Advertisement

မင်္ဂလာပွဲနေ့မှာ သတို့သား၊ သတို့သမီးလေးတို့ရဲ့ Accessories တိုင်းက တန်ဖိုးထားစရာတွေပါပဲ။ ဒီထဲမှာ တစ်သက်မှာ တစ်ခါသာ ဝတ်ရတဲ့ မင်္ဂလာဝတ်စုံလည်း အပါအဝင်ပါပဲ။

သတို့သား၊ သတို့သမီးလေးတို့ရေ မင်္ဂလာပွဲနေ့ဆိုတာ ဘဝရဲ့ အမှတ်တရ အဖြစ်ဆုံး နေ့တွေထဲက တစ်ရက်ပါနော်။ အပြုံးတိုင်းက အသက်ဝင်နေမှာ ဖြစ်သလို ခြေလှမ်းတိုင်းကလည်း အမှတ်တရတွေ ဖြစ်နေမှာပါ။ ဒီလို အမှတ်တရလေးတွေကို အမိအရ မှတ်တမ်းတင်ထားနိုင်ဖို့တော့ လိုတာပေါ့နော်။ မင်္ဂလာပွဲနေ့မှာ သတို့သား၊ သတို့သမီးလေးတို့ရဲ့ Accessories တိုင်းက တန်ဖိုးထားစရာတွေပါပဲ။ ဒီထဲမှာ တစ်သက်မှာ တစ်ခါသာ ဝတ်ရတဲ့ မင်္ဂလာဝတ်စုံလည်း အပါအဝင်ပါပဲ။

ဝတ်စုံလေးတွေနဲ့ အတူတူ

ဝတ်စုံလေးနဲ့

သတို့သားလေးရော သတို့သမီးလေးရော မိတ်ကပ်ပြင်ပြီးပြီဆိုရင် ဝတ်စုံလေးနဲ့ အတူတူ ဓါတ်ပုံ တွဲရိုက်ဖို့ လိုပါတယ်။ တစ်သက်မှာ တစ်ခါသာဝတ်ရတဲ့ မင်္ဂလာဝတ်စုံလေး မဝတ်ခင် အမှတ်တရပေါ့။ ဒီလို ပုံလေးတွေ ရိုက်မယ်ဆိုရင် မိတ်ကပ်လိမ်းတဲ့အခါမှာ ဝတ်စုံလှလှလေး ကြိုတင်စီစဉ်ထားဖို့ လိုပါတယ်။ စုံတွဲလေးတို့က ဝတ်စုံတွေရဲ့ ကြားထဲမှာပေါ့။

ဝတ်စုံ

ဝတ်စုံ သီးသန့်

စုံတွဲလေးတို့ရေ ဝတ်မယ့် မင်္ဂလာဝတ်စုံလေးပဲ သီးသန့် အမှတ်တရ ရိုက်ပါ။ သတို့သားလေးဝတ်မယ့် ဝတ်စုံရော သတို့သမီးလေး ဝတ်မယ့် ဝတ်စုံရောပဲ။

သတို့သားလေးနဲ့ မင်္ဂလာဝတ်စုံ

သတို့သားလေးနဲ့ ဝတ်စုံ

သတို့သားလေးတို့လည်း ဝတ်စုံမဝတ်ခင်မှာ အမှတ်တရ ဓါတ်ပုံ ရိုက်ထားသင့်ပါတယ်နော်။ သတို့သားလေးတို့ ပို့စ်ပေးတတ်ဖို့ လိုပါတယ်။

မင်္ဂလာဝတ်စုံနဲ့ သတို့သမီး

ဝတ်စုံမှာလိုတာလေးတွေ ပြင်နေတဲ့ သတို့သမီးလေး

သတို့သမီးလေးတို့လည်း မင်္ဂလာဝတ်စုံနဲ့ ဓါတ်ပုံရိုက်သင့်ပါတယ်။ ဒါက အမှတ်တရတွေထဲက အမှတ်တရဖြစ်စေမယ့် အရာပါ။ သတို့သမီးလေးတို့အနေနဲ့ မင်္ဂလာဝတ်စုံလေးကို တယုတယ ထိတွေ့နေတဲ့ ပုံစံလေးတွေ၊  ဝတ်စုံလေးအတွက် လိုအပ်တာလေးတွေ ပြင်ဆင်နေတဲ့ ပုံစံမျိုးလေးတွေပေါ့။ မင်္ဂလာဝတ်စုံ မဝတ်ခင် အမှတ်တရတွေပါပဲနော်။

သတို့သား၊ သတို့သမီးလေးတို့ရေ မင်္ဂလာဝတ်စုံလေးနဲ့ အမှတ်တရ ရိုက်ဖို့ မမေ့ပါနဲ့နော်။ ပြီးတော့ မိတ်ကပ်လည်း နည်းနည်းလေး စောပြင်မယ်ဆိုရင် ဒါမျိုးလေးတွေ ရိုက်ဖို့အတွက် အချိန်ရမှာ ဖြစ်ပါတယ်။

Comments

0 comments