Pre Wedding ရိုက်မယ့်နေ့မှာ ယူသွားရမှာလေးတွေ

by: Phyo Pyae Thu
 0 comments  1 love

စုံတွဲလေးတို့ရေ Pre wedding ရိုက်တော့မယ်ဆိုရင် Marry က ပြောပြထားတဲ့အချက်လေးတွေ မမေ့ပါနဲ့နော်။ ဒီလိုဆိုရင် အဆင်ပြေပြေနဲ့ ပျော်စရာအချိန်လေး ဖန်တီးနိုင်မှာပါ။

သတို့သမီးလောင်းလေးတို့ရေ Pre wedding ရိုက်တယ်ဆိုတာ ပျော်စရာတော့ ကောင်းပါတယ်နော်။ Pre wedding ရိုက်တဲ့အခါမှာ လိုအပ်တာလေးတွေ၊ ယူသွားရမှာလေးတွေ သိတယ်ဆိုရင်တော့ အခက်အခဲ မရှိဘဲ ပျော်ပျော်ရွှင်ရွှင် အမှတ်တရ ဖန်တီးနိုင်မှာပါနော်။ Pre wedding ရိုက်မယ့်နေ့မှာ ယူသွားရမယ့် ပစ္စည်းလေးတွေနဲ့ ဆောင်ရမှာလေးတွေ ပြောပြမယ်နော်။

လုပ်ဆောင်ရမယ့် အချက်လေးတွေ

သတို့သား၊ သတို့သမီးလေးတို့ရေ Pre wedding  ရိုက်တာက စိတ်လှုပ်ရှားစရာတော့ ကောင်းပါတယ်နော်။ ဝတ်စုံဝတ်ပြီး မိတ်ကပ်အပြည့်နဲ့ လှလှပပလေး မှန်ထဲ ပြန်ကြည့်လိုက်တဲ့အခိုက်အတန့်လေးကို ဘယ်သူမှ မမေ့နိုင်သလို ရိုက်နေစဉ်က အမှတ်တရ အကြောင်းအရာတွေကိုလည်း သတိရနေမှာပါ။ ဒီလိုပြန်တမ်းတတဲ့ အမှတ်တရတွေထဲမှာ စိတ်ညစ်စရာတွေ မပါဖို့ဆိုရင် ကျန်းမာရေး ကောင်းမွန်ဖို့ လိုပါတယ်။ သတို့သားရော သတို့သမီးလေးရော မနက်စာ ပြည့်ပြည့်ဝဝ စားသွားပါ။ ဗိုက်အောင့်တာတွေ ရှိလာရင် ပုံကောင်းကောင်း မရနိုင်ပါဘူး။ ဝမ်းသွားစေမယ့် အစားအစာတွေမစားမိဖို့တော့ လိုပါတယ်။

လုပ်ဆောင်ရမယ့် အချက်လေးတွေ (photo:Asia Wedding Network_)

ယူသွားရမယ့် ပစ္စည်းလေးတွေ

ယူသွားရမယ့် ပစ္စည်းလေးတွေ (photo:The Conversation)

ဒေါက်ဖိနပ်

သတို့သမီးလောင်းလေးတို့ရေ ဖိနပ်အပါးလေး တစ်ရံနဲ့ ဒေါက်ဖိနပ် တစ်ရံ အပိုယူသွားပါ။ Outdoor ဆိုရင် ဒေါက်အကြာကြီး စီးတဲ့အခါ ခြေထောက်နာတွေ ဖြစ်တတ်လို့ အပါးလေး တစ်ရံလောက် ဆောင်ပါ။ တစ်ခါတလေ စတူဒီယိုမှာ ကိုယ့်ခြေထောက်နဲ့ အဆင်မပြေတာမျိုး ဒီဇိုင်းမကြိုက်တာမျိုး အစရှိသလို ဖြစ်တတ်တာမို့ လိုလိုမယ်မယ် ကိုယ့်ဆီက ဒေါက်ဖိနပ် တစ်ရံ ဆောင်သွားပါနော်။

အက်ႌ

သတို့သမီးလေးတို့ရေ Pre wedding သွားရိုက်တဲ့အခါ အင်္ကျီကို ခေါင်းစွပ်တွေ၊ တီရှပ်တွေ မဝတ်သွားပါနဲ့နော်။ ချွတ်ရ လဲရ လွယ်ကူအောင် ရှေ့ကွဲ ကြယ်သီး အင်္ကျီနဲ့ လွယ်လွယ်မြန်မြန် လဲလှယ်လို့ ရမှာမျိုးကို ရွေးချယ်ဝတ်သွားပါနော်။

ဒေါက်ဖိနပ် (photo: Vårt Land)

လက်ဝတ်လက်စား

အကယ်လို့ သတို့သမီးလေးတွေက လက်ဝတ်လက်စား များများ ဝတ်ချင်တယ်ဆိုရင်လည်း Fancy လေးတွေပဲ သယ်သွားပါနော်။ ကိုယ့်ရဲ့ တန်ဖိုးကြီး လက်ဝတ်လက်စားတွေကို ချွတ်ထားခဲ့ဖို့ လုံးဝ(လုံးဝ) မမေ့ပါနဲ့နော်။

Outdoor ထွက်မယ်ဆိုရင်

စုံတွဲလေးတို့ရေ Outdoor ထွက်မယ်ဆိုရင် လမ်းမှာ စားလို့ရမယ့် မုန့်လေးတွေ၊ ဗိုက်အောင့်တတ်တယ်ဆိုရင် လိမ်းဆေး၊ သောက်ဆေးစတာတွေ ဝယ်သွားပါနော်။ ရေသန့်ဗူးလည်း မမေ့ပါနဲ့။

စုံတွဲလေးတို့ရေ Pre wedding ရိုက်တော့မယ်ဆိုရင် Marry က ပြောပြထားတဲ့အချက်လေးတွေ မမေ့ပါနဲ့နော်။ ဒီလိုဆိုရင် အဆင်ပြေပြေနဲ့ ပျော်စရာအချိန်လေး ဖန်တီးနိုင်မှာပါ။

From Marry with


Comments

0 comments
Latest video
Refer to more useful articles