Advertisement

မင်္ဂလာစုံတွဲလေးတို့ မင်္ဂလာဆောင်နေ့အတွက် ဓါတ်ပုံစတူဒီယိုရွေးချယ်တော့မယ်ဆိုရင် Marry က ပြောပြထားတဲ့အချက်လေးတွေ ဖတ်ကြည့်ပေးနော်။

မင်္ဂလာပွဲနေ့အတွက် ဓါတ်ပုံတွေကလည်း အရေးကြီးပါတယ်။ တသက်တာမှာမှ ဒီတရက်လေးပဲ ကျင်းပခွင့်ရတာလေ။ ကိုယ်နှစ်နဲ့ချီပြီး၊ လနဲ့ချီပြီး စီစဉ်ခဲ့တာတွေကလည်း ဒီရက်မှာမှ အကောင်အထည်ပေါ်လာမှာလေနော်။ ဒီလို အချိန်အခိုက်အတန့်လေးကို သေချာ မှတ်တမ်းတင်ထားနိုင်ဖို့ လိုပါတယ်။ ဓါတ်ပုံတွေက လှလည်း လှရမယ်၊ ကိုယ့်စိတ်ကြိုက် ပုံလေးတွေ ရဖို့ဆိုရင် ဓါတ်ပုံစတူဒီယို ရွေးတဲ့အခါ သတိထား ရွေးချယ်ဖို့ လိုပါတယ်နော်။ ဘယ်အချက်တွေ သတိထားရမလဲဆိုတာ ပြောပြပေးမယ်နော်။

Review

ခုနောက်ပိုင်းမှာ review တွေက တကယ့်ကို အသုံးဝင်ပါတယ်နော်။ Honest review ဖြစ်ဖို့တော့ အရမ်းအရေးကြီးပါတယ်။ ဓါတ်ပုံစတူဒီယိုတွေ တော်တော်များများကို စုံစမ်းဖို့ လိုပါတယ်။ ဈေးနှုန်းအပြင် စိတ်ရှည်ရဲ့လား၊ ပို့စ်တွေ သင်ပေးတာရော အဆင်ပြေလားဆိုတာမျိုး ကြိုပြီး စုံစမ်းပါ။

joffoto

အချိန်

သတို့သား၊ သတို့သမီးလေးတို့ ဓါတ်ပုံစတူဒီယို ရွေးတဲ့အခါမှာ အချိန်သေချာလေး ညှိနှိုင်းဆွေးနွေးဖို့ လိုပါတယ်။ ဓါတ်ပုံစတူဒီယို တော်တော်များများက မင်္ဂလာပွဲထွက် မတိုင်ခင် ကြိုရောက်ပြီး အလှဓါတ်ပုံ သီးသန့် ရိုက်ပေးတာမျိုး ရှိပြီး ပွဲပြီးရင်တော့ ရိုက်ပေးတာမျိုး နည်းပါတယ်။ ဒါကြောင့် စုံတွဲလေးတို့ အချိန်ကို ကြိုညှိဖို့ လိုပါတယ်။ မင်္ဂလာပွဲကို အချိန် (၂) နာရီလောက် ကြိုရောက်ပေးမယ့် စတူဒီယိုကို ရွေးပါ။ စုံတွဲလေးတို့လည်း ပွဲမစခင် ဓါတ်ပုံရိုက်ချိန်ရအောင် ပြင်ဆင်ထားပေးပါနော်။

Package ယူမလား (photo: Bonusprint)

ပုံရဖို့ စောင့်ရမယ့်အချိန်

စုံတွဲလေးတို့ ဓါတ်ပုံအတွက် စတူဒီယို ရွေးချယ်တဲ့အခါမှာ ရလာမယ့် ပုံတွေအကြောင်းလည်း ဆွေးနွေးရမှာ ဖြစ်ပါတယ်နော်။ စတူဒီယိုကနေ ပုံတွေ ရဖို့ ဘယ်လောက်စောင့်ရမလဲ၊ ပုံတွေ သေချာရွေးဖို့ ဘယ်လောက် စောင့်ရမလဲ၊ ပုံကြီး ချဲ့မယ်ဆိုရင်ရော ဘယ်လောက်ကြာမလဲ၊ ပုံ ဘယ်နှစ်ပုံ ရမလဲဆိုတာတွေပါ ကြိုမေးပါ။ အားလုံး အဆင်ပြေမယ့် စတူဒီယိုကို ရွေးချယ်ပါ။

Package ယူမလား

စုံတွဲလေးတို့ရေ မင်္ဂလာပွဲနေ့အတွက် ဓါတ်ပုံစတူဒီယိုတွေမှာလည်း Package ယူလို့ ရပါတယ်။ Packageတွေထဲမှာလည်း ပုံဆိုဒ်နဲ့ ရမယ့်ပုံတွေကို တစ်ခါတည်း မေးပါ။ အဆင်ပြေမယ်ဆိုရင်တော့ အရင်က Package ယူပြီး ရိုက်ထားတဲ့ ပုံတွေကိုလည်း ကြည့်ကြည့်ပါ။ ဒါမှ အားလုံး အဆင်ပြေမှာပါနော်။

စုံတွဲလေးတို့ မင်္ဂလာဆောင်နေ့အတွက် ဓါတ်ပုံစတူဒီယိုရွေးချယ်တော့မယ်ဆိုရင် Marry က ပြောပြထားတဲ့အချက်လေးတွေ ဖတ်ကြည့်ပေးနော်။

Comments

0 comments