ကိုထက်ဝေဇော်နဲ့ မသက်ထားစုကြည်တို့ရဲ့ကလောမြို့ က လှပတဲ့ Pre Wedding Honest Review

by: Phyo Pyae Thu
 0 comments  0 love

တန်ဖိုးရှိတဲ့အခိုက်အတန့်လေးမှာ ပုံကောင်းရဖို့ ဓာတ်ဆရာက အတော်အရေးကြီးပါတယ်

 

Marry က မင်္ဂလာဆောင်မယ့် စုံတွဲလေးတို့ရေ မင်္ဂလာဆောင်ပွဲလေး ကျင်းပတော့မယ်ဆိုရင် Pre wedding ရိုက်ဖို့လည်း စဉ်းစားကြတယ်မလား။ Pre Wedding ကို အလှဆုံးဖြစ်အောင် ရိုက်ချင်ကြတာလည်း သတို့သမီးတိုင်းရဲ့ အိမ်မက်တစ်ခုပါပဲနော်။ ဒီအိမ်မက်လေး အပြည့်အဝ မက်ခွင့်ရဖို့ဆိုရင် Pre Wedding အတွက် ရွေးချယ်စဉ်းစားတဲ့အခါ သေချာစီစဉ်ရပါမယ်နော်။ ကိုထက်ဝေဇော် နဲ့ မသက်ထားစုကြည်ကတော့ သူတို့ရဲ့ Pre Wedding အိမ်မက်လေး ပြည့်ဝခဲ့တဲ့အကြောင်းကို ခုလိုပဲ ပြောပြထားပါတယ်။ သူတို့ သေချာဘယ်လိုစီစဉ်ထားလဲဆိုတာ ဖတ်ကြည့်ရအောင်နော်။

Pre Wedding အတွက် ကလောကို ရွေးချယ်ခဲ့ပုံ

ဒီနောက်ပိုင်း Pre weddingကို themes တွေနဲ့ရိုက်လာကြတာတွေ့ရပါတယ်။ နန်းဆန်တဲ့ မြန်မာ့ရိုးရာပုံစံ၊ တရုတ်ရိုးရာပုံစံ၊ တချို့ကျ ပေါ့ပေါ့ပါးပါးပဲရိုက်ချင်တာလည်း ရှိကြပါတယ်။ ညီမအတွက်က ပုံအလှဆုံးသာ ရိုက်ချင်တာ ဒီလိုမျိုး Specific Themes နဲ့ ရိုက်ချင်တာမျိုး မရှိခဲ့ပါဘူး။ ဓာတ်ပုံဆရာကိုယုံကြည်စွာနဲ့ ဘယ်မှာရိုက်ရိုက်လှမှာပဲဆိုတဲ့ စိတ်ကြောင့်ထင်ပါတယ်။ ဒါပေမယ့် သဘာဝတောတောင်ရှုခင်းအလှကို မြတ်နိုးတဲ့သူဖြစ်တာကြောင့် Location ကို ကလောမြို့မှာရိုက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။

ဝတ်စုံ

Dress ကိုရွေးချယ်တဲ့အခါမှာတော့ ညီမတို့ကပွဲနေ့မှာ ထိုင်မသိမ်းနဲ့ ဖြစ်တာကြောင့် Pre wedding ကိုတော့ သုံးစုံလုံး western outfit တွေနဲ့ပဲရိုက်ဖို့ဆုံးဖြတ်ခဲ့တယ်။ Western dress ၃စုံကို mermaid တစ်စုံ၊ ဂါဝန်အကား နှစ်စုံ နောက်ပြီးအရောင် အနု၊အရင့် ကွဲပြားအောင်ရွေးခဲ့ပါတယ်။ ဝတ်စုံတွေက Love Diary ကပါပဲနော်။

ရွေးချယ်ခဲ့တဲ့ Studio

မရိုက်ခင် တစ်ပတ် နှစ်ပတ်လောက်အလိုမှာ ကိုဝေလင်းနဲ့ တွေ့ဆုံဆွေးနွေးရပါတယ်။ ဘယ်လိုပုံစံမျိုးရိုက်ချင်လဲ၊ သတို့သားသတို့သမီးရဲ့ စိတ်ကူးကိုမေးပါတယ်။ ညီမတို့က ကလောမြို့မှာရိုက်ချင်တယ်ဆိုတာပဲရှိခဲ့တာပါ။ အဓိက ကတော့ ဓာတ်ပုံဆရာ ကိုဝေလင်းက ရိုက်မယ့်နေရာ နဲ့ ညီမတို့ရွေးထားတဲ့ဝတ်စုံတွေနဲ့တွဲပြီး သူ့ idea နဲကြိုတင်စဉ်းစားပြီး အကောင်းဆုံးပုံဖော်ရိုက်ပေးခဲ့တာပါ။ ကိုဝေလင်းက ဓာတ်ပုံရိုက်ပေးတဲ့အခါ စေတနာပါသလို အလုပ်အပေါ်မှာ အတော်တာဝန်ကျေပါတယ်။ Professional ဆန်တယ်။ စကားနည်းပေမယ့် Pose တွေအပြင် လှအောင်လို့ ရယ်နည်းတွေက အစ သေချာသင်ပေးတာပါ။

ရိုက်ကူးရေးလုပ်တဲ့အချိန် ဓာတ်ပုံဆရာက ပဲ့ကိုင်ရှင်ပါပဲ။ မီးထိုးပြဖို့အဖွဲ့သားတွေကိုပြောရ၊ သတို့သားသတို့သမီး ကိုလည်း pose သင်ပေးရနဲ့ အားလုံးကို control လုပ်ပေးနေရတာပါ။ ညီမတို့သွားတာ (၈)လပိုင်း မိုးမကုန်သေးတော့ ရာသီဥတုပေါ်မူတည်ပြီး အချိန်ကိုအကျိုးရှိရှိ အသုံးချတတ်မှုနဲ့ အဖွဲ့သားအားလုံးကြိုးစားပြီး ညီညွတ်မှုကြောင့် ပုံကောင်းတွေထွက်လာတာပါ။

နောက်တစ်ချက် မိတ်ကပ်နဲ့ဆံပင်ကလဲ ပုံကောင်းရဖို့ အသက်တစ်ခုပါပဲ။ မိတ်ကပ် Amara Zin ပါ။ ဝတ်စုံနဲ့လိုက်ဖက်ညီအောင် ပြင်ဆင်ပေးတဲ့အပြင် ဝတ်စုံ၃စုံကို ပုံစံ(၃)မျိုး ကွဲပြားအောင် အလှဆုံးပြင်ဆင်ပေးခဲ့တာပါ။ ထူးခြားချက်တစ်ခုကိုပြောရရင် ကိုဝေလင်းကိုယ်တိုင် ကလောမြို့မှာ တခြားစုံတွဲတွေနဲ့ ရိုက်ဖူးခဲ့တာတွေ ရှိပေမယ့် သူများနဲ့မတူတာထက် သူကိုယ်တိုင်ရိုက်ဖူးခဲ့တဲ့ ပုံစံတွေနဲ့ မတူညီအောင် ရိုက်ကူးပုံဖော်ပေးနိုင်တယ်ဆိုတာပါ။

ကလော Out door အတွေ့အကြုံ

ခရီးစဉ် အတွေ့အကြုံကိုပြောရရင်တော့ Pre wedding မရိုက်ခင်တစ်ရက်အလိုမှာ ကလောမြို့ကိုရောက်ပေမယ့် ကိုဝေလင်းက အဝေးကြီး တခြားမြို့တွေ မလည်ဖို့ ဂရုတစိုက် ကြိုမှာထားပါတယ်။ ပင်ပန်းပြီး ရိုက်မယ့်နေ့ကျရင် အဆင်မပြေမှာစိုးလို့ပါတဲ့၊ ရိုက်မယ့်နေ့မှာ မနက် ၃နာရီခွဲလောက်ကစပြီး makeup ဆံပင် ပြင်ဆင်ရပါတယ်၊ (၆) နာရီမတိုင်ခင်လောက် စပြီးရိုက်ဖြစ်ပါတယ်။ တစ်နေ့တာအတွက် ဝတ်စုံ (၃) စုံပါ။ နေထွက်တဲ့အချိန်လေးကစလို့ နေဝင်ချိန်ထိပါပဲ။ ရိုက်ကူးရေးပြီးတာက ညနေ၆နာရီခွဲကျော်ကျော်ပေါ့။ ကြားထဲမှာ ဝတ်စုံလဲတာ မိတ်ကပ်ဆံပင် ပြန်ပြင်ဆင်တဲ့အချိန်တွေတော့ ယူရပါသေးတယ်၊ မနက်စာ နေ့လည်စာ စားတဲ့အချိန်ရောပေါ့။

ခရီးထွက်ပြီး ရိုက်ရလို့ မပင်ပန်းဘူးလားလို့ မေးချင်ကြမယ်ထင်ပါတယ်။ နည်းနည်းတော့ပင်ပန်းပေမယ့် ဝတ်စုံတစ်စုံရိုက်အပြီးမှာ ကိုဝေလင်းရဲ့ ကင်မရာထဲက ပုံလေးတွေပြန်ကြည့်လိုက်တဲ့အချိန် ပင်ပန်းတာတွေပျောက် မနက်စောစောအိပ်ယာထပြီး ရိုက်ရကျိုးလည်းနပ်ခဲ့တယ်။ တကယ်ပါ ကိုယ်တွေပင်ပန်းတယ်ဆိုတာနည်းနည်းလေးလို့ပြောရမယ်။ ဓာတ်ပုံဆရာကိုယ်တိုင်ရော အဖွဲသားတွေအားလုံး ပိုပင်ပန်းကြတာပါ။ မိုးဖွဲလေးတွေကျတဲ့အချိန်မှာ ကိုဝေလင်းက မိုးရာသီ Themes လေးနဲ့ရိုက်ပေးထားတာကိုလဲ အတော်သဘောကျပြီးကျေနပ်နေပါတယ်။ တန်ဖိုးရှိတဲ့အခိုက်အတန့်လေးမှာ ပုံကောင်းရဖို့ ဓာတ်ဆရာက အတော်အရေးကြီးပါတယ်။

Rating ပေးရမယ်ဆိုရင်တော့

တကယ့်ကို စိတ်တိုင်းကျခဲ့တဲ့ Pre wedding မို့ အားလုံးကို အမှတ်ပြည့် (5 stars) ပါပဲ။ ဓါတ်ပုံလက်ရာတွေရော၊ မိတ်ကပ်အပြင်အဆင်တွေရော အကုန်လုံးအဆင်ပြေပါတယ်။

အရင်ကတော့ သူများရဲ့prewdding ပုံလေးတွေငေးရင်း အားကျနေခဲ့မိတာ အခုတော့ ကိုယ်ပုံကိုကြည့်ပြီး Perfect ဖြစ်လွန်းလို့ Love Diaryကိုရွေးချယ်မိတဲ့ မိမိကိုယ်ကို ကျေနပ်လွန်းအားကြီးပြီး ဂုဏ်ယူလို့မဆုံးပါဘူး။

From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords