မင်္ဂလာပွဲနီးလာပြီဆိုရင် ကြိုတင်ပြင်ဆင်ထားရမယ့် အသေးစိပ်အချက်များ

by: Phyo Pyae Thu
 0 comments  3 love

မင်္ဂလာပွဲနီးလာပြီဆိုရင် အဆင်သင့်ဖြစ်အောင် ကြိုတင်ပြင်ဆင်ထားရမယ့် ကိစ္စတွေ အများကြီးပါပဲ။ အဲဒီထဲကမှ အရေးကြီးတဲ့ အချက်(၅) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

သတို့သားလောင်း၊ သတို့သမီးလေးတို့အနေနဲ့ မင်္ဂလာပွဲ နီးလာပြီဆိုရင် ပျာယာခတ်နေမှာ သေချာပါတယ်။ သတို့သမီးလောင်းလေးတွေက ပိုပြီး စိတ်ပူတတ်ကြတယ်နော်။ မင်္ဂလာပွဲနီးလာပြီဆိုရင် သတို့သား၊ သတို့သမီးလေးတို့ အဆင်သင့်ဖြစ်အောင် ကြိုတင်ပြင်ဆင်ထားရမယ့် ကိစ္စတွေ အများကြီးပါပဲ။ အဲဒီထဲကမှ အရေးကြီးတဲ့ အချက်(၅) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြင်ဆင်ထားရမယ့် အချက်(၅) ချက် (photo: Bellery Glasshouse)

(၁) မင်္ဂလာပွဲမှာ စီးမယ့်ဖိနပ်

သတို့သားလောင်းရော သတို့သမီးလောင်းပါ မင်္ဂလာပွဲမှာ စီးမယ့်ဖိနပ်ကို ကြိုတင် စီးထားဖို့ လိုပါတယ်။ ဘယ် Brand ပဲ ဖြစ်ဖြစ် ဖိနပ်ပေါက်တာမျိုး၊ အခန့်မသင့်လို့ ခြေထောက်နာတာမျိုး ဖြစ်နိုင်တာ သတိပြုပါ။ အိမ်နားပတ်ဝန်းကျင်မှာ စီးကြည့်ပါ။ သတို့သားလည်း အစမ်းစီးဖို့ လိုတယ်နော်။ ဒါမှ ပွဲနေ့မှာ ဖိနပ်ကြောင့် စိတ်မညစ်ရမှာ။

ဖိနပ် (photo: www.studio23photo.com)

(၂) လက်စွပ်

သတို့သား၊ သတို့သမီိးလေးတို့ရေ လက်စွပ်ကို ကြိုလုပ်ထားတယ်ဆိုရင် ပွဲနားနီးတဲ့အခါမှာ စိန်လေးတွေ လက်နေအောင် ဒါမှမဟုတ် ရွှေဆိုလည်း အရောင်တောက်နေအောင် ပြန်ပြီး သန့်ရှင်းရေး လုပ်တာမျိုး အစရှိသလို ဘဝတစ်သက်တာ ဝတ်ရမယ့် လက်စွပ်ကိုလည်း ဂရုစိုက်ပါ။

လက်စွပ် (Photo:Ring to Perfection)

(၃) ဓါတ်ပုံဆရာကို လိုချင်တာတွေ ပြောပါ

မင်္ဂလာပွဲလေးကို ကြွရောက်တဲ့ ဧည့်သည်တိုင်းဟာ ကိုယ့်ရဲ့ အချစ်ရဆုံး အရင်းနှီးဆုံးတွေပဲ ဖြစ်မှာပါ။ ဒီလိုမျိုး ချစ်ခြင်းမေတ္တာတွေ ပြည့်နေတဲ့ မင်္ဂလာပွဲလေးကို တသက်တာ အမှတ်ရနိုင်ဖို့ဆိုတာ ဓါတ်ပုံမှတ်တမ်းတင်ထားဖို့ လိုပါတယ်။ ဓါတ်ပုံမှတ်တမ်းထဲမှာ ပါဝင်စေချင်တဲ့သူတွေကို စာရင်းလုပ်ပါ။ ဓါတ်ပုံထဲမှာ ကိုယ်ဘယ်လိုပုံတွေ လိုချင်တယ်၊ ဘယ်သူတွေကိုတော့ အများဆုံး လိုချင်တယ်ဆိုတာ ပြောပါ။ နောက်ပြီး အဲဒီလူတွေကိုလည်း ဓါတ်ပုံဆရာနဲ့ ကိုယ့်အနား အနီးဆုံးမှာနေဖို့ မှာထားပါနော်။ ဒါမှ ဓါတ်ပုံထဲမှာ ကိုယ်လိုချင်တဲ့ပုံနဲ့ ကိုယ်ရိုက်ချင်တဲ့သူတွေ တစုတစည်းထဲ ရှိနေမှာပါ။

ဓါတ်ပုံဆရာကို လိုချင်တာတွေ ပြောပါ (photo:Android Authority)

(၄)  ဆက်သွယ်ပါ

သတို့သမီးလောင်းလေးရော သတို့သားလောင်းလေးရော ကိုယ့်မင်္ဂလာပွဲကို ဝန်ဆောင်မှု ပေးမယ့်သူတွေကို ဆက်သွယ်ပါ။ ပန်းအပြင်အဆင်၊ ခန်းမ၊ ဝတ်စုံ၊ အစားအသောက်၊ မင်္ဂလာကားကြိုပို့ စတာတွေကို Remind လုပ်ပါနော်။ နောက်တစ်ခုကတော့ ကိုယ့်ရဲ့ မင်္ဂလာပွဲမှာ စံပယ်ပန်းကုံး စွပ်ပေးမယ့်သူ၊ မင်္ဂလာလက်စွပ် ဆင်မြန်းပေးမယ့်သူ လူကြီးတွေကိုလည်း ဆက်သွယ်ပါ။ သူတို့ မေ့နေတာမျိုး မဖြစ်အောင်ပါ။

Remind လုပ်ပါ (photo:Shutterstock)

(၅) မင်္ဂလာပွဲနေ့မှာ သယ်သွားမယ့်ပစ္စည်း

မင်္ဂလာပွဲနေ့အတွက် လိုအပ်မယ်ထင်တဲ့ပစ္စည်း သေးသေးလေးတွေအားလုံး အိတ်တစ်အိတ်ထဲ စုထည့်ထားပါ။ ကော်၊ မျက်ကပ်မှန်၊ အပ်ချည်နဲ့ အပ်၊ နှုတ်ခမ်းနီ၊ ဗိုက်အောင့် ခေါင်းကိုက်ပျောက်ဆေး၊ လက်သည်းတုအပိုတွေ ဆောင်ထားပါ။ ဒါမျိုးတွေလေးတွေကို တစ်စုတစည်းတည်း ထားပါ။

သယ်သွားမယ့်ပစ္စည်း (photo:Very Shannon)

သတို့သားလောင်း၊ သတို့သမီးလောင်းလေးတို့ မင်္ဂလာပွဲ နီးပြီဆိုရင် ဒီအချက်တွေ ပြင်ဆင်ဖို့ မမေ့ပါနဲ့နော်။

စိတ်ကူးထဲက မင်္ဂလာပွဲလေးဖြစ်မြောက်ဖို့ သတို့သား သတို့သမီးလောင်းတို့ ကိုယ်တိုင်အပင်ပန်းခံ စီစဉ်စရာလုံးဝမလိုအောင် Marry Wedding Planner ရဲ့ပြီးပြည့်စုံလွန်းတဲ့ Wedding Package (၃) မျိုး နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကြောင့် အခုပဲ Marry ရဲ့ဖုန်း : 09 694 496 926 ကိုဆက်သွယ်ပြီး အကောင်းဆုံး Wedding Package တွေကို ရယူလိုက်တော့နော်။
From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords