Advertisement

အဆင်မပြေတာလေးတွေ နည်းနည်းတော့ ရှိနိုင်ပါတယ်။ ဒါပေမယ့် စိတ်ထဲ အရမ်းမထားဘဲ ရိုက်ပါ။ ဖြစ်နိုင်မယ်ဆိုရင် ပို့စ်လေးတွေ ကြိုပြီးတော့ နည်းနည်းလေ့ကျင့်ပါနော်

သတို့သား၊ သတို့သမီးလေးတို့ရေ Pre wedding လှလှလေးတွေ လိုချင်တယ်မလား၊ ဒီလိုဆိုရင်တော့ indoor မဟုတ်ဘဲ outdoor တွေ ထွက်ရိုက်ဖို့ လိုပါတယ်နော်။ ရှူခင်းလေးရယ်၊ သဘာဝအလှလေး အစရှိသလို ရိုက်လို့ရပါတယ်။ သတို့သား၊ သတို့သမီးလေးတို့ Pre wedding outdoor ကို ကိုယ့်နိုင်ငံရဲ့ မြို့တွေထဲတင် မဟုတ်ဘဲ နိုင်ငံခြားမှာ ရိုက်ချင်တယ်ဆိုရင်တော့ လိုအပ်တာလေးတွေ သိထားဖို့ လိုပါတယ်။

အချိန်

သတို့သား၊ သတို့သမီးလေးတို့ရေ နိုင်ငံခြားမှာ Pre wedding ရိုက်မယ်ဆိုရင် ကိုယ့်နိုင်ငံကပဲ ဓါတ်ပုံဆရာနဲ့ ချိတ်ပြီးရိုက်တာ ရှိသလို သူတို့ဆီက ဓါတ်ပုံဆရာနဲ့ ရိုက်တာမျိုးလည်း ရှိပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကြိုချိတ်ရမှာပါ။ နိုင်ငံခြားမှာပဲ နိုင်ငံခြားက ဓါတ်ပုံဆရာနဲ့ ရိုက်မယ်ဆိုရင်တော့ အနည်းဆုံး (၃) လလောက် ကြိုချိတ်ဖို့ လိုပါတယ်။ အဆင်ပြေနိုင်မယ့် စတူဒီယိုကို ကြိုချိတ်ပြီး စီစဉ်ရမှာပါ။ လေယာဉ်လက်မှတ်တွေကအစ အသွားအပြန် စီစဉ်ရမှာမို့ တခြားကိစ္စတွေနဲ့ ရက်ညှိပြီး ဟိုမှာ ဘယ်နှရက်နေမယ် စသဖြင့် အချိန်ကို အတိအကျ လုပ်သွားပါ။

ကြိုတင်ပြင်ဆင်ခြင်း

သတို့သား၊ သတို့သမီးတို့ရေ နိုင်ငံခြားမှာ Pre wedding ရိုက်မယ်ဆိုရင်တော့ ကြိုတင်ပြင်ဆင်မှုတွေက အရမ်းကို လိုအပ်ပါတယ်။ ဘယ်နှစ်စုံ ဝတ်မယ်၊ ဘယ်လိုပုံစံတွေ ရှိတယ်ဆိုတာ သူတို့ကို တစ်ခါတည်း မေးဖို့ လိုပါတယ်။ သူတို့ဆီက မိတ်ကပ်ဆရာက ကိုယ်လိုချင်တဲ့ပုံစံရော လိမ်းခြယ်ပေးနိုင်မလား၊ အစရှိတာတွေ မေးရပါမယ်။ ဘယ်နှရက် ရိုက်မလဲ၊ ဓါတ်ပုံတွေ ရဖို့ ဘယ်နှရက်လောက် စောင့်ရမလဲဆိုတာတွေပါ ကြိုမေးပါ။

ဘာတွေယူသွားရမလဲ

သတို့သား၊ သတို့သမီးလေးတို့ရေ လက်ဝတ်ရတနာလေးတွေ ပိုပိုလိုလို ယူသွားပါ။ သူတို့နိုင်ငံက သတို့သမီးလေးတွေ အကြိုက်နဲ့ ကိုယ့်အကြိုက်နဲ့ တူချင်မှ တူပါမယ်။ ဒါကြောင် ကိုယ်ဆင်မြန်းချင်တဲ့ accessories လေးတွေ ဆောင်သွားပါ။ သတို့သားအတွက် ဖိနပ် အပိုဆောင်သွားပါ။ ဖိနပ်အပါးလေးတွေလည်း ထည့်ပါ။ မြန်မာဝတ်စုံနဲ့ ရိုက်မယ်ဆိုရင်လည်း ဒီကနေ ထိုင်မသိမ်း ဝတ်နည်းတွေ တစ်ခါတည်း သင်သွားပါ။

ဆံထုံးကအစ ဘယ်လိုပုံစံလေး ထုံးမယ်ဆိုတာ နိုင်ငံခြားက မိတ်ကပ်ဆံထုံးပြင်မယ့်သူတွေကို ပြောပြပါ။ ကိုယ့်နိုင်ငံမှာ မဟုတ်တဲ့အတွက် အဆင်မပြေတာလေးတွေ နည်းနည်းတော့ ရှိနိုင်ပါတယ်။ ဒါပေမယ့် စိတ်ထဲ အရမ်းမထားဘဲ ရိုက်ပါ။ ဖြစ်နိုင်မယ်ဆိုရင် ပို့စ်လေးတွေ ကြိုပြီးတော့ နည်းနည်းလေ့ကျင့်ပါနော်။

 

Comments

0 comments
Advertisement