Advertisement

အရမ်းကြီး မခက်တဲ့ ပို့စ်လေးတွေမို့ သတို့သမီးလေးတို့ ရိုက်ဖြစ်အောင် ရိုက်ခဲ့ပါနော်

သတို့သမီးလေးတို့ရေ Pre Wedding ဆိုတာ ကိုယ့်စိတ်ကူးထဲက ဖြစ်ချင်တဲ့အရာတစ်ခုပဲမလားနော်။ ဒီတော့ Pre wedding ရိုက်တဲ့အခါမှာ အားလုံးဟာ သတို့သမီးလေး အကြိုက် ဖြစ်နေဖို့ လိုတာပေါ့။ စိတ်ကြိုက်ရိုက်မယ့် သဘောပေါ့နော်။ ဒီတော့ စုံတွဲပုံလည်း ရိုက်၊ သတို့သမီးလေး တစ်ဦးတည်းလည်း ဝတ်စုံလှလှနဲ့ အပီအပြင် ပို့စ်ပေးပြီး ရိုက်သင့်ပါတယ်။ ဒါမှ ကိုယ့်စိတ်ကြိုက် ဖန်တီးစီစဉ်ထားတဲ့ Pre wedding က ပိုပြီးအသက်ဝင်မှာမလားနော်။ သတို့သမီးလေးတို့ ပို့စ်ပေးတတ်အောင် ပုံလေးတွေကြည့်ပြီး လေ့ကျင့်ထားနော်။

စမတ်ကျတဲ့ ပို့စ်လေး

ကျော့ရှင်းတဲ့ သတို့သမီးလေး (photo: TuArt Wedding – Da Nang)

သတို့သမီးလေးတို့ရေ ခန္ဓာကိုယ်အလှလေးလည်း ပေါ်ချင်တယ်၊ ကြည့်လိုက်တာနဲ့ စမတ်ကျပြီး လှပတဲ့ပုံလေးလည်း ဖြစ်ချင်တယ်ဆိုရင်တော့ တည့်တည့်မတ်မတ်ကြီး ရပ်မနေဘဲ တစောင်းအနေအထားလေး နေပါ။ ရင်လေး ကော့ပါ။ မျက်နှာပြုံးတာ တည်တာကတော့ သတို့သမီးလေးတို့ နှစ်သက်သလိုပေါ့နော်။ ခန္ဓာကိုယ်ကိုတော့ ဒီလိုအနေအထားအတိုင်း ထားပေးနော်။

ဘုရင်မတစ်ပါးအသွင်

ဘုရင်မတစ်ပါးအသွင် (photo: TuArt Wedding – Da Nang)

သတို့သမီးလေးတို့ရေ ခါးသိမ်တာလေး ပေါ်ပြီး ဘုရင်မတစ်ပါးလို ခန့်ညားတဲ့ သွင်ပြင်မျိုး ရဖို့ ဒီလိုပို့စ်လေး လေ့ကျင့်ထားနော်။ သတို့သမီးလေးတို့ အိမ်မှာ ထိုင်နေရင်းနဲ့တောင် လေ့ကျင့်လို့ ရပါတယ်။ ခါးလေးကို မတ်ထားပြီး လက်လေးနှစ်ဖက် ယှက်ထားတဲ့ ပုံလေးပါ။ ဒါမျိုးလေး ရိုက်ဖြစ်အောင် ရိုက်ပါနော်။

ဝတ်စုံအသားပေး

ဝတ်စုံအသားပေး (photo: TuArt Wedding – Da Nang)

ဒီလိုပို့စ်မျိုးကတော့ သတို့သမီးလေးရဲ့ မျက်နှာအလှ ၊ ချစ်စရာကောင်းတဲ့ အပြုံးနဲ့ ဝတ်စုံကို အသားပေးပြီး ရိုက်ထားတာပါပဲ။ သတို့သမီးလေးတို့ ဝတ်စုံတိုင်းနဲ့ မရိုက်ဘူးဆိုရင်တောင် ရွေးထားတဲ့ ဝတ်စုံထဲက အကြိုက်ဆုံး တစ်ထည်နဲ့ ဒါမျိုးလေး ရိုက်ပါ။

မင်္ဂလာဝတ်စုံနဲ့ အမှတ်တရ

မင်္ဂလာဝတ်စုံနဲ့ အမှတ်တရ (photo: TuArt Wedding – Da Nang)

သတို့သမီးလေးတို့ရေ ဒီလိုပို့စ်မျိုး ရိုက်ရင်တော့ ခြေထောက် နည်းနည်းလေး ညောင်းနိုင် နာနိုင်ပါတယ်နော်။ ဒီအချက်ကိုတော့ သတိထားရမှာပါ။ အလှဆုံး ဂါဝန်ကြီးနဲ့ အတူ ပို့စ်ပေးရမှာပါ။ ဝတ်စုံတစ်ခုလုံးကို ဖြန့်ပြီး ကိုယ်က ဝတ်စုံရဲ့ အလှကြားမှာ တည်ရှိနေတဲ့ ပို့စ်လေးပါ။

အရမ်းကြီး မခက်တဲ့ ပို့စ်လေးတွေမို့ သတို့သမီးလေးတို့ ရိုက်ဖြစ်အောင် ရိုက်ခဲ့ပါနော်။

Photo: TuArt Wedding – Da Nang

Tags: advicebeautybridephotography

Comments

0 comments