၂၀၂၀ မှာ အရွေးများလာမယ့် မင်္ဂလာဖိတ်စာဒီဇိုင်းများ

by: Phyo Pyae Thu
 0 comments  0 love

(၂၀၂၀) မှာ မင်္ဂလာဆောင် ဖိတ်စာ စီစဉ်မယ်ဆိုရင်တော့ နောက်ဆုံးပေါ် ခေတ်မီတဲ့ ဒီဇိုင်းတွေ စီစဉ်နိုင်ဖို့ ဒီဇိုင်းလေးတွေ သိထားပေးနော်။ စိတ်ကြိုက်ကြိုပြီး ရွေးချယ်လို့ ရတာပေါ့။

စုံတွဲလေးတို့ရေ မင်္ဂလာဆောင်ဖိတ်စာဆိုတာ မင်္ဂလာပွဲအတွက် စီစဉ်တဲ့ ကိစ္စတွေထဲမှာ အရေးကြီးတဲ့ ကိစ္စတွေထဲက တစ်ခုပါနော်။ မင်္ဂလာဆောင်ဖိတ်စာကို တချို့ကတော့ သိမ်းထားတာ မဟုတ်ဘူးဆိုပြီး  ဖိတ်စာဒီိဇိုင်းကို သေချာမစီစဉ်ကြပါဘူး။ တကယ်တော့ မင်္ဂလာဆောင်ဖိတ်စာဆိုတာ ကိုယ့်မင်္ဂလာပွဲရဲ့ အပြင်အဆင်ကို ခန့်မှန်းလို့ရမယ့် အရာမို့ သေချာပြင်ဆင်ဖို့ လိုပါတယ်။ စုံတွဲလေးတို့ မင်္ဂလာဆောင်ဖိတ်စာကို သေချာစီစဉ်မယ်ဆိုရင်တော့ လာမယ့်နှစ်မှာ ခေတ်စားမယ့် ဒီဇိုင်းလေးတွေကို သိထားသင့်တယ်နော်။ ဒါမှ ကြိုတင်စီစဉ်လို့ ရမှာပါ။ ဘယ်ဒီဇိုင်းတွေလဲ ကြည့်ရအောင်။

လက်ရေးမူ

စုံတွဲလေးတို့ရေ ကိုယ့်ရဲ့ မင်္ဂလာဆောင် ဖိတ်စာမှာ ကိုယ့်ရဲ့ လက်ရေးလေး ပါဝင်မယ်ဆိုရင် အမြဲတမ်း အမှတ်တရ ဖြစ်နေမှာပါ။ (၂၀၂၀) မှာ ခေတ်စားလာမယ့် မင်္ဂလာဆောင်ဖိတ်စာ ဒီဇိုင်းမှာ ကိုယ့်လက်ရေးနဲ့ ဒီဇိုင်းဖော်ပြီး ဖိတ်တဲ့ ဖိတ်စာလည်း ပါဝင်မှာပါ။ သတို့သားလေးရဲ့ လက်ရေးပဲဖြစ်ဖြစ် သတို့သမီးလေးရဲ့ လက်ရေးပဲ ဖြစ်ဖြစ်ပေါ့။ ဖိတ်စာရိုက်မယ့် ဆိုင်နဲ့ သေချာညှိနှိုင်းပြီး လုပ်လို့ ရပါတယ်နော်။

အပိတ်ဒီဇိုင်း

စုံတွဲလေးတို့ရေ ပုံမှန်ဆိုရင်တော့ မင်္ဂလာဆောင် ဖိတ်စာတွေမှာ ဖဲကြိုးလေးနဲ့ပဲ ပိတ်ထားပေမယ့် ခုနောက်ပိုင်းမှာတော့ တံဆိပ်တုံးလိုမျိုးလေးနဲ့ ပိတ်တာမျိုး ခေတ်စားလာကြပါတယ်။ ဒါက (၂၀၂၀) မှာ ခေတ်စားလာမယ့် ဖိတ်စာဒီဇိုင်းတွေထဲက တစ်ခုပါ။

ဖိတ်စာဖဲပြားအပြည့်

(၂၀၁၉) ခုနှစ်မှာ ဖဲပြားကြိုးအသေးလေးတွေပဲ သုံးတာ ခေတ်စားခဲ့ပေမယ့် (၂၀၂၀) မှာတော့ ဖဲပြားကြိုးအကြီးတွေ သုံးတာ ခေတ်စားလာမှာပါ။ ဖဲကြိုးအကြီးဆိုတော့ ခမ်းနားတဲ့ ပုံစံကိုလည်း ဖန်တီးပေးစွမ်းနိုင်ပါတယ်။ ရိုးရိုးလေးနဲ့ ခေတ်မီချင်တယ်ဆိုရင်တော့ ဒီလို ဒီဇို်င်းမျိုး ရွေးလို့ ရတယ်နော်။

ပုရိပိုက်ပုံစံ

Handmade ပုံစံလေးတွေ၊ ရှေးပုံစံလေးတွေ ကြိုက်တယ်ဆိုရင်တော့ ခုလို ပုရိပိုက်လို ပုံစံမျိုးလေး  ရွေးချယ်လို့ ရပါတယ်နော်။ (၂၀၁၉) မှာလည်း ရှေးခတ်ပုံစံလေးတွေကို လူကြိုက်များလာတယ်ဆိုတော့ (၂၀၂၀) မှာလည်း ဒီလိုပုံစံလေးတွေ ခေတ်စားမှာ သေချာပါတယ်။

မြေပုံဖိတ်စာ

စုံတွဲလေးတို့ရေ ဖိတ်စာဒီဇိုင်းကို ဆန်းသစ်တာလေး လုပ်ချင်တယ်ဆိုရင်တော့ ဒီလိုမျိုး မြေပုံပါတဲ့ ဒီဇိုင်းမျိုးကို ရွေးချယ်လို့ ရပါတယ်နော်။ ညစာစားပွဲအတွက် ဖိတ်စာမျိုးဆိုရင် ပိုပြီးတော့ လိုက်ဖက်ပါတယ်။ ပေါ့ပေါ့ပါးပါး ပုံစံလေးပေါ့။ ကိုယ့်မင်္ဂလာပွဲ နေရာကိုလည်း ဒီလိုပုံစံလေးနဲ့ ဖော်ပြလို့ ရပါသေးတယ်။

(၂၀၂၀) မှာ မင်္ဂလာဆောင် ဖိတ်စာ စီစဉ်မယ်ဆိုရင်တော့ နောက်ဆုံးပေါ် ခေတ်မီတဲ့ ဒီဇိုင်းတွေ စီစဉ်နိုင်ဖို့ ဒီဇိုင်းလေးတွေ သိထားပေးနော်။ စိတ်ကြိုက်ကြိုပြီး ရွေးချယ်လို့ ရတာပေါ့။

source- www.theknot.com

 

စိတ်ကူးထဲက မင်္ဂလာပွဲလေးဖြစ်မြောက်ဖို့ သတို့သား သတို့သမီးလောင်းတို့ ကိုယ်တိုင်အပင်ပန်းခံ စီစဉ်စရာလုံးဝမလိုအောင် Marry Wedding Planner ရဲ့ပြီးပြည့်စုံလွန်းတဲ့ Wedding Package (၃) မျိုး နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကြောင့် အခုပဲ Marry ရဲ့ဖုန်း : 09 694 496 926 ကိုဆက်သွယ်ပြီး အကောင်းဆုံး Wedding Package တွေကို ရယူလိုက်တော့နော်။
From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords