သတို့သမီးလေးရဲ့ မင်္ဂလာဝတ်စုံအလှကို မှတ်တမ်းတင်ထားမယ်ဆိုရင်

by: Phyo Pyae Thu
 0 comments  0 love

ဒီလို အမိုက်စား ပို့စ်တွေ ပေးလိုက်တော့နော်။

သတို့သမီးလေးတို့ရေ မင်္ဂလာဝတ်စုံဆိုတာ ကိုယ့်တသက်တာမှာ တစ်ခါသာ ဝတ်ရတဲ့ ဝတ်စုံပါနော်။ ပြီးတော့ ကိုယ့်ရဲ့ စိတ်ကြိုက်အရောင်၊ ဒီဇိုင်း အားလုံး သေချာစီစဉ်ပြီး ရွေးထားတာမို့ တကယ့်ကို အဓိပ္ပါယ်ရှိမယ့် ဝတ်စုံလေး ဖြစ်နေမှာ သေချာ့ပါတယ်။ ဒီလို ဝတ်စုံလှလှလေးကို ဝတ်ဆင်ပြီး အမိအရ လှလှပပ မှတ်တမ်း တင်ထားမိဖို့တော့ လိုပါတယ်နော်။ သတို့သမီးလေးတို့အတွက် ဝတ်စုံအလှလည်း ပေါ်ပြီး သတို့သမီးလည်း လှမယ့် ပို့စ်လေးတွေ ပြောပြပေးလိုက်ပါတယ်။

ပုဝါစကို ဖြန့်ထားပြီး

ပုဝါစကို ဖြန့်ထားပြီး  (photo: studio23photo.com)

သတို့သမီးလေးတို့ရဲ့ ပုဝါစကို ဖြန့်ထားပြီး အနောက်ဘက်ကနေ ရိုက်ထားတဲ့ ပုံလေးပါ။ ဒီပုံလေးက ဝတ်စုံရဲ့ ကြီးကျယ်မှု၊ ခမ်းနားမှုတို့ကို ပြနေမှာ ဖြစ်သလို သတို့သမီးလေးရဲ့ ခန္ဓာကိုယ် နောက်ကျောအလှကိုလည်း မြင်ရစေမယ့် ပုံလေးပါ။

ဒီဇိုင်နာရဲ့ ဒီဇိုင်း

ဒီဇိုင်နာရဲ့ ဒီဇိုင်း (photo: Mug Wedding)

ဒီဝတ်စုံလေးက ရိုးရှင်းတယ်လို့ ထင်ရမယ့် ဝတ်စုံကို သေချာ အနီးကပ် မြင်ရမယ့် ပုံလေးပါ။ သတို့သမီးလေးရဲ့ နောက်ကျောနဲ့ ဒီဇိုင်နာ ဖန်တီးယူထားတဲ့ ဂါဝန် အောက်အနားတွန့်တွေကို သေချာလေး တွေ့ရမှာပါ။ ပိတ်စ အမျိုးအစားပါ တိတိကျကျ မြင်ရနိုင်တာမို့ နောက်ပိုင်းဓါတ်ပုံတွေ ပြန်ကြည့်တဲ့အခါ “ကိုယ်တွေ မင်္ဂလာဆောင်တုန်းက ဒီပိတ်စခေတ်ပေါ့၊ အရမ်းလှလို့ မင်္ဂလာဝတ်စုံချုပ်ဝတ်ခဲ့တာ” ဆိုပြီး ခေတ်နဲ့တောင် ပြန်ပြောပြလို့ ရမယ့် ပို့စ်လေးပါ။

ဝတ်စုံ တစ်စုံလုံးရဲ့ အလှ

ဝတ်စုံ တစ်စုံလုံးရဲ့ အလှ  (photo: studio23photo.com)

သတို့သမီးလေးတို့ရဲ့ ဝတ်စုံ တစ်စုံလုံး အလှကို ပေါ့ပေါ့ပါးပါး ပို့စ်လေးနဲ့ ပြချင်တယ်ဆိုရင်တော့ ဒီလိုပို့စ်မျိုး ရိုက်ပါ။

ကျော့ရှင်းတဲ့ မူဟန်

ကျော့ရှင်းတဲ့ မူဟန်   (photo: studio23photo.com)

သတို့သမီးလေးတို့ရဲ့ ကျော့ရှင်းတဲ့ မူဟန်နဲ့ ဝတ်စုံလေးရဲ့ အလှကို ပေါင်းစပ်ထားတဲ့ ပို့စ်လေးပါ။ ဝတ်စုံ တစ်စုံလုံး ဇာအနားတွေက အစ သေချာ မြင်ရမှာ ဖြစ်တဲ့အပြင် သတို့သမီးလေးတို့ရဲ့ ခန္ဓာကိုယ်အလှလည်း ပေါ်လွင်စေမယ့် ပို့စ်တစ်ခုပါပဲနော်။

ကနေသယောင် သတို့သမီးလေး

ကနေသယောင် သတို့သမီးလေး (photo: studio23photo.com)

သတို့သမီးလေးတို့ လက်လေးနှစ်ဖက်ကို မြှောက်ပြီး ယှက်ထားတာက ကနေသယောင် ပို့စ်လေး ဖြစ်နေစေမှာဖြစ်ပြီး ဖြန့်ထားတဲ့ မင်္ဂလာဝတ်စုံနဲ့ လိုက်ဖက်ညီနေစေမှာပါနော်။

သတို့သမီးလောင်းလေးတို့ရေ ကိုယ့်ရဲ့ အဓိပ္ပါယ် အရှိဆုံး မင်္ဂလာဝတ်စုံနဲ့ မှတ်တမ်းတင်ထားမယ်ဆိုရင်တော့ ဒီလို အမိုက်စား ပို့စ်တွေ ပေးလိုက်တော့နော်။

From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords