Pre weddingကို Outdoorရိုက်တဲ့အခါ သတိထားရမယ့် အချက်များ

by: Phyo Pyae Thu
 0 comments  0 love

မင်္ဂလာပွဲကျင်းပချိန်( ၃) နာရီပြီးဆုံးသွားရင် ကိုယ့်ဆီမှာ အမှတ်တရအနေနဲ့ ကျန်ခဲ့မယ့်အရာတွေဆိုလို့ ဓါတ်ပုံတွေပဲ ဖြစ်မှာပါ။

Outdoor ရိုက်မယ်ဆိုရင်နေရာသေချာရွေးပါ (photo: Bride and Breakfast HK)

သတို့သား၊ သတို့သမီးလောင်းလေးတို့ရေ မင်္ဂလာပွဲကျင်းပချိန်( ၃) နာရီပြီးဆုံးသွားရင် ကိုယ့်ဆီမှာ အမှတ်တရအနေနဲ့ ကျန်ခဲ့မယ့်အရာတွေဆိုလို့ ဓါတ်ပုံတွေပဲ ဖြစ်မှာပါ။ မင်္ဂလာပွဲနေ့မှာ ဧည့်သည်တွေ ဧည့်ခံတာနဲ့ဆိုတော့ သတို့သား၊ သတို့သမီးလေးတို့ အနေနဲ့ ဓါတ်ပုံကောင်းကောင်း သေချာလေး မရိုက်ဖြစ်ကြပါဘူး။ ပွဲနေ့အမှတ်တရတွေပဲရှိနေမှာပါ။

ဒီတော့ သတို့သား၊ သတို့သမီးလေးတွေက နှစ်ယောက်တည်း ဓါတ်ပုံအေးဆေးရိုက်လို့ရအောင် Pre weddingလေးတွေ စီစဉ်ပြီး ရိုက်ကြပါတယ်။ ရိုက်တဲ့အခါမှာ Indoor နဲ့ Outdoor ဆိုပြီး ရှိပါတယ်။ Outdoorကိုလည်း ဆန်းဆန်းပြားပြားလေး ဖြစ်အောင် စီစဉ်ပြီးရိုက်ကြပါတယ်။ ဒီနေရာမှာ အဆင်ပြေစေဖို့ သတိထားရမယ့် အချက်လေးတွေတော့ ရှိပါတယ်။

Outdoor ရိုက်တဲ့အခါမှာ pose တွေ များများပေးလို့ ရပါတယ် (Photo: Dalat Tour)

Outdoor ရိုက်တော့မယ်ဆိုရင်

ပထမဦးဆုံးအနေနဲ့ ကိုယ်နေတဲ့ မြို့အတွင်းပဲလား၊ ဒါမှမဟုတ်ရင် ချစ်သူနှစ်ဦးအမှတ်တရ ရှိခဲ့တဲ့နေရာလား၊ တခြားနေရာဒေသလား ဆိုပြီး ရွေးစရာတွေက အတော်လေးကို များပါတယ်။ ဘယ်မြို့မှာ ရိုက်မယ်ဆိုတာလေး အရင်စုံစမ်းပါ။ အလုပ်တစ်ဖက်နဲ့မို့ အချိန်အရမ်းမပေးနိုင်ရင်တော့ ကိုယ်မြို့ကလှတဲ့နေရာမှာပဲ ရိုက်ပါ။ အချိန်နဲ့ ကိုက်ပြီး ဓါတ်ပုံဆရာနဲ့ မေးမြန်းပါ။

pose ပေးတဲ့အခါ

Outdoor ရိုက်တဲ့အခါမှာ pose တွေ များများပေးလို့ ရပါတယ်။ နေရာဒေသရှူခင်းပေါ် မူတည်ပြီး ဆန်းပြားအောင် ရိုက်လို့ရပါတယ်။ အလန်းစား Pose ပေးနည်းလေးတွေ ကြည့်ထားပါ။ ဝတ်စုံများများ စီစဉ်ပါ။ ကိုယ်ဝတ်စုံနဲ့ ဘယ်လို pose တွေ ပေးလို့ရတယ်ဆိုတာ တစ်ခါတည်းမေးမြန်းပါ။

ဝတ်စုံအရမ်းလေးတာတွေ ရှောင်ရင် အကောင်းဆုံးပါ (Photo: Dalat Tour)

ဝတ်စုံ

ဝတ်စုံလေးလေးကြီးတွေနဲ့ ရိုက်တာက စိတ်ဖိစီးစေပါတယ်။ လှုပ်ရှားရခက်တဲ့ ဝတ်စုံတွေဆိုရင်လည်း ပင်ပန်းပါတယ်။ အဝတ်အစားကြောင့် စိတ်ညစ်နေရမယ်ဆိုရင် ဘယ်လိုနည်းနဲ့မှ pose လှလှလေးတွေ မရရှိနိုင်ပါဘူး။ ဒါကြောင့် အတတ်နိုင်ဆုံး ပေါ့ပါးတာလေး ရှာပါ။

အချိန်

Outdoor ရိုက်တာက Indoor ထက်ပိုပြီး အချိန်ကုန်ပါတယ်။ ဒါကြောင့် မင်္ဂလာပွဲရက်နား ကပ်ပြီး မရိုက်ပါနဲ့။ အချိန်ခွာပြီး ရိုက်ဖို့ လိုပါတယ်။ မင်္ဂလာပွဲနီးမှ Outdoor ရိုက်မယ်ဆိုရင် တခြားစီစဉ်စရာရှိတာတွေကလည်း ရှိနေတာမို့ အချိန်မရ ဖြစ်တတ်ပါတယ်။ အချိန်လုံလုံလောက်လောက် မရရင် Outdoor ရိုက်ရင် မလှနိုင်ပါဘူး။ နောက်ပြီး ဓါတ်ပုံဆရာဘက်က တစ်ခုခု အတိမ်းအစောင်းဖြစ်ခဲ့ရင်လည်း ပြန်လည်ပြင်ဆင်ဖို့အတွက် အချိန်ခြားထားဖို့ လိုပါတယ်။

Outdoor creation pose လေးတွေ လုပ်ခိုင်းတဲ့ ဓါတ်ပုံဆရာနဲ့ ရိုက်ပါ (photo: Outdoor Wedding Ideas)

ဓါတ်ပုံဆရာ

Outdoor ရိုက်မယ်ဆိုရင် ဓါတ်ပုံဆရာကို သေချာလေး ရွေးပါ။ ဓါတ်ပုံဆရာကောင်းမှ location နဲ့ လိုက်တဲ့ pose တွေ စဉ်းစားပေးနိုင်မှာပါ။ သူများတွေ ပေးနေကျ pose တွေပဲ လုပ်ခိုင်းတာမျိုး မကြိုက်ဘူးဆိုရင်တော့ Outdoor creation pose လေးတွေ လုပ်ခိုင်းတဲ့ ဓါတ်ပုံဆရာနဲ့ ရိုက်ပါ။

ဆင်ခြင်ရမယ့်အချက်များ

နေပူတဲ့အချိန်မှာ Outdoor ရိုက်တယ်ဆိုရင်တော့ ချွေးဒီးဒီးကျနိုင်ပါတယ်။ တစ်ရှူးတွေ၊ ရေဗူးဆောင်သွားပါ။ စားစရာတစ်ခုခုစားထားပါ။ ရေအများကြီးသောက်တာကြောင့် Toilet ခဏခဏ သွားချင်တာမျိုးဖြစ်နိုင်ပါတယ်။ ဒီလိုဆိုရင် ဝတ်စုံကြီးနဲ့ အတော်လေး အဆင်မပြေဖြစ်နိုင်ပါတယ်။

သတို့သားလေးတွေအတွက်

သတို့သားလေး တော်တော်များများက Outdoor ဆိုရင် စိတ်မရှည်တာတွေ ဖြစ်တတ်ပါတယ်။သတို့သားလေးအနေနဲ့လည်း သတို့သမီးလေးရဲ့ အိမ်မက်စိတ်ကူးတွေကို အတူတူ ပါဝင်ဖန်တီးပေးတာဖြစ်တာကြောင့် သတို့သမီးလေး pose ပေးခိုင်းတဲ့အခါ စိတ်ရှည်ရှည်လေး လိုက်လုပ်ပေးပါနော်။

From Marry with


Comments

0 comments
Latest video