စုံတွဲလေးတို့ Romantic ဆန်တဲ့ ပုံလေးတွေ ရိုက်မယ်ဆိုရင်

by: Phyo Pyae Thu
 0 comments  0 love

စုံတွဲလေးတို့ရေ ခုနောက်ပိုင်းမှာ စုံတွဲလေး တော်တော်များများ professional camera man တွေနဲ့ စုံတွဲပုံလေးတွေ ရိုက်တာ ခေတ်စားလာတယ်နော်။

စုံတွဲလေးတို့ရေ Valentine Day မှာ အမှတ်တရပုံလေးတွေ ရိုက်မယ်တွေးထားလား၊ ခုနောက်ပိုင်းမှာ စုံတွဲလေး တော်တော်များများ professional camera man တွေနဲ့ စုံတွဲပုံလေးတွေ ရိုက်တာ ခေတ်စားလာတယ်နော်။ ဒီတော့ စုံတွဲလေးတို့လည်း Pre weddding မတိုင်ခင် ပုံလေးတွေ ရိုက်မယ်ဆိုရင် ပို့စ်လေးတွေ ကြိုတင်လေ့ကျင့်ထားဖို့ လိုတယ်နော်။

အကြင်နာ ချွေကြမယ်

အကြင်နာ ချွေကြမယ် (photo: anhphanphotographer.com)

စုံတွဲလေးတို့ရေ အကြင်နာ ချွေတဲ့ပုံစံလေးကလည်း စုံတွဲလေးတို့ သဘောကျတဲ့ ပုံစံလေး ဖြစ်မှာပါ။ အများစုက မျက်နှာရှေ့တည့်တည့်က ရိုက်လေ့ ရှိကြပါတယ်။ စုံတွဲလေးတို့က နောက်ကျောဘက်ကနေ ရိုက်မယ်ဆိုရင် တမျိုးလေး ဆန်းသစ်နေမှာပါနော်။

အနာဂတ်အကြောင်း ဆွေးနွေးကြမလား

အနာဂတ်အကြောင်း ဆွေးနွေးကြမလား (photo: anhphanphotographer.com)

ချစ်သူရဲ့ ပခုံးထက်မှာ မှီရတာလောက် လောကကြီးမှာ သာယာလုံခြုံ ပြည့်စုံတာ မရှိတော့ပါဘူးနော်။ စုံတွဲလေးတို့ ထူးထူးဆန်းဆန်း ပို့စ်တွေ ပေးစရာမလိုဘဲ လှနေမှာပါနော်။

အချစ်သက်သေလေးနဲ့

အချစ်သက်သေလေးနဲ့ (photo: Pintrest)

စုံတွဲလေးတို့ရေ အချစ်သက်သေ လက်စွပ်လေးတွေနဲ့လည်း ရိုက်လို့ ရပါသေးတယ်။ လက်စွပ်လေး နှစ်ကွင်းလေး ထိထားတဲ့အပြင် စုံတွဲလေးတို့ လက်လေးတွေလည်း ထိထားတဲ့ ပုံစံလေးပါ။ အရမ်းကို Ro တဲ့ ပုံလေး ဖြစ်မှာ သေချာပါတယ်နော်။

မီးပြတိုက်နဲ့အတူ

မီးပြတိုက်နဲ့အတူ (photo: Pattara Photography)

စုံတွဲလေးတို့ ရေစပ်နားလေးမှာ မီးပြတိုက်နဲ့အတူ ရိုက်ချင်တယ်ဆိုရင်တော့ ဒီလို ပို့စ်လေး ရွေးလို့ ရတယ်နော်။  ပျော်ျေပျာ်ရွှင်ရွှင် လမ်းလျှောက်နေတဲ့ ပုံလေးမလို့ စိတ်ဖိစီးမှု မများဘဲ ရိုက်လို့ ရမှာပါ။

နေရောင်အောက်မှာ

နေရောင်အောက်မှာ(Photo: Vitnem)

နေရောင်ခြည်လေးနဲ့အတူ အချစ်တွေ ဖြာဆင်းနေတဲ့ ပုံစံလေး ရိုက်ချင်တဲ့သူတွေအတွက်တော့ ဒါလေးက အလှဆုံး ပုံလေး တစ်ပုံ ဖြစ်နေမှာပါနော်။

ဆိပ်ကမ်း

ဆိပ်ကမ်းမှာ (photo: Bellery Glasshouse)

စုံတွဲလေးတို့ရေ ဆိပ်ကမ်းနားမှာ ရိုက်ဖို့ အဆင်အပြေဆုံးပါနော်။ သင်္ဘောတွေနဲ့ အမှတ်တရ ဖြစ်နေမှာပါ။

စုံတွဲလေးတို့ ရိုမတ်တစ် ဆန်ဆန် ရိုက်မယ်စိတ်ကူးထားရင်တော့ ဒီလိုပို့စ်လေးတွေ မမေ့ပါနဲ့နော်။

From Marry with

Tag: advicephotographypose

Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords