Advertisement

အချိန်လေးတွေကို အမှတ်တရ ဖြစ်စေဖို့ Pre Wedding ပုံလေးတွေ ရိုက်ရင် ဘယ်လို Pose မျိုး ပေးလို့ ရနိုင်မလဲ ဆိုတာ အတွက် Marry က ဝေမျှပေးလိုက်ရပါတယ်

အချစ်နဲ့ ကော်ဖီ ရှိရင် ပြည့်စုံပြီ

Marry ရဲ့ မင်္ဂလာမောင်နှံလောင်းလေးတွေမှာ ကော်ဖီချစ်သူတွေ ရှိကြလားဟင်။ ရှိကြတယ်ဆိုရင် ချစ်သူဘဝကနေ မင်္ဂလာပွဲလေး ကျင်းပမယ့် အချိန်အတွက် Pre Wedding ပုံလေးတွေ ရိုက်တဲ့အချိန် ဘယ်လိုမျိုး ရိုက်ကူးမယ်လို့ တွေးထားပါသလဲ။ Marry ကတော့ နှစ်ယောက်သား အမှတ်တရတွေ ပြည့်နေတဲ့ ကော်ဖီဆိုင်လေး တစ်ဆိုင်ကို ရွေးလိုက်ပြီး အခု Marry ပြောပြပေးမယ့် ပုံစံမျိုးလေးကို စိတ်ကူး ပုံဖော်လိုက်ဖို့ ပြောပြလိုက်ရပါတယ်။

ကော်ဖီဆိုင်လေး အောက်က ချစ်ခြင်းများ

ကော်ဖီဆိုင်လေးရဲ့ အပြင်အဆင်လေးတွေကြားက ကြည်နူးစရာ စုံတွဲလေး အဖြစ် နေရာယူပေးပါနော်။

For Ever More

အချစ်တွေဆိုတာ ထာဝရ အတွက် တည်တံ့နေမယ်။ ချစ်ခြင်းတွေကို နေ့တိုင်း သိမ်းထားမယ်။

အချစ်နဲ့ ကော်ဖီ ခွဲလို့ ဘယ်ရနိုင်ပါ့မလဲ

အချစ်နဲ့ ကော်ဖီ ဘယ်သူ့ကို ရွေးမလဲ မေးရင် အချစ်လက်ကလေး ကိုင်ရင်း ကော်ဖီ အတူတူ သောက်ပါရစေဆိုတာကိုပဲ ကိုယ်ရွေးချယ်မိမှာပါ။

အချစ်ဆုံး ကော်ဖီ

ချစ်ခြင်းတွေရဲ့ ကြည်နူးခြင်းတွေဆိုတာကတော့ အချစ်ရဆုံးသူ ပေးတဲ့ လက်စွပ်လေးစွပ်ထားရင်း ကော်ဖီသောက်ရတာပါပဲ။

အချစ်နဲ့သာဆို ဘယ်သူ မပျော်နေနိုင်ပါ့မလဲ

အချစ်နဲ့ အတူ ဘဝကို တည်ဆောက်နိုင်မယ့် နေ့ရက်လေးတွေတိုင်းကို ရင်ခုန်စွာ စောင့်စားနေပါရစေ။

ကော်ဖီသောက်ရင်း စာတူတူ ဖတ်မယ် ဆိုရင်ပေါ့

ကော်ဖီကြိုက်တဲ့သူ အများစုက စာဖတ်တာကိုလည်း နှစ်သက်တတ်ကြပါတယ်။ ကော်ဖီသောက်ရင်း စာတူတူ ဖတ်ရင်း ကြည်နူးချိန်တွေကို ပုံတွေကြား အမှတ်တရ ထားမယ်။

ကြင်နာသူ လက်တစ်ကမ်း

Marry ရဲ့ ကော်ဖီ ချစ်သူလေးတို့ရေ အချစ်နဲ့ အတူ ကော်ဖီဆိုင်လေးထဲ ကြည်နူးခြင်း အချိန်လေးတွေကို အမှတ်တရ ဖြစ်စေဖို့ Pre Wedding ပုံလေးတွေ ရိုက်ရင် ဘယ်လို Pose မျိုး ပေးလို့ ရနိုင်မလဲ ဆိုတာ အတွက် Marry က ဝေမျှပေးလိုက်ရပါတယ်။

Photo: angelheblog

Comments

0 comments