စုံတွဲပုံရိုက်တဲ့အခါ Romantic ဆန်အောင် ဘယ်လို Pose မျိုးတွေ ပေးမလဲ

by: seng yar
 0 comments  0 love

အချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် နီးနီးကပ်ကပ်ရှိနေတာမျိုး မဟုတ်ရင်တောင် အသားချင်းထိနေတဲ့ပုံစံမျိုးလေးတွေကို ပြုလုပ်ပေးပါနော်

RS တွေ အတွက်ကတော့ ကိုယ်နဲ့ကိုယ့်ချစ်သူ အမှတ်တရပုံတွေ ရိုက်တဲ့အချိန် တခြားသူတွေနဲ့ မတူတဲ့ပုံစံမျိုးတွေနဲ့ ပုံလေးတွေ ရိုက်ချင်ကြပါတယ်။ ဒါပေမယ့် ဘယ်လို Pose မျိုး လုပ်ရမလဲ မသိဘူး ဖြစ်နေတယ်ဆိုရင်တော့ RS တွေ စုံတွဲပုံရိုက်တဲ့အခါ Romantic ဆန်အောင် ဘယ်လို Pose မျိုးတွေ ပေးလို့ ရမလဲဆိုတာကို Marry က ပြောပြပေးချင်ပါတယ်။

 

လည်ပင်းကို သိုင်းဖက်ထားပါ

လည်ပင်းကို သိုင်းဖက်ထားပါ

တစ်ယောက်နဲ့တစ်ယောက် ကြင်နာနေတဲ့ပုံစံလေး ဖြစ်နေစေဖို့အတွက် လည်ပင်းကို သိုင်းဖက်ပေးထားတဲ့ပုံစံလေး ရိုက်ကူးပါ။ အနောက်ကနေ လည်ပင်းကို သိုင်းထားတဲ့ပုံစံမျိုး၊ ဘေးတိုက နေရင်း ပုခုံးပေါ် လက်တင်ထားမယ်။ တင်ထားတဲ့လက်ကိုမှ လည်းပင်းကို ပြန်သိုင်းထားသလို ပုံစံမျိုး ပြုလုပ်ပေးနိုင်ပါတယ်။  ပင်လယ်ကမ်းစပ်မှာ Pre Wedding ဓါတ်ပုံလေးတွေ လှစေချင်တဲ့အချိန်မှာ ဘယ်လိုလေးတွေ ရိုက်ကူးပေးနိုင်မလဲဆိုတာကိုလည်း ဖတ်ကြည့်ပေးနိုင်ပါတယ်။

 

ပါးပေါ် လက်တင်ထားပါ

ပါးပေါ် လက်တင်ထားပါ

တစ်ယောက်က ကျန်တစ်ယောက် ပါးပေါ် လက်တင်ထားပါ။ နှစ်ယောက်လုံး ပြိုင်တူတင်ထားတာမျိုးတော့ မဟုတ်ဘူးနော်။ ကောင်လေးက ကောင်မလေး ပါးပေါ်တင်တာဖြစ်ဖြစ် ကောင်မလေးက ကောင်လေး ပါးပေါ်တင်တာပဲ ဖြစ်ဖြစ် ပြုလုပ်ပေးပါ။ ဒီ Pose လေးကတော့ မြင်လိုက်ရတာနဲ့ ချစ်ခင်နေတဲ့ စုံတွဲလေးဆိုတာကို သိသာနေစေမယ့် ပုံစံလေးတွေ ထဲက တစ်ခုပါပဲ။

ပါးပေါ် လက်တင်ထားပါ

နောက်ကနေ ဖက်ထားပါ

အနောက်ကနေ သိုင်းဖက်ပေးပါ။ ဖက်တဲ့နေရာမှာ ခါးကိုပဲ ဖက်ဖက်၊ ပုခုံးကိုပဲ ဖက်ဖက် ဖက်လို့ရပါတယ်။ ဘယ်လို Pose မျိုးပဲ ဖြစ်စေ Romantic ဆန်နေတဲ့ပုံစံလေး ဖြစ်ဖို့အတွက်ကတော့ အချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် နီးနီးကပ်ကပ်ရှိနေတာမျိုး မဟုတ်ရင်တောင် အသားချင်းထိနေတဲ့ပုံစံမျိုးလေးတွေကို ပြုလုပ်ပေးပါ။

Marry ရဲ့ ချစ်စရာစုံတွဲလေးတွေရေ RS တွေ စုံတွဲပုံရိုက်တဲ့အခါ Romantic ဆန်အောင် ဘယ်လို Pose မျိုးတွေ ပေးမလဲဆိုတာအတွက်ကတော့ ခေါင်းခြောက်ခံ စဉ်းစားနေစရာ မလိုဘူးနော်။ Marry ပြောပြပေးထားတဲ့ပုံစံလေးတွေကို စမ်းကြည့်ပေးလိုက်ရုံပါပဲ။ တကယ်လို့ RS လေးတွေကြား အိမ်မွေးတိရိစ္ဆာန်လေးတွေနဲ့ မင်္ဂလာဓာတ်ပုံ ရိုက်ကူးဖို့ တွေးနေမယ်ဆိုရင်လည်း ဘယ်လိုလေးတွေက အကောင်းဆုံး ဖြစ်မလဲ ဆိုတာတွေကို ကြည့်ပေးလိုက်ပါနော်။

From Marry with


Comments

0 comments
Latest video