ ချစ်ချစ် ၁၀နှစ်ကြာမှဘဲ ချစ်ချစ် တကယ်တော့ တကယ်ချစ်ရင် အချစ်ဆိုတဲ့အရာဟာ အချိန်ကာလတွေနဲ့ မဆိုင်ပါဘူး။ ဒါကြောင့် ချစ်တတ်တဲ့ နှလုံးသားနဲ့ ကြည့်ရင် ချစ်သွားလိမ့်မယ်

Photo : Nay Min Tun (Amazing Grace)

Comments

0 comments