Advertisement

တိရစ္ဆာန်ရုံထဲမှာ ချစ်စရာ အကောင်လေးတွေ အများကြီး ရှိပါတယ်။ ဒီအကောင်လေးတွေကို နောက်ခံထားပြီး ချစ်ရတဲ့သူနဲ့ အကောင်းဆုံး အမှတ်တရလေးတွေကို မှတ်တမ်းတင်လိုက်ပါ။

အစားကျွေးတဲ့ပုံလေး ရိုက်မယ် (Photo:pinterest)

မင်္ဂလာပွဲလေးအတွက် ပြင်ဆင်နေကြပြီလား။ ဒီလိုအချိန်မှာ Pre Wedding ပုံလေးတွေကို အမှတ်တရလေး ဖြစ်အောင်နဲ့ ထူးထူးခြားခြားလေး ဖြစ်အောင် ဘယ်လို ရိုက်ကူးလိုက်ရင် အကောင်းဆုံးဖြစ်မလဲ ဆိုတာကို Marry က ပြောပြပေးချင်ပါတယ်။ ဒီတစ်ခါတော့ Pre Wedding ပုံလေးတွေ ရိုက်ကူးဖို့ အကောင်းဆုံးနေရာတွေထဲက တစ်ခုဖြစ်မယ် တိရစ္ဆာန်ရုံမှာ ရိုက်ကူးလိုက်ပါလို့ ပြောပြချင်ပါတယ်။

မြင်းကျားလေးလည်း ပါမယ်တဲ့ (Photo:onethreeonefour)

ချစ်စရာ အကောင်လေးတွေကို နောက်ခံထားပြီး ရိုက်ကူးမယ်

တိရစ္ဆာန်ရုံထဲမှာ ချစ်စရာ အကောင်လေးတွေ အများကြီး ရှိပါတယ်။ ဒီအကောင်လေးတွေကို နောက်ခံထားပြီး ချစ်ရတဲ့သူနဲ့ အကောင်းဆုံး အမှတ်တရလေးတွေကို မှတ်တမ်းတင်လိုက်ပါ။ ကြည်နူးစရာကောင်းတဲ့ အချိန် အခိုက်အတန့်လေးတွေကို ပုံလေးတွေကြား သိမ်းထားလိုက်မယ်ဆိုရင် ပြန်ကြည့်မိတဲ့အချိန်တိုင်း ထိုအချိန်လေးကို ပြန်ရောက်သွားသလို ပြုံးနေမိမှာ သေချာပါတယ်နော်။

ကြင်နာတတ်တဲ့သတို့သမီးလေး (Photo:pinterest)

အကောင်လေးတွေကို အစာကျွေးမယ်

တချို့ သတို့သမီးသမီးလောင်းလေးတွေက ဓါတ်ပုံရိုက်ရင် မနေတတ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ကင်မရာကို ကြည့်ပြီး ပုံရိုက်တယ် ဆိုရင် မနေတတ်တော့ဘဲ တောင့်တောင့်ကြီး ဖြစ်နေတတ်တာမျိုးပါ။ ဒီလို မင်္ဂလာမောင်နှံလေးတွေအတွက်ကတော့ သဘာဝဆန်တဲ့ပုံလေးတွေကို ရရှိနိုင်ဖို့ အတွက် တစ်ခုခုကို စိတ်ဝင်စားနေတဲ့အချိန်ကို ပုံလေးတွေကြား အမိအရ ဖမ်းယူထားနိုင်ဖို့ အတွက်ကတော့ တိရစ္ဆာန်ရုံထဲက ချစ်စရာ အကောင်လေးတွေက အကောင်းဆုံးကူညီပေးနိုင်တာကို Marry က ပြောပြပေးလိုက်ရပါတယ်။ အကောင်လေးတွေကို အစာကျွေးနေတဲ့ပုံလေးတွေ သူတို့ကို ကြည့်နေတဲ့ပုံလေးတွေကို ရိုက်ကူးလိုက်ပါ။

ဆင်ကြီးကို စီးမယ် ထီးဖြူ ဆောင်းမယ် (Photo:pinterest)

အကောင်းဆုံးပုံလေးတွေကို ရရှိနိုင်စေတယ်

Studio ထဲမှာ ဆိုရင် နောက်ခံပုံလေးတွေအတွက် Background ရွေးချယ်ရ ခက်နေတတ်ပါတယ်။ မလိုက်ဖက်မှာ၊ သဘာဝ မဆန်မှာ ဆိုပြီး ရွေးချယ်ရ ခက်နေတတ်ပါတယ်။ ဒါပေမယ့် တိရစ္ဆာန်ရုံထဲမှာ ဆိုရင်တော့ နောက်ခံ အပင်စိမ်းစိမ်းလေးတွေ အတွက်ရော ပုံလေးတွေကို သဘာဝ ပိုဆန်စေမယ့်ဖြည့်စွက်အရာတွေ အတွက်ပါ စိုးရိမ်စရာ မရှိလို့ပါ။

ချစ်ခြင်းတွေ သက်သေတည်မယ်(Photo:pinterest)

Marry ရဲ့ မင်္ဂလာမောင်နှံလေးတွေအတွက် Pre Wedding ပုံလေးတွေ ရိုက်ကူးတဲ့အချိန်မှာ အကောင်းဆုံးပုံလေးတွေ ရရှိနိုင်ဖို့ ပြောပြပေးလိုက်ရပါတယ်နော်။

Comments

0 comments