Advertisement

စုံတွဲလေးတို့အနေနဲ့ ဘူဖေးစနစ် ကျွေးမယ်ဆိုရင် သတိထားရမယ့် အချက်တွေကို သိထားပြီးပြီဆိုရင်တော့ ရွေးချယ်ဆုံးဖြတ်ရတာ ပိုပြီး လွယ်ကူမှာပါနော်။

မင်္ဂလာပွဲမှာ ဧည့်သည်တွေကို ကျွေးမွေးဧည့်ခံမယ်ဆိုရင် ရွေးချယ်စရာ (၂) ခုရှိပါတယ်။ Set menu နဲ့ ဘူဖေးစနစ်ပါ။ စုံတွဲလေးတို့ ခန်းမမှာ ကြိုက်နှစ်သက်ရာကို ရွေးချယ်ပြီး ဧည့်ခံလို့ ရပါတယ်နော်။ အများစုကတော့ Set Menu နဲ့ ကျွေးကြတာပါ။ ဒါပေမယ့်လည်း ဘူဖေးနဲ့ ကျွေးတဲ့သူတွေလည်း ရှိပါတယ်။ ဘူဖေးနဲ့ ကျွေးမယ်ဆိုရင်တော့ သိသင့်တဲ့အချက်တွေ ရှိပါတယ်နော်။

ကုန်ကျစရိတ်

စုံတွဲလေးတို့ ကုန်ကျစရိတ်ကို အရင်ဆုံး ထည့်သွင်းစဉ်းစားပါ။ ဘူဖေးကျွေးမယ်ဆိုရင် ကုန်ကျစရိတ်က Set menu တွေထက် ပိုပြီး ကုန်ကျနိုင်ပါတယ်နော်။

ကုန်ကျစရိတ် (photo: thehushpost.com)

အစားအသောက်စီစဉ်တဲ့အခါ

စုံတွဲလေးတို့ အစားအသောက်စီစဉ်တဲ့အခါ သတိထားရမယ့် အချက်တစ်ချက်ရှိပါတယ်။ ဘူဖေးစနစ်က အစားအသောက်တွေကို ကြိုက်နှစ်သက်ရာ သုံးဆောင်ခွင့် ပေးထားမှာ ဖြစ်တဲ့အတွက် လူကြိုက်များတဲ့ Menu တွေ အရင်ကုန်သွားပြီး နောက်ပိုင်းမှ ရောက်တဲ့ ဧည်သည့်တွေအတွက် မစုံတာမျိုး၊ မလောက်ငှတာမျိုး ဖြစ်တတ်ပါတယ်။ ဒီအချက်တွေကို သတိထားပေးဖို့ လိုပါတယ်နော်။  ဘူဖေးဖြစ်တဲ့အတွက် ဖိတ်ထားတဲ့ ဧည့်သည်အရေအတွက်ပေါ် မူတည်ပြီး အပိုစောင်း လုပ်ထားဖို့ လိုပါတယ်။ နောက်တစ်ခုကတော့ ဘူဖေးဆိုရင် ဟင်းလျာအမယ် ပိုပြီးများဖို့ လိုပါတယ်နော်။

အစားအသောက်စီစဉ်တဲ့အခါ (photo: www.scuderieodescalchi.it/)

ပွဲမှာ လူအပြည့်နဲ့ လှုပ်ရှားတာ ကြိုက်ရင်

တချို့စုံတွဲလေးတွေက မင်္ဂလာပွဲကို ဧည့်သည်တွေ တစ်နေရာထဲမှာပဲ ငြိမ်နေတာမျိုး ကြိုက်ပါတယ်။ တချို့ကတော့ လှုပ်လှုပ်ရှားရှား ဖြစ်တာ ကြိုက်ပါတယ်။ ပွဲမှာ လူအပြည့်နဲ့ လှုပ်ရှားတာမျိုးကြိုက်ရင်တော့ ဘူဖေးကျွေးတာ ပိုကောင်းပါတယ်နော်။

အချိန်

မင်္ဂလာအချိန်က ဗိုက်ဆာတဲ့အချိန်ဆိုရင်တော့ ဘူဖေးစနစ်နဲ့ ကျွေးတာကို ဧည့်သည်တွေကို ပိုပြီး ပျော်ရွှင်ကျေနပ်မှု ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်နော်။ ဧည့်သည် တော်တော်များများက ဘူဖေးစနစ်ကို ကြိုက်ကြပါတယ်။

စုံတွဲလေးတို့အနေနဲ့ ဘူဖေးစနစ် ကျွေးမယ်ဆိုရင် သတိထားရမယ့် အချက်တွေကို သိထားပြီးပြီဆိုရင်တော့ ရွေးချယ်ဆုံးဖြတ်ရတာ ပိုပြီး လွယ်ကူမှာပါနော်။

Tags: advicebuffetplanning

Comments

0 comments