Advertisement

ဒီတစ်ခါမှာတော့ Marry က Outdoor ရိုက်တဲ့အခါ အဆောက်အဦးကို နောက်ခံထားရိုက်မယ့် စုံတွဲတွေအတွက် ပို့စ်လေးတွေ ဖော်ပြလိုက်ပါတယ်နော်။

စုံတွဲလေးတို့ရေ မင်္ဂလာပွဲ ကျင်းပဖို့ ပြင်ဆင်ကြတဲ့အခါမှာ Pre wedding ကတော့ မဖြစ်မနေ ရိုက်ကြတာပဲမလား၊ Pre wedding ရိုက်တဲ့အခါမှာလည်း Indoor ရော Outdoor ပါ ရိုက်လေ့ ရှိကြပါတယ်။ Indoor ရိုက်တဲ့အခါမှာ ပို့စ်ပေးရတာတွေက နည်းပေမယ့် Outdoor ရိုက်ရင်တော့ ပို့စ်ပေးရတာက များပါတယ်။ Outdoor ရိုက်တဲ့အခါမှာလည်း ရွေးချယ်ရမယ့် နေရာတွေက အရမ်းကို များပါတယ်။ ဒီတစ်ခါမှာတော့ Marry က Outdoor ရိုက်တဲ့အခါ အဆောက်အဦးကို နောက်ခံထားရိုက်မယ့် စုံတွဲတွေအတွက် ပို့စ်လေးတွေ ဖော်ပြလိုက်ပါတယ်နော်။

Outdoor ကို အဆောက်အဦး နောက်ခံထားပြီး ရိုက်တဲ့အခါမှာ အဆောက်အဦးပေါ်အောင် ရိုက်မှာ ဖြစ်တဲ့အတွက် သတို့သားနဲ့ သတို့သမီးလေးရဲ့ မျက်နှာအနီးကပ် ရိုက်တဲ့ ပုံတွေတော့ အရနည်းမှာပါနော်။ ဒီအချက်ကိုတော့ သတိထားရမှာပါ။ စုံတွဲလေးတို့က မျက်နှာအနီးကပ်ပုံ လိုချင်တယ်ဆိုရင်တော့ ဓါတ်ပုံဆရာကို ကြိုပြောဖို့ လိုပါတယ်။

အဆောက်အဦးကြားထဲမှာ

အဆောက်အဦးကြားထဲမှာ ချစ်သူစုံတွဲလေး နှစ်ယောက် နဖူးချင်းထိပြီး မတ်တပ်ရပ်နေတဲ့ ပို့စ်လေးပါ။ ဒါက စုံတွဲလေးတို့ သိပ်မပေါ်ဘဲ အဆောက်အဦးကို အသားပေးထားတဲ့ ပုံဖြစ်ပြီး လှလွန်းတဲ့  အဆောက်အဦးကြားက ချစ်ခြင်းမေတ္တာကို ပြတဲ့ပုံလေးပါပဲ။

ဟာသပို့စ်လေး

စုံတွဲလေးတို့ရေ ဓါတ်ပုံရိုက်တဲ့အခါ တောင့်တောင့်ကြီးပဲ နေနေမိလား၊ ဒါဆိုရင်တော့ ဒီပုံမျိုးလေး ဟာသပို့စ်လေး တစ်ခုလောက် လုပ်ကြည့်ပါ။ အဆောက်အဦးကြီးလည်း ပေါ်လွင်ပြီး စုံတွဲလေးတို့ ပျော်ရွှင်ရတဲ့ ပုံလေးလည်း ရမှာပါ။

အကြင်နာ အနမ်းလေးတွေ ပေးကြမယ်

စုံတွဲလေးတို့ရေ အဆောက်အဦးကို နောက်ခံထားပြီး စုံတွဲလေးတို့ အကြင်နာ အနမ်းလေး ပေးနေတဲ့ပုံလေး ရိုက်ကြည့်ပါ။ ဒါက အဆောက်အဦးရော စုံတွဲလေးတို့ ပုံပါ ပေါ်လွင်စေပါတယ်နော်။

မင်းလက်လေး နမ်းပါရစေ

ချစ်သူကောင်မလေးရဲ့လက်ကို အကြင်နာ ပေးနေတဲ့ ပုံလေးရအောင်ပို့စ်ပေးပါ။ အဆောက်အဦးရှေ့မှာ ကျောက်ရုပ်လို မတ်တပ်ရပ်နေတာမျိုး မဟုတ်ဘဲ ခုလိုပေါ့ပါးတဲ့ ပို့စ်လေးတွေ ပေးမယ်ဆိုရင် အဆောက်အဦးရော နှစ်ယောက်စလုံးပါ ပါဝင်မှာ ဖြစ်ပါတယ်။

အဆောက်အဦးကို မျက်နှာမူလျက်

စုံတွဲလေးတို့ ကင်မရာရှေ့မှာ ဘယ်လိုပုံစံလေး နေပြရမယ်မသိရင်တော့ အဆောက်အဦးကိုမျက်နှာမူ ထားပြီး ကင်မရာဘက်ကို ကျောပေးထားတဲ့ ပို့စ်လေး ရိုက်ပါ။ ဒါဆိုရင် စုံတွဲလေးတို့ ဖိအားမများဘဲ ပေါ့ပေါ့ပါးပါး အလှဓါတ်ပုံ ရရှိမှာပါနော်။

သတို့သမီးလောင်းလေးကို ချီိနိုင်လား

ဒီပို့စ်လေးကိုတော့ စုံတွဲလေးတိုင်း သဘောကျမယ်ထင်ပါတယ်နော်။ သတို့သမီးလေးကို ချီထားပြီး ပြုံးပျော်နေတဲ့ ပုံလေးပါ။ အဆောက်အဦးလေးတွေ ကြားထဲမှာပေါ့။

ပြိုင်ပြေးမလား

အဆောက်အဦးလည်း ပါချင်၊ ပေါ့ပါးပြီး ပြုံးချင်နေတဲ့ စုံတွဲနှစ်ယောက်စလုံး ပုံလည်း လိုချင်ဆိုရင်တော့ ဒါမျိုးလေး အပြေးပြိုင်တဲ့ပုံလေး ရိုက်ပါ။ ဓါတ်ပုံဆရာ အမိအရ ရိုက်နိုင်ဖို့တော့ လိုတာပေါ့နော်။

Comments

0 comments