Advertisement

ပုံမှန် သင်္ကြန်ဆိုတာကတော့ ရေတွေကြား ကစားတာ ဖြစ်ပြီး ရောင်စုံသင်္ကြန်ကတော့ အရောင်စုံ ကာလာစုံတွေ ကြား ပျော်ပါးလိုက်တာပဲ ဖြစ်ပါတယ်။ 

ချစ်စရာကောင်းတဲ့ အသွင်လေးကို သိသာနေပါစေ ( Photo Credit: Singaporebrides) 

ချစ်သူစုံတွဲလေးကြားမှာ အမှတ်တရ ဖြစ်အောင် ရိုက်ကူးတတ်ကြပါတယ်။ ဒီလို အချိန်မှာ ကိုယ့်ပုံလေးက သူများပုံလေးတွေနဲ့ မတူဘဲ ဘယ်လို ထူးထူးခြားခြားလေး ဖြစ်အောင် ရိုက်ကူးလို့ ရနိုင်မလဲ ဆိုတဲ့ အကြောင်းကို Marry က ပြောပြပေးချင်ပါတယ်။ အခု ပြောပြပေးမယ့်  Pose လေးတွေကတော့ Pre Wedding ပုံလေးတွေ ရိုက်ကူးတဲ့အချိန်မှာ အနောက်တိုင်းဝတ်စုံနဲ့ပဲ ရိုက်ရိုက်၊ ပေါ့ပေါ့ပါးပါး ဝတ်စုံလေးတွေနဲ့ပဲ ရိုက်ရိုက် လူငယ်ဆန်ဆန် စုံတွဲပုံစံလေးတွေ ဖြစ်နေစေမယ့် Pose လေးတွေပဲ ဖြစ်ပါတယ်။

ငယ်ဘဝ အချိန်လေးတွေက ကြည်နူးခြင်း ပုံစံလေး ( Photo Credit: Singaporebrides) 

ပုံလေးတွေ ရိုက်ကူးတဲ့အချိန်မှာ ငယ်ငယ်တုန်းက သဘောတကျ နှစ်သက်စွာ ကစားဖူးတဲ့ ဆပ်ပြာ ပူဖောင်းလေးတွေကို ဆော့နေတဲ့ ပုံစံလေးကို ရိုက်ကူးနိုင်ပါတယ်။

Accessories လေးတွေကို အဓိက ထားရိုက်ကူးပါ ( Photo Credit: Singaporebrides) 

လူကို အဓိက မရိုက်ဘဲ Accessories လေးတွေကို အဓိက ထားရိုက်ကူးပါ။ Accessories လေးတွေကို ရွေးချယ်တဲ့အချိန်မှာလည်း လူငယ်ဆန်တဲ့အရာလေးတွေကို ရွေးချယ်ပါ။

ရောင်စုံ ကာလာလေးတွေကြားမှာ ပျော်ပါးမယ် ( Photo Credit: Singaporebrides) 

အခုနောက်ပိုင်း လူငယ်တွေကြား ခေတ်စားလာတာကတော့ ရောင်စုံ သင်္ကြန်ဆိုတဲ့အရာပဲ ဖြစ်ပါတယ်။ ပုံမှန် သင်္ကြန်ဆိုတာကတော့ ရေတွေကြား ကစားတာ ဖြစ်ပြီး ရောင်စုံသင်္ကြန်ကတော့ အရောင်စုံ ကာလာစုံတွေ ကြား ပျော်ပါးလိုက်တာပဲ ဖြစ်ပါတယ်။

ပန်းပုလင်းလေးတွေကြားမှာ ချစ်စရာ အချိန်လေး ဖန်တီးမယ် ( Photo Credit: Singaporebrides) 

ပုံကောင်းကို ရရှိနိုင်ဖို့ အတွက်ကတော့ ပတ်ဝန်းကျင်ကလည်း အရေးကြီးပါသေးတယ်နော်။ ဆန်းပြားတဲ့ ဖန်တီးမှု ဖြစ်စေမယ့် ပန်းလေးတွေကို ဖန်ပုလင်း ကြည်ကြည်လေးတွေနဲ့ အလှဆင်ပြီး ချိတ်ဆွဲလိုက်ပါ။

အချစ်ရဲ့ အေးမြခြင်းတွေကို အတူတူ ခံစားမယ်( Photo Credit: Singaporebrides) 

ချစ်တယ် ဆိုတဲ့ နေရာမှာ အရာတိုင်းကို အတူတူ မျှဝေ ခံစားခြင်းဆိုတာကတော့ အဓိက ကျတဲ့ အချက်တစ်ချက်ပဲ ဖြစ်ပါတယ်။ အေးတယ် ဖြစ်စေ ပူတယ် ဖြစ်စေ အရာတိုင်းကို အချစ်နဲ့ အတူ ခံစားလိုက်နိုင်ဖို့ ဆိုတဲ့ စိတ်ကူးလေးနဲ့ ပုံလေးတွေကို ဖန်တီးလိုက်နိုင်ဖို့ Marry က ဝေမျှပေးလိုက်ရပါတယ်။

 

Photo Credit: Singaporebrides 

 

Comments

0 comments