Advertisement

ကိုယ့်ရဲ့ Pre wedding ဓာတ်ပုံလေးတွေ မြင်လို့ စိတ်ပျက်ရမယ်ဆိုရင် သတို့သမီးလေးတို့အနေနဲ့ ပိုက်ဆံကုန်တာထက် ပိုတဲ့ နှမြောသတမှုကို ခံစားရမှာပါ

ဓာတ်ပုံလေးတွေ မြင်လို့ စိတ်ပျက်ရမယ်ဆိုရင် ပိုက်ဆံကုန်တာထက် ပိုတဲ့ နှမြောသတမှုကို ခံစားရမှာပါ

Marry ရဲ့ သတို့သမီးလေးတို့ရေ မင်္ဂလာဆိုတာ တစ်သက်မှာ တစ်ခါပဲဆောင်ရတာ ဖြစ်သလို Pre- wedding ဓာတ်ပုံတွေ ဆိုတာကလည်း တစ်သက်တာအတွက် ပြန်မရနိုင်တဲ့ အမှတ်တရပဲ ဆိုတော့ Pre wedding ဓာတ်ပုံလေးတွေကို ပြန်မြင်ရတဲ့ အခါတိုင်း စိတ်ကြည်နူး ကျေနပ်မိဖို့ လိုတာပေါ့။ အဲ့လို မဟုတ်ဘဲ ကိုယ့်ရဲ့ Pre wedding ဓာတ်ပုံလေးတွေ မြင်လို့ စိတ်ပျက်ရမယ်ဆိုရင် သတို့သမီးလေးတို့အနေနဲ့ ပိုက်ဆံကုန်တာထက် ပိုတဲ့ နှမြောသတမှုကို ခံစားရမှာပါ။ Marry ရဲ့ သတို့သမီးလေးတွေ အားလုံး Pre wedding ဓာတ်ပုံတွေ အတွက် စိတ်မပျက်ရအောင်လို့ ဓာတ်ပုံမရိုက်ခင်ကတည်းက ဘာတွေကိုသတိပြုသင့်တယ် ဆိုတာ ပြောပြပေးမယ်နော်။

ဓာတ်ပုံဆရာအကြောင်း သေချာသိပါစေ

ဓာတ်ပုံဆရာအကြောင်း သေချာသိပါစေ

ဓာတ်ပုံရိုက်တဲ့နေရာမှာ ဓာတ်ပုံလေးတွေလှဖို့ ဓာတ်ပုံဆရာက (၇၀) ရာခိုင်နှုန်း အရေးကြီးပါတယ်နော်။ အဲ့ဒါကြောင့် ကိုယ့်ကိုရိုက်ပေးမယ့် ဓာတ်ပုံဆရာအကြောင်း သေချာသိဖို့လိုပါတယ်။ အဓိကကတော့ သူ့ရဲ့ ပညာနဲ့ လက်ရာကိုပါ။ ဒီဓာတ်ပုံဆရာကို ရွေးချယ်ဖို့ မစဉ်းစားခင်ကတည်းက သူရိုက်ကူးဖူးတဲ့ ဓာတ်ပုံတွေကို မြင်ဖူးတွေ့ဖူးထားရအောင် အားထုတ်ရမှာ သတို့သမီးလေးတို့ရဲ့ တာဝန်ပဲနော်။

ဝန်ဆောင်မှုတွေ အကြောင်း သေချာသိအောင်လုပ်ပါ

ဝန်ဆောင်မှုတွေ အကြောင်း သေချာသိအောင်လုပ်ပါ

ဓာတ်ပုံရိုက်ကူးမှု လုပ်ငန်းတွေက မင်္ဂလာမောင်နှံတွေကိုပေးတဲ့ ဝန်ဆောင်မှုတွေ အမျိုးမျိုးရှိပါတယ်။ တစ်ခုနဲ့ တစ်ခု မတူကြပါဘူး။ တချို့ဆိုင်တွေက ရိုက်ခဲ့သမျှ ပုံအကုန်ပေးတာ ရှိသလို တချို့ဆိုင်တွေကတော့ ပုံတွေကို ရွေးပြီးမှပေးပါတယ်။ မူရင်းပုံတွေရော Retouch လုပ်ပြီးသားပုံတွေပါ ပေးတဲ့ ဆိုင်တွေရှိသလို မူရင်းပုံပဲပေးတဲ့ဆိုင်၊ Retouch လုပ်ပြီးသားပဲပေးတဲ့ဆိုင်တွေလည်း ရှိတာကြောင့်မို့ ကိုယ် Pre wedding ရိုက်ဖို့ အပ်နှံမယ့် ဆိုင်ရဲ့ ဝန်ဆောင်မှုတွေ အကြောင်းကို စရံငွေ မချခင်ကတည်းက သေသေချာချာ ရှင်းရှင်းလင်းလင်း နားလည်အောင် မေးထားဖို့ လိုအပ်ပါတယ်။

အချိန်ယူပါ

တတ်နိုင်သလောက် အချိန်ခွာပြီး ရိုက်ကူးပေးပါ

ဓာတ်ပုံရိုက်ကူးတာကို မင်္ဂလာပွဲ ကျင်းပမယ့် အချိန်နဲ့ အရမ်းကပ်ပြီးမှ မလုပ်ပါနဲ့။ တတ်နိုင်သလောက် အချိန်ခွာပြီး ရိုက်ကူးပေးပါ။ မင်္ဂလာပွဲ နီးမှ ရိုက်ကူးရင် စီစဉ်စရာ ကိစ္စတွေ များနေတဲ့ အချိန်ဖြစ်တာကြောင့် သေသေချာချာ စီစဉ်ပြီး မရိုက်ဖြစ်သလို၊ စိတ်အေးလက်အေးလည်း ရိုက်ကူးနိုင်မှာ မဟုတ်ပါဘူး။ အချိန်ခွာပြီး ကြိုရိုက်ထားတာက တစ်ခုခု အတိမ်းအစောင်း ဖြစ်ခဲ့ရင်လည်း ပြန်လည်ရိုက်ကူးဖို့ အချိန်ရတဲ့အတွက် အဆင်ပြေပါတယ်။

ဓါတ်ပုံရမှ စိတ်မညစ်ရအောင် ဒါလေးတွေ မမေ့နဲ့နော်။

Comments

0 comments