Advertisement

ချစ်ရသူရဲ့ ရင်ခွင်ထဲမှာ နေရတဲ့အချိန်က ဘယ်သူမဆို သာယာမှုတွေ ရရှိတဲ့ အချိန်ပါပဲ။ Pre wedding ရိုက်နေလို့ အရမ်း Stress ကြီး မထားဘဲ ဒါမျိုးလေးတွေပဲ ရိုက်ပါနော်။

Pre wedding ကို မင်္ဂလာဝတ်စုံကြီးတွေ ဝတ်ပြီး မရိုက်ချင်ဘူး၊ ပေါ့ပေါ့ပါးပါး ဝတ်စုံလေးနဲ့ Night Scene လေးဝတ်ချင်တဲ့သူတွေအတွက် Pre wedding ဓါတ်ပုံလေးတွေ မျှဝေပေးချင်ပါတယ်။ စုံတွဲလေးတို့ရေ ညမှောင်မှောင်ထဲမှာ အပြုံးလှလှလေးတွေ ရဖို့ဆိုတာ လွယ်တော့မလွယ်ဘူးနော်။ ဘယ်လိုပို့စ်လေးတွေ ပေးလို့ ရတယ်ဆိုတာ ကြည့်ကြည့်ပါဦးနော်။

မီးရှူးမီးပန်းတွေ ဖောက်ကြမယ်

မီးရှူးမီးပန်းတွေ ဖောက်ကြမယ် (photo: TuArt Wedding – Da Lat)

photo: TuArt Wedding – Da Lat

photo: TuArt Wedding – Da Lat

စုံတွဲလေးရေ ညမှောင်မှောင်မှာ မီးရှူးမီးပန်းလေးတွေရဲ့ အရောင်လေးတွေကလည်း လင်းလက်နေပြီး မီးရှူးပန်းတွေရဲ့ အသံနဲ့ ထပ်တူထပ်မျှ ရင်ခုန်သံတွေ ဆူညံနေမှာပါနော်။ စုံတွဲလေးတို့ ပုံမှန် မီးရှူးမီးပန်း ဖောက်သလို Pose ပေးရင် ရပါပြီနော်။

အချစ်ရဲ့ ရင်ခွင်ထဲ

အချစ်ရဲ့ ရင်ခွင်ထဲ (photo: TuArt Wedding – Da Lat)

photo: TuArt Wedding – Da Lat

စုံတွဲလေးတို့ရေ  ချစ်သူ့ပခုံးပေါ် ခေါင်းလေးမှီလို့ ချစ်သူ့ ရင်ခွင်ထဲ တိုးဝှေ့လို့ အလှဆုံး ပုံလေးတွေ ရိုက်ကြမယ်ဆိုရင်တော့ ဒီလိုမျိုး အရမ်းအားစိုက်စရာ မလိုတဲ့ ပို့စ်လေးတွေ ပေးလို့ ရပါတယ်။ စုံတွဲလေးတို့ ချိန်းတွေ့တဲ့ ပုံလေးအတိုင်းပဲ နေလိုက်ရုံပဲနော်။ ကတ်ဆက်လေးတွေ၊ မီးပုံလေးတွေကတော့ ဓါတ်ပုံဆရာနဲ့ ညှိဖို့ လိုပါတယ်နော်။

အကင်တွေ စားမယ်

အကင်တွေ စားမယ် (photo: TuArt Wedding – Da Lat)

photo: TuArt Wedding – Da Lat

စုံတွဲလေးတို့ရေ မီးပုံပွဲလေးမှာ အကင်လေးတွေ ကင်စားတဲ့ ပုံလေး ရိုက်ကူးလို့ ရတယ်နော်။ ပေါ့ပေါ့ပါးပါးလေးနဲ့ လှအောင် ရိုက်လို့ရမယ့် Pre wedding ပါ။ စုံတွဲလေးတို့ စိတ်ဖိစီးမှု အရမ်းမများဘဲ ပုံမှန်အတိုင်း ချစ်သူနှစ်ဦး စကားပြောနေတဲ့ ပုံလေး ပို့စ်ပေးရုံပါပဲနော်။

မောင့်ရင်ခွင်ထဲ မှေးစက်မယ်

မောင့်ရင်ခွင်ထဲ မှေးစက်မယ် (photo: TuArt Wedding – Da Lat)

ချစ်ရသူရဲ့ ရင်ခွင်ထဲမှာ နေရတဲ့ အခိုက်အတန့်က ဘယ်သူမဆို သာယာမှုတွေ ရရှိတဲ့ အချိန်ပါပဲ။ Pre wedding ရိုက်နေလို့ အရမ်း Stress ကြီး မထားဘဲ ဒါမျိုးလေးတွေပဲ ရိုက်ပါနော်။

စုံတွဲလေးတို့ရေ Night Scene ပုံလေးတွေ လှလှလေး ရိုက်နိုင်ပါစေလို့ Marry က ဆုတောင်းပေးလိုက်ပါတယ်နော်။

photo: TuArt Wedding – Da Lat

Comments

0 comments