Advertisement

 ပြည်တွင်းက Pre wedding ရိုက်ဖို့ အကောင်းဆုံးနေရာတွေကို ဖော်ပြပေးလိုက်ပါတယ်။ Pre wedding ရိုက်မယ်စုံတွဲလေးတွေ နေရာကြိုရွေးလို့ရတယ်နော်။

ပြည်တွင်းက Pre wedding ရိုက်ဖို့ အကောင်းဆုံးနေရာများ (၂)  (Photo by Wanna Khwar Nee)

Marry က ပြည်တွင်းမှာပဲ ခရီးထွက်ပြီး Pre wedding ဓာတ်ပုံ ရိုက်ကူးဖို့ စိတ်ကူးရှိတဲ့ မင်္ဂလာမောင်နှံလေးတွေ အတွက် ပြည်တွင်းက Pre wedding ရိုက်ဖို့ အကောင်းဆုံးနေရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

မြောက်ဦး

မြောက်ဦး  (Photo by Wanna Khwar Nee)

အဖိုးထိုက်တန်လှတဲ့ ရင်သပ်ရှုမောစရာ ရှေးဟောင်း အမွေအနှစ်တွေ ရှိနေတဲ့ မြောက်ဦးဒေသကလည်း မင်္ဂလာ မောင်နှံလေးတို့အတွက် ခမ်းနား ယဉ်ကျေးလှတဲ့ ပုံရိပ်လေးတွေကို ပေးစွမ်းမှာပါ။  တမူထူးခြားတဲ့ ဟန်နဲ့ သပ္ပါယ်စွာ တည်ရှိနေတဲ့ ရှေးဟောင်းပုထိုးတွေရဲ့ ပုံရိပ်ကတော့ ရိုးရာဟန်နဲ့ ဘိုးဘွား အမွေအနှစ်တွေကို ထိန်းသိမ်းလိုတဲ့ မင်္ဂလာမောင်နှံလေးတွေအတွက် တန်ဖိုးထား ရိုက်ကူးထားသင့်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် သတို့သား၊ သတို့သမီးလေးတို့က ရခိုင်လူမျိုးတွေ ဖြစ်ကြတယ်ဆိုရင် ပိုပြီးတော့တောင် သွားရောက်ရိုက်ကူးသင့်ပါတယ်။

ဆောင်နိုင်ကြီး ရေတံခွန်

ဆောင်နိုင်ကြီး ရေတံခွန် (Photo by Wanna Khwar Nee)

ပြုပြင်ဖန်တီးထားတဲ့ အရာတွေမပါဘဲ သဘာဝအတိုင်း အေးချမ်းစွာ လှပနေတဲ့ နေရာလေးမှာ ဇနီးမောင်နှံနှစ်ဦးတို့ရဲ့ အေးမြသန့်စင်လှတဲ့ အချစ်တွေကို ပုံဖော်ချင်တယ် ဆိုရင်တော့ ဆောင်နိုင်ကြီး ရေတံခွန်လေးမှာ ဓာတ်ပုံလေးတွေ သွားရိုက်ပါနော်။ သဘာဝ အတိုင်းထူးထူးခြားခြား လှပတဲ့ ကျောက်တုံးကြီးတွေနဲ့ စိမ်းမြလှတဲ့ သစ်ပင်တွေ၊ သန့်ရှင်း ကြည်လင်လှတဲ့ ရေအေးအေးလေးတွေ ကြားမှာ နှစ်ဦးသား ရင်ထဲက စိမ့်စမ်းရေလို ငြိမ်းချမ်း အေးမြလှတဲ့ အချစ်တွေကို ပုံဖော်လိုက်ပါ။

ရန်ကုန်

ရန်ကုန် (Photo by Wanna Khwar Nee)

အသစ်အသစ် မြင်ကွင်းတွေနဲ့၊ ခေတ်မီမီ ပုံစံတွေကိုပဲ ကြိုက်တယ်၊ တောတောင်ရေမြေတွေ အစား အထပ်မြင့် အဆောက်အဦးတွေနဲ့ပဲ Pre wedding ဓာတ်ပုံ ရိုက်ချင်တယ် ဆိုရင်တော့ ရန်ကုန်မှာ ရိုက်ကူးတာက အကောင်းဆုံးပါပဲ စုံတွဲလေးတို့ရေ။

ပုဂံ

ပုဂံ (Photo by Wanna Khwar Nee)

မြန်မာလူမျိုးတို့ရဲ့ နှလုံးသည်းပွတ်လို့ တင်စားလို့ရနိုင်တဲ့ နေရာဒေသ တစ်ခုကို ပြောပါဆိုရင် ပုဂံဒေသကို လက်ညှိုးထိုးရမှာပါပဲ။  Pre wedding ရိုက်ကူးဖို့အတွက် ရွေးချယ်မှု အများဆုံး နေရာတစ်ခုလည်း ဖြစ်ပါတယ်။

Comments

0 comments