Pre wedding ဓာတ်ပုံလေးတွေ ပိုလှစေဖို့ အားဖြည့်ပေးမယ့်အရာတွေ

by: Nway Nway Aung
 0 comments  1 love

 နောက်ဆုံးပေါ် ဖြစ်တာ မဖြစ်တာထက်၊ ဈေးကြီးတာ မကြီးတာထက်၊ ကိုယ်နဲ့ လိုက်ဖက်မယ့် ဝတ်စုံကို ရွေးချယ်ပါ

Pre wedding ဓာတ်ပုံလေးတွေ ပိုလှစေဖို့ အားဖြည့်ပေးမယ့်အရာတွေ (Photo – Pinterest)

Marry ရဲ့ သတို့သမီးလေးတို့ရေ မင်္ဂလာဆိုတာ တစ်သက်မှာ တစ်ခါပဲဆောင်ရတာ ဖြစ်သလို Pre- wedding ဓာတ်ပုံတွေ ဆိုတာကလည်း တစ်သက်တာအတွက် ပြန်မရနိုင်တဲ့ အမှတ်တရပဲ ဆိုတော့ Pre wedding ဓာတ်ပုံလေးတွေကို ပြန်မြင်ရတဲ့ အခါတိုင်း စိတ်ကြည်နူး ကျေနပ်မိဖို့ လိုတာပေါ့နော်။ အဲ့လို စိတ်ကျေနပ်နိုင်ဖို့ Pre wedding ဓာတ်ပုံလေးတွေ ပိုလှစေဖို့ အားဖြည့်ပေးမယ့်အရာတွေ အကြောင်း Marry က ပြောပြပေးချင်ပါတယ်။

မိတ်ကပ်ပညာရှင်

မိတ်ကပ်ပညာရှင် (Photo – The Betoota Advocate)

ရိုက်ကူးရေးနေ့မှာ မိတ်ကပ်လိမ်းပေးမယ့် သူကလည်း ဓာတ်ပုံ ကောင်းကောင်းရဖို့ ပံ့ပိုးပေးမယ့်သူပါပဲ။ မိတ်ကပ်ပြင်တာနဲ့ ပတ်သက်ပြီး ဖြစ်တတ်တဲ့ပြဿနာက ပြင်ဆင်မှုက  ကိုယ်နဲ့ မလိုက်ဖက်ဘူးလို့ ခံစားရတာပါပဲ။ အဓိကကတော့ မိတ်ကပ်ဆရာနဲ့ နားလည်မှုလွဲတာကြောင့် အဲ့ဒိပြဿနာ ဖြစ်တတ်ပါတယ်။

အဲ့ဒါမျိုးမဖြစ်ဖို့ဆိုရင် ရိုက်ကူးရေးမလုပ်ခင်ကတည်းက မိတ်ကပ်ဆရာနဲ့ ကိုယ်နဲ့ သေချာ စကားပြောဆို ညှိနှိုင်းဖို့ လိုပါတယ်။ ကိုယ်လိုချင်တဲ့ ပုံစံ၊ ကိုယ်ရိုက်ကူးမယ့် ပုံစံတွေကို မိတ်ကပ်ဆရာ သေချာနားလည် သဘောပေါက်သွားအောင် ပြောပြပေးထား သင့်ပါတယ်။ မိတ်ကပ်ဆရာနဲ့ ကိုယ်နဲ့ သေချာစကားမပြောထားဖြစ်ဘဲ ရိုက်ကူးရေးလုပ်မယ့်နေ့မှ တွေ့ကြစကားပြောကြမှာ ဆိုရင် ကိုယ့်စိတ်တိုင်းကျ ပြင်ဆင်မှုပုံစံမျိုး မရဖို့ သေချာသလောက် ပါပဲ။

ဝတ်စုံ ဒီဇိုင်း

မင်္ဂလာဝတ်စုံကို အလှဆုံး၊ ခေတ်အမှီဆုံး၊ နောက်ဆုံးပေါ်အဖြစ်ဆုံးကို ဝတ်ချင်ကြတာပါပဲ (Photo moncheribridals.com)

သတို့ သမီးလောင်းလေးတွေ တိုင်းကတော့ မင်္ဂလာဝတ်စုံကို အလှဆုံး၊ ခေတ်အမှီဆုံး၊ နောက်ဆုံးပေါ်အဖြစ်ဆုံးကို ဝတ်ချင်ကြတာပါပဲ။ ဒါပေမယ့် နောက်ဆုံးပေါ်အဖြစ်ဆုံးက ကိုယ့်အတွက် အလှဆုံး ဖြစ်မနေနိုင်ဘူးဆိုတာလေးတော့ သတို့သမီးလောင်းလေးတွေကို သတိပြုစေချင်ပါတယ်နော်။ ဒီတော့ Pre-Wedding ဓာတ်ပုံ ရိုက်ဖို့ ဝတ်စုံရွေးတဲ့အခါ  နောက်ဆုံးပေါ် ဖြစ်တာ မဖြစ်တာထက်၊ ဈေးကြီးတာ မကြီးတာထက်၊ ကိုယ်နဲ့ လိုက်ဖက်မယ့် ဝတ်စုံကို ရွေးချယ်ပါ။ ကိုယ်နဲ့ လိုက်ဖက်တဲ့ ဝတ်စုံကို ရွေးချယ်ဖို့ဆိုတာ ကိုယ့်ခန္ဓာကိုယ် အချိုးအစား၊ အသားအရောင်နဲ့ လိုက်ဖက်မှု ရှိမရှိ ချင့်ချိန်ပြီး ရွေးချယ်ရမှာ ဖြစ်ပါတယ်။

From Marry with


Comments

0 comments
Latest video
Refer to more useful articles