Advertisement

မင်္ဂလာဓါတ်ပုံတွေမှာနေအလင်းရောင် သိပ်လင်းနေတာမျိုးကလည်း ဓါတ်ပုံကို လှစေမှာ မဟုတ်ဘဲ ပုံတွေထဲ အရောင်တွေများနေတာမျိုး ဖြစ်တတ်ပါတယ်။

 

နေအလင်းရောင်ကို ချိန်ပါ။

မင်္ဂလာပွဲလေးအတွက် Pre- Wedding ပုံလေးတွေကို ရိုက်ကူးတဲ့အချိန်မှာ ဘယ်နေရာတွေမှာ အမှတ်တရ ဖြစ်အောင် ရိုက်ကူးကြမယ်လို့ တွေးထားပါလဲ။ တကယ်လို့ မင်္ဂလာမောင်နှံလေးတွေက မင်္ဂလာပုံလေးတွေကို တောင်ပေါ်မှာ ရိုက်မယ်လို့ ဆုံးဖြတ်ထားရင်တော့ Marry က ပြောပြထားတာလေးတွေကို အရင်ကြိုဖတ်ကြည့်လိုက်ပါနော်။

နေအလင်းရောင်ကို ချိန်ပါ

နေအလင်းရောင် သိပ်လင်းနေတာမျိုးကလည်း ဓါတ်ပုံကို လှစေမှာ မဟုတ်ဘဲ ပုံတွေထဲ အရောင်တွေများနေတာမျိုး ဖြစ်တတ်ပါတယ်။ အလင်းရောင်ကို တကယ်လို့ ခပ်လင်းလင်းလေးလိုချင်တယ်ဆိုရင် မနက်ခင်း စောစောအချိန်မျိုးဖြစ်ဖြစ် ညနေ နေအေးချိန်မှာ ဖြစ်ဖြစ်ရိုက်ကူးပါ။ နေ့လည် နေမွန်းတည့်ချိန်ကတော့ ပြင်ပ အလင်းအရမ်းများသလို ရာသီဥတုကလည်း သိပ်ပူနေရင် မင်္ဂလာမောင်နှံတွေ ပိုပင်ပန်းနိုင်ပါတယ်။

နေရောင်ရဲ့ လားရာကို မမေ့ပါနဲ့။

နေရောင်ရဲ့ လားရာကို မမေ့ပါနဲ့

တောင်တွေကို နောက်ခံထားတဲ့အချိန်မှာ မင်္ဂလာမောင်နှံတွေရဲ့ မျက်နှာကို အသားပေးတဲ့ပုံမျိုး လိုချင်တာဆိုရင် နေရောင်ရဲ့လားရာကို မင်္ဂလာမောင်နှံတွေက မျက်နှာမူပေးရမှာပါ။ မင်္ဂလာမောင်နှံတွေက နေရောင်ရဲ့ လားရာကိုသာ ကျောပေးထားတာမျိုးဆိုရင် မျက်နှာတွေက မည်းနေမှာ ဖြစ်ပါတယ်။ တကယ်လို့ ရှု့ခင်းတွေကို အသားပေးရိုက်ကူးတာတို့ဆိုရင်တော့ တစ်မျိုးပေါ့။

ဘယ်လိုပုံစံမျိုး ရိုက်ကူးချင်တာလဲ ဆိုတာကို ကြိုတင်ပြင်ဆင်ပါ။

ဘယ်လိုပုံစံမျိုး ရိုက်ကူးချင်တာလဲ ဆိုတာကို ကြိုတင်ပြင်ဆင်ပါ

မင်္ဂလာပွဲဓါတ်ပုံတွေကတော့ တရားသေ ဘယ်လိုပုံမျိုး ရိုက်ရမယ်ဆိုတာမျိုး သတ်မှတ်ထားတာ မရှိပါဘူး။ တချို့က တိမ်ထူထူနေ့တွေမှာ တိမ်တွေကြား ရပ်နေသလိုရိုက်ကူးချင်သလို၊ တချို့ကျ မိုးဖွဲဖွဲလေးကြားရိုက်ကူးချင်တာမျိုးလည်း ရှိတတ်ပါတယ်။ မင်္ဂလာမောင်နှံတွေအဖို့ကတော့ မိမိဘယ်လိုပုံစံမျိုး ရိုက်ကူးချင်တာလဲဆိုတာ အပေါ် မူတည်ပြီး ကြိုတင်ပြင်ဆင်ပါ။

Marry က ပြောပြထားတာလေးကို ဖတ်ကြည့်ပေးပြီး မင်္ဂလာမောင်နှံတွေ င်္ဂလာပွဲဓါတ်ပုံလေးတွေကို တောင်ထိပ်ပေါ်မှာ ရိုက်ကူးတဲ့အချိန် အလှဆုံးဖြစ်ဖို့ ရည်ညွှန်းလိုက်ရပါတယ်။

Comments

0 comments