မြန်မာပြည်အတွင်းမှာ Pre Wedding ရိုက်ကူးလို့ ကောင်းတဲ့နေရာများ

by: seng yar
 0 comments  1 love

ဘယ်နေရာလေးတွေ ဖြစ်မလဲ ဆိုတာကို ဖတ်ကြည့်ပေးနော်

Pre Wedding ပုံလေးတွေကို ပြည်တွင်းမှာ ရိုက်မယ် ( Photo : onethreeonefour )

Marry ရဲ့ မင်္ဂလာမောင်နှံလောင်းတို့ရေ မင်္ဂလာပွဲအတွက် ပြင်ဆင်နေပြီလားဟင်။ မင်္ဂလာပွဲလေး အတွက် ပြင်ဆင်တဲ့အချိန်မှာ Pre Wedding ပုံလေးတွေအတွက်ရော ဘယ်နေရာလေးမှာ ရိုက်ကူးမယ်လို့ ကြိုတွေးထားတာမျိုး ရှိပြီးလား။ မရှိသေးဘူး ဆိုရင် အခု Marry ကနေ မြန်မာပြည်အတွင်းမှာ Pre Wedding ရိုက်ကူးလို့ အကောင်းဆုံးနေရာများကို အကြံပေးချင်ပါတယ်။ ဘယ်နေရာလေးတွေ ဖြစ်မလဲ ဆိုတာကို ဖတ်ကြည့်ပေးနော်။

နံပါတ် တစ်ကတော့ ပုဂံပါပဲ ( Photo : marinkovic-weddings)

နံပါတ် တစ်ကတော့ ပုဂံပါပဲ

Marry ကတော့ တစ်ခါလာလည်း ပုဂံ နောက်တစ်ခါလည်း ပုဂံချည်းပဲလို့တော့ မငြိုငြင်ရဘူးနော်။ Celebrity လေးတွေထဲက ပုဂံမှာ Pre Wedding လှလှလေးတွေ ရိုက်ထားတာကို ပြမယ်နော်။ ချစ်သူလေးတို့ အတွက် ပုဂံမြေက ဘယ်လောက်တောင် ပုံကောင်းလေးတွေ ဖန်တီးပေးနိုင်တယ် ဆိုတာကို ပုံလေးတွေမှာ ကြည့်ပေးနော်။

ကမ်းခြေဆို ချောင်းသာကို ရွေးမယ် ( Photo : pinterest )

ချောင်းသာ

ချောင်းသာကတော့ ကမ်းခြေ Pre Wedding အတွက် အကောင်းဆုံး ရွေးချယ်မှုလို့ ဆိုရမှာပါ။ တကယ်တန်းဆို ချောင်းသာထက် လှတဲ့ ကမ်းခြေတွေက မြန်မာပြည်မှာ အများမှ အများကြီး ဆိုတာ မှန်ပါတယ်။ ဂေါ်ရန်ဂျီကျွန်းတို့ ငွေဆောင်တို့ ငပလီတို့က ပိုလှပါတယ်။ ဒါပေမယ့် သွားရေး လာရေး နေရေးတွေ အဆင်အပြေဆုံး နေရာဆိုပြီး ကမ်းခြေ တစ်ခုကို ရွေးပါဆိုရင်တော့ ချောင်းသာပဲ ရွေးချယ်ရပါတော့တယ်။

အခု အကြံပေးထားတဲ့ နေရာလေး နှစ်ခုကတော့ ပြည်တွင်းမှာ Pre Wedding အရိုက်အများဆုံး နေရာလေးပဲ ဖြစ်ပါတယ်နော်။ Marry ရဲ့ မောင်နှံလေးတွေလည်း ဒီနေရာလေးတွေမှာ Pre Wedding ပုံလေးတွေကို ရိုက်ကူးနိုင်ဖို့ ဝေမျှပေးလိုက်ရပါတယ်။

 

From Marry with


Comments

0 comments
Latest video
Refer to more useful articles