မင်္ဂလာဓာတ်ပုံလေးတွေထဲမှာ အမူအရာလေးတွေ အသက်ဝင်လှပဖို့

by: Nway Nway Aung
 0 comments  0 love

စိုးရိမ်စိတ်နဲ့ ပူပန်မှုတွေ ရှိတဲ့အတွက် ပျော်ဖို့မေ့နေကြပါတယ်။ကိုယ်ချစ်ရသူနဲ့ အတူတူ အမှတ်တရပုံရိပ်တွေကို ဖန်တီးရမယ့် အချိန်ပါ။ ဘာလို့မပျော်ဘဲ စိုးရိမ်နေမှာလဲ

မင်္ဂလာဓာတ်ပုံလေးတွေထဲမှာ အမူအရာလေးတွေ အသက်ဝင်လှပဖို့ (Photo – Pinterest)

ပြန်ကြည့်လိုက်တိုင်း ကြည်နူးပျော်ရွှင်ရမယ့် အမှတ်တရတွေထဲမှာ မင်္ဂလာဓာတ်ပုံလေးတွေလည်း ပါဝင်ပါတယ်နော်။ မင်္ဂလာမောင်နှံလေးတွေအတွက် ဘဝတစ်သက်တာလုံးအတွက် ထူးခြားတဲ့ အမှတ်တရ အချိန်လို့လည်း ပြောလို့ရပါတယ်။ ဒါကြောင့် မင်္ဂလာဓာတ်ပုံတွေထဲမှာ နှစ်ယောက်သားက သဘာဝကျကျလေးနဲ့ သက်ဝင်လှပနေဖို့ လိုတယ်မဟုတ်လား။ အများစုကတော့ Pose မပေးတတ်တာကြောင့် ခပ်တောင့်တောင့် ပုံစံတွေ ဖြစ်နေတတ်ပါတာယ်။ အဲ့လို တောင့်တောင့်ကြီးတွေ မဖြစ်ဘဲ သဘာဝကျကျလေး လှပနေဖို့ ဘာတွေလိုအပ်တယ်ဆိုတာ Marry က ပြောပြပေးချင်ပါတယ်။

ပျော်ပျော်ရွှင်ရွှင်နေပါ

ချစ်ရသူနဲ့ အတူတူ အမှတ်တရပုံရိပ်တွေကို ဖန်တီးရမယ့် အချိန်ပါ။ ဘာ့ကြောင့် မပျော်ဘဲ စိုးရိမ်နေမှာလဲ (Photo – Pinterest)

မင်္ဂလာဓာတ်ပုံတွေထဲမှာ ပို့စ်ပေးတဲ့အခါ သဘာဝကျတဲ့ အပြုံးလေးဖြစ်ဖို့ အလွယ်ဆုံးနည်းလမ်းက ပျော်ရွှင်စရာ အချိန်လေးတွေ၊ ရယ်မောစရာအချိန်လေးတွေကို ပြန်တွေးဖို့ပါပဲ။ မင်္ဂလာဆောင်နေ့မတိုင်ခင်မှာ ဓာတ်ပုံဆရာတွေနဲ့ ခဏလောက် စကားပြောပါ။ ပျော်ရွှင်နေတဲ့ ခံစားချက်ကို ဖော်ပြနိုင်ဖို့အတွက် သူတို့က ကူညီပေးနိုင်ပါတယ်။ ဓာတ်ပုံအတွက် အာရုံစိုက်နေတာ ဒါမှမဟုတ် တမင်တကာ ပို့စ်ပေးနေတာမဟုတ်တဲ့အချိန်ဟာ ဓာတ်ပုံဆရာအတွက် အကောင်းဆုံး ဓာတ်ပုံတွေရဖို့ အချိန်ပါပဲ။

ဒါကြောင့် ကင်မရာ ဒါမှမဟုတ် ဓာတ်ပုံဆရာကို အမြဲတမ်း ကြည့်မနေမိဖို့လည်း သတိထားရပါမယ်။  အဲဒီအစား ကိုယ့်ရဲ့သတို့သားကို ကြည့်ပါ။ သူနဲ့ စကားလေးတွေ ပြောပါ။ သူနဲ့ ကိုယ့်ကြားက အချစ်တွေ အကြောင်း ပြန်တွေးပါ။ အမှတ်တရလေးတွေ ပြန်အစဖော်ဖို့  ရယ်မောစရာလေးတွေ ပြောပါ။  အချိန်ပြည့် ပျော်ပျော်ရွှင်ရွှင်နေခြင်းက မင်္ဂလာဓာတ်ပုံတွေအတွက် အကောင်းဆုံး ပို့စ်တွေရစေမှာပါ။ တော်တော်များများကတော့ ရိုက်ကူးရေးအပေါ်မှာ စိုးရိမ်စိတ်နဲ့ ပူပန်မှုတွေ ရှိနေတဲ့ အတွက် ပျော်ဖို့မေ့နေကြပါတယ်။ ကိုယ်ချစ်ရသူနဲ့ အတူတူ အမှတ်တရပုံရိပ်တွေကို ဖန်တီးရမယ့် အချိန်ပါ။ ဘာ့ကြောင့် မပျော်ဘဲ စိုးရိမ်နေမှာလဲ။

 လက်အနေအထားကို သတိပြုပါ

သတို့သားအတွက် ကတော့ စတိုင်ဘောင်းဘီဝတ်တာဆိုရင် အိတ်ကပ်ထဲကို လက်တွေထည့်ထားတာ အကောင်းဆုံးပါပဲ (Photo – .thelouvrebridal.com)

အရမ်းကြီး ကြိုးစားနေရလား ၊ ပို့စ်ပေးချိန်မှာ စိတ်မသက်မသာ ဖြစ်နေရသလားဆိုတာ လက်တွေက ပြောပြနေပါတယ်။ အများစုကတော့ ပိုစ့်ပေးတဲ့အခါ လက်တွေကို ဘယ်နားထားလို့ ထားရမှန်း မသိတာမျိုး ဖြစ်တတ်ပါတယ်။ အကြံပေးချင်တာက လက်တွေကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်မထားပါနဲ့။ လက်ချောင်းတွေကို ဖြေလျှော့ထားပါ။  လက်တစ်ဖက်က ပန်းစည်းကို ကိုင်ပြီး တခြားတစ်ဖက်က သတို့သားရဲ့ခါးကို ဖက်ထားတဲ့ ပုံစံမျိုးက လုပ်ရတာ လွယ်ကူပြီး အဆင်ပြေတဲ့ ပုံစံမျိုးပါ။

အဲဒီကိုယ်နေဟန်ထားဟာ ကိုယ့်ရဲ့ ကောက်ကြောင်းကိုလည်း ပိုပေါ်စေပါတယ်။ ထိုင်တဲ့အခါမှာ လက်ချောင်းတွေကို ယှက်ထားသင့်ပါတယ် ဒါမှမဟုတ် ပေါင်ပေါ်မှာ အသာအယာတင်ထားပါ။ အတင်းကြီးဖိထားတာမျိုး မလုပ်မိပါစေနဲ့။ သတို့သားအတွက် ကတော့ စတိုင်ဘောင်းဘီဝတ်တာဆိုရင် အိတ်ကပ်ထဲကို လက်တွေထည့်ထားတာ အကောင်းဆုံးပါပဲ။ ယောက်ျားပိုဆန်သလို သက်တောင့်သက်သာ ရှိတဲ့ဟန်လည်း ပေါ်လွင်ပါတယ်။

From Marry with


Comments

0 comments
Latest video