သတို့သားအရံလေးတွေနဲ့အတူ အမှတ်တရ အခိုက်အတန့်လေးတွေ

by: Editor
 0 comments  0 love

ပျော်စရာကောင်းတဲ့ အမှတ်တရတွေကို အမြဲ သတိရနေဖို့ သတို့သားလေးရယ် သတို့သားအရံလေးတွေရယ် ပေါင်းပြီး ဘယ်လိုပုံစံလေးတွေ ဓာတ်ပုံရိုက်ရမလဲဆိုတာ . . .

 

မင်္ဂလာပွဲ တစ်ပွဲဆိုရင် လူတွေ အားလုံးက သတို့သမီးလေးကိုပဲ ဦးစားပေးကြတာပါ။ သတို့သမီးလေး ရဲ့ အလှအပကိုပဲ စိတ်ဝင်စားကြတယ်။ သတို့သမီးလေးကိုပဲ ဓာတ်ပုံတွေ ရိုက်ပေးကြတယ်။ တကယ်ဆို သတို့သားလေးအတွက်လည်း အမှတ်တရ ဓာတ်ပုံလေးတွေ ရိုက်ပေးဖို့ လိုပါတယ်။ အထူးသဖြင့်တော့ သတို့သားလေးနဲ့ သူ့ရဲ့ အချစ်ဆုံး သူငယ်ချင်းတွေ ဖြစ်တဲ့ သတို့သား အရံလေးတွေရဲ့ ပျော်ပျော်ရွှင်ရွှင် ပုံလေးတွေကိုလည်း မင်္ဂလာပွဲအတွက် အရေးပါတဲ့ အမှတ်တရလေးတွေ အနေနဲ့ မှတ်တမ်းသင်တင့်တာမို့ ဘယ်လိုပုံလေးတွေ ဓာတ်ပုံရိုက်ထားသင့်လဲဆိုတာ Marry က ပြောပြပေးမယ်လေ။

သတို့သားလေးရော၊ သတို့သားအရံလေးတွေရော ဝတ်စားဆင်ယင် ပြင်ဆင်နေကြပုံတွေကိုလည်း ဒီလို ဓာတ်ပုံရိုက်မှတ်တမ်းတင်ထားပါ။

အဲ့လို ဝတ်စားပြင်ဆင်နေပုံကို ဓာတ်ပုံရိုက်တဲ့အခါ သတို့သားလေးရဲ့ အဓိက အပြုအမူလေးကို Focus ယူပြီး နောက်မှာ သတို့သားအရံလေးတွေရဲ့ ပုံရိပ် ခပ်ဝါးဝါးလေးတွေ ပါနေတဲ့ ပုံလေးတွေလည်း ရိုက်သင့်ပါတယ်နော်။

အားလုံး ပြင်ဆင်ပြီးတဲ့ အခါမှာလည်း သူငယ်ချင်းတွေ ချစ်ချစ်ခင်ခင် ဒီလိုပုံစံလေး ပိုစ့်ပေးပါဦးနော်။

အားလုံးစ အဆင်သင့် ဖြစ်ပြီဆိုရင် သတို့သမီးလေးဆီ အပြေးအလွှား အားကြိုးမာန်တက် ပြေးသွားတဲ့ ပုံလေးလည်း ဓာတ်ပုံရိုက်ထားပါ။ အပျော်ပုံ၊ ဟာသ ပုံလေးပေါ့။

ပျော်ပျော်ရွှင်ရွှင်နဲ့ အားပါးတရ ရယ်မောနေတဲ့ ဒီလိုပုံမျိုးလေးတွေကလည်း သတို့သားလေးအတွက် မင်္ဂလာပွဲနဲ့ ပတ်သက်ပြီး လှပတဲ့ အမှတ်တရလေးတွေမို့ ဓာတ်ပုံလေး ရိုက်ထားသင့်တယ်နော်။

From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords