Advertisement

ဘဝရဲ့ နေ့လေးတွေ အထဲမှာ မှတ်မှတ်ရရ ဖြစ်နေမယ့် မင်္ဂလာပွဲလေးရဲ့ အမှတ်တရလေးတွေကို ပုံလေးတွေကြားမှာ သိမ်းထားမယ့်အချိန် ဒီလိုပုံလေးတွေကို ရိုက်ကူးဖို့ မမေ့ရလေအောင်

ကြည်နူးစရာမင်္ဂလာအချိန်လေး (Photo:minewedding)

ဓါတ်ပုံဆိုတာကတော့ အချိန်ကြာလေ တန်ဖိုး ရှိလေ ဖြစ်လာတဲ့အရာတွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။ ဘာလို့ဆိုရင် ဓါတ်ပုံတွေက အမှတ်တရလေးတွေကို စုဆောင်း သိမ်းပေးထားတဲ့အရာမို့လို့ပါ။ ဘဝရဲ့ နေ့လေးတွေ အထဲမှာ မှတ်မှတ်ရရ ဖြစ်နေမယ့် မင်္ဂလာပွဲလေးရဲ့ အမှတ်တရလေးတွေကို ပုံလေးတွေကြားမှာ သိမ်းထားမယ့်အချိန် ဒီလိုပုံလေးတွေကို ရိုက်ကူးဖို့ မမေ့ရလေအောင် Marry က ပြောပြပေးလိုက်ရပါတယ်။

သတို့သမီးလေးရဲ့ မိတ်ကပ်ပြင်နေတဲ့ပုံလေးကိုလည်း ရိုက်ကူးပါ (Photo:nicholaslauphoto)

သတို့သမီးမိတ်ကပ် ပြင်ဆင်နေတဲ့ပုံ

မင်္ဂလာပွဲ အမှတ်တရလေးတွေကို မင်္ဂလာခန်းမလေးအတွင်းမှာ ရိုက်ကူးတာမျိုးပဲ မလုပ်ပါနဲ့။ မင်္ဂလာပွဲ မတိုင်ခင် ပြင်ဆင်နေတဲ့ပုံရိပ်လေးတွေကိုလည်း ရိုက်ကူးထားဖို့ လိုအပ်ပါတယ်နော်။ မင်္ဂလာပွဲလေးမှာ အလှဆုံး ဖြစ်နေရမယ့်သတို့သမီးလေးရဲ့ အလှပြင်ဆင်ပုံကို တစ်ဆင့်ချင်း မှတ်တမ်းတင်ထားလိုက်ပါ။ ပုံလေးတွေ ပြန်ကြည့်တဲ့အချိန်မှာ ပုံလေးတွေကြားမှာ ကြည်နူးခြင်း ပီတိတွေဖြာနေတဲ့သတို့သမီးလေး အလှကိုတော့ ဘယ်အရာမှ ယှဉ်နိုင်မှာ မဟုတ်တာကို ခံစားစေမှာပါ။ သတို့သမီးလေးရဲ့ မိတ်ကပ်ပြင်ပြီးတဲ့ပုံ၊ မပြင်ရသေးတဲ့ပုံတွေကို ကြည့်ပြီး ပြောင်းလဲသွားပုံကိုလည်း သေချာ ပြန်မြင်ရအောင်လို့လည်း ပါဝင်ပါတယ်။

မင်္ဂလာမိတ်ကပ် အပြည့်လိမ်းပြီးတဲ့အချိန်၊ မင်္ဂလာဝတ်စုံ မဝတ်ခင် အချိန်လေး(Photo:Facebook)

မိတ်ကပ်အပြည့်အစုံလိမ်းခြယ်ပြီး ဝတ်စုံ မဝတ်ခင်

မင်္ဂလာမိတ်ကပ် အပြည့်လိမ်းပြီးတဲ့အချိန်၊ မင်္ဂလာဝတ်စုံ မဝတ်ခင် အချိန်လေးမှာ သတို့သမီးလေးနဲ့ အရံလေးတွေအတူတူ ပုံလေးကို အမှတ်တရ ဖြစ်အောင် ရိုက်ကူးထားပါနော်။ အခုလို အချိန်ကျတော့ ရင်ခုန်နှုန်းတွေ မြန်နေမယ့်အချိန်လေးပဲ ဖြစ်တာကြောင့် တကယ်ကို ကြည်နူးနေမယ့် အပျော်လေးတွေကို အရံတွေနဲ့ အတူတူ ပုံရိပ်လေးတွေထဲမှာ ထည့်သိမ်းထားဖို့ မမေ့ပါနဲ့။ မင်္ဂလာမောင်နှံလေးတို့ရဲ့ ဝတ်စုံပြည့်ပုံရိပ်လေးတွေကတော့ မင်္ဂလာခန်းမလေးအတွင်းမှာ အများကြီး ရိုက်ကူးပေမယ့် ဝတ်စုံ မဝတ်ခင် မိတ်ကပ်ချည်း ပြင်ထားတဲ့အချိန်လေးကိုတော့ မှတ်တမ်းတင်ထားဖို့ မေ့နေတတ်တာမို့လို့ ပြောပြလိုက်ရတာပဲ ဖြစ်ပါတယ်။

မင်္ဂလာပွဲနေ့လေးရဲ့ ပုံရိပ်လေးတွေကို စက္ကန့် မလပ် အမှတ်တရလေးတွေအဖြစ် ပြန်ကြည့်တဲ့အချိန်တိုင်း ကြည်နူးခြင်းတွေ ပြည့်နေစေဖို့ မင်္ဂလာပုံလေးတွေ ရိုက်ကူးတဲ့အချိန် ပြည့်ပြည့်စုံစုံလေး ရိုက်ကူးထားဖို့ Marry က ပြောပြပေးလိုက်ရပါတယ်။

Comments

0 comments