2020 အတွက် စုံတွဲလေးတို့အကြိုက်ဖြစ်မယ့် Theme Color

by: Phyo Pyae Thu
 0 comments  0 love

ကိုယ့်ရဲ့ မင်္ဂလာပွဲလေးကို သူများတွေနဲ့ မတူဘဲ ခေတ်မီဆန်းသစ်ချင်တယ်ဆိုရင်တော့ (၂၀၂၀) ရဲ့ Theme Color လေးတွေကို သိထားမှ ဖြစ်မယ်နော်။

စုံတွဲလေးတို့ရေ မင်္ဂလာပွဲလေး ကျင်းပတဲ့ အခါမှာ ကိုယ့်ရဲ့ ပွဲလေးကို ဘယ်လိုအရောင်ဒီဇိုင်းလေး ပြင်ဆင်ချင်လဲ၊ ဘယ်လိုအတွဲအစပ် အရောင်လေးနဲ့ ပုံဖော်မလဲဆိုတာ စဉ်းစားမိမှာပါ။ ကိုယ့်ရဲ့ မင်္ဂလာပွဲမှာ ပြင်ဆင်မယ့် အရောင်ဒီဇိုင်းဆိုတာ Theme Color ပါပဲနော်။ စုံတွဲလေးတို့ရဲ့ မင်္ဂလာပွဲလေး ကျက်သရေရှိပြီး ခေတ်မီလှပဖို့ဆိုရင် Theme Color ကို အရင်ဆုံး စဉ်းစားရမှာပါ။ မင်္ဂလာပွဲလေး ခေတ်မီဖို့ဆိုရင် (၂၀၂၀) မှာ ခေတ်စားမယ့် Theme Color လေးတွေ သိထားသင့်တယ်နော်။

ပန်းမိတ်ကပ်ရောင်

ဒီအရောင်လေးကတော့ (၂၀၁၉) ခုနှစ် မင်္ဂလာရာသီမှာ သတို့သမီးလေးတို့ ကြိုက်တဲ့ Theme Color လေး ဖြစ်ခဲ့သလို (၂၀၂၀) ခုနှစ်မှာလည်း ခေတ်စားမယ့် အရောင်တစ်ရောင်ပါ။ Floral Service တွေကလည်း ဒီအရောင်လေးကို Re command  ပေးတာများပြီး စုံတွဲလေးတို့ရဲ့ အသားအရေနဲ့လည်း လိုက်ဖက်မှု အများဆုံး ဖြစ်တဲ့ အရောင်တစ်ရောင်ပါ။ ပန်းရောင်ဖြစ်တာမို့ နှစ်ဖက်မိဘတွေကြိုက်တဲ့ မင်္ဂလာအရောင်လည်း ဖြစ်ပါတယ်။

မီးခိုးပြာ

(၂၀၂၀) မှာ ခေတ်စားလာမယ့် Color တွေထဲက အရောင်တစ်ရောင်ပါ။ ကိုယ့်ရဲ့ မင်္ဂလာပွဲလေးကို သူများတွေနဲ့ ပုံစံမတူဘဲ ကွဲထွက်ချင်တယ်ဆိုရင်တော့ ဒီလိုအရောင်လေးကို ရွေးချယ်သင့်ပါတယ်နော်။ သတို့သမီးလေးက အဖြူရောင်ပဲ ဝတ်ချင်တယ်ဆိုရင်တောင် သတို့သမီးအရံလေးတွေကို ဒီလိုအရောင်လေးတွေ ရွေးချယ်ပေးလို့ ရတယ်နော်။

Retro Theme

စုံတွဲလေးတို့ရေ (၂၀၁၉) မှာ Retro အပြင်အဆင်တွေ ပြန်ပြီး ခေတ်စားလာပါတယ်။ ဒီ Retro Theme က (၂၀၂၀) မှာလည်း ခေတ်စားမယ့် Wedding Theme တွေထဲက တစ်ခုပါ။ စုံတွဲလေးတို့ရဲ့ ခန်းမ အပြင်အဆင်နဲ့ ဝတ်စုံတွေကို Retro ပုံစံ ပြင်ဆင်လို့ ရပါတယ်။ ညစာစားပွဲမှာလည်း ပေါ့ပေါ့ပါးပါး ပြင်ဆင်လို့ ရတာမို့ အဆင်ပြေမှာပါ။ နောက်ပြီး ပွဲလာတဲ့သူတွေအတွက်လည်း အမြင်ဆန်းစေမယ့် အပြင်အဆင်မလို့ ကိုယ့်ပွဲလေးက ထင်ရှားနေမှာ သေချာပါတယ်။

source and Photo: himisspuff.com

weddingomania.com

စိတ်ကူးထဲက မင်္ဂလာပွဲလေးဖြစ်မြောက်ဖို့ သတို့သား သတို့သမီးလောင်းတို့ ကိုယ်တိုင်အပင်ပန်းခံ စီစဉ်စရာလုံးဝမလိုအောင် Marry Wedding Planner ရဲ့ပြီးပြည့်စုံလွန်းတဲ့ Wedding Package (၃) မျိုး နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကြောင့် အခုပဲ Marry ရဲ့ဖုန်း : 09 694 496 926 ကိုဆက်သွယ်ပြီး အကောင်းဆုံး Wedding Package တွေကို ရယူလိုက်တော့နော်။
From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords