Advertisement

မင်္ဂလာရက်မြတ် ရွေးချယ်ကြမယ့် စုံတွဲလေးတို့ရေ နှစ်ဖက်မိဘနဲ့ တွေ့ဆုံပြီး ရက်မြတ်ရွေးချယ်ကြတဲ့အခါမှာ Marry က ပြောပြထားတဲ့ အချက်တွေလည်း ထည့်စဉ်းစားပါနော်။

စုံတွဲလေးတို့အနေနဲ့ မင်္ဂလာဆောင်ပွဲလေး ကျင်းပတော့မယ်ဆိုရင် အရင်ဆုံး နှစ်ဖက်မိဘနဲ့ တိုင်ပင်ပြီး မင်္ဂလာရက်မြတ် ရွေးချယ်ကြတာမလား၊ မင်္ဂလာရက်မြတ်ဆိုတာ ကိုယ့်ဘဝတစ်သက်လုံး အမှတ်တရ ဖြစ်နေမယ့် နေ့ရက်တရက် ဖြစ်တာမို့ အားလုံးက သေချာစီစဉ်ပြီး ရွေးချယ်ကြပါတယ်။ ဒီလိုမျိုး အရေးကြီးတဲ့ နေ့ရက်တစ်ရက် ရွေးချယ်တဲ့အခါမှာ အဆင်ပြေစေဖို့ Marry က ကူညီပြီး ပြောပြပေးမယ်နော်။

ရက်ရာဇာ၊ ပြဿဒါး

စုံတွဲလေးတို့ရေ ကိုယ့်ရဲ့ မင်္ဂလာဆောင်ရက်ကို ရွေးတဲ့အခါမှာ လတစ်လရဲ့ ရက်ရာဇာတွေကို ဆွဲထုတ်ပါ။ အဲဒီ ရက်တွေထဲကမှ နှစ်ဖက်မိဘတွေနဲ့ တိုင်ပင်ပြီး အားလုံး အဆင်ပြေမယ့်ရက်ကို ရွေးပါ။ နှစ်ယောက်စလုံး ကြိုက်တဲ့ရက် ဖြစ်ဖို့လည်း လိုပါတယ်နော်။ ဒါကတော့ ညှိနှိုင်းလို့ ရမှာပါ။ ပွင့်လင်းရာသီ ဖြစ်ဖို့လည်း လိုတယ်နော်။

ဗေဒင်မေးမယ်

စုံတွဲလေးတို့ရေ မင်္ဂလာရက်မြတ်အတွက် ဗေဒင်မေးတာကို တော်တော်များများ လုပ်လေ့ရှိပါတယ်။ မင်္ဂလာရက်မြတ်အတွက် ဗေဒင်မေးတဲ့အခါမှာ ဗေဒင်က ရွေးပေးတဲ့ ရက်ကိုပဲ ဆောင်မလား၊ ဒါမှမဟုတ် စုံတွဲလေးတို့ သတ်မှတ်ထားတဲ့ ရက်မြတ်ကိုပဲ အဆင်ပြေ မပြေ ဗေဒင် မေးမလား ရွေးချယ်ပါ။ အဲဒီလို ရွေးချယ်ပြီးမှ ဗေဒင်တွက်ပါ။

မင်္ဂလာရက်မြတ်ရွေးမယ့် စုံတွဲလေးတို့အတွက် (photo: The Wedding Playbook)

အရံရက်ပါ သတ်မှတ်ပါ

စုံတွဲလေးတို့ရေ ကိုယ်က ရက်တွေသတ်မှတ်ပြီး အားလုံး ရွေးချယ်ထားပေမယ့် ကိုယ်လိုချင်တဲ့ ခန်းမနဲ့ ဟိုတယ်ကတော့ ရက်ရချင်မှ ရမှာပါ။ ဒါကြောင့် စုံတွဲလေးအနေနဲ့ ရက်ကို တစ်ရက်မရရင် နောက်တရက် ချိတ်လို့ရအောင် အရံရက်ပါ ကြိုတင်သတ်မှတ်ထားပါ။ ဒါက ပိုပြီးအဆင်ပြေစေမှာပါ။

အဆင်ပြေစေဖို့

စုံတွဲလေးတို့ရေ မင်္ဂလာရက်မြတ်ရွေးတော့မယ်ဆိုရင် အဆင်ပြေစေဖို့အတွက် ဘယ်ခန်းမ၊ ဘယ်ဟိုတယ်ကို ကြိုက်လဲဆိုတာကိုပါ တွဲလျက် စဉ်းစားထားပါ။ ဒါမှ လိုချင်တဲ့ ဟိုတယ်ရက်ကို ရရှိမှာပါနော်။ ခန်းမ၊ ဟိုတယ်မှာ ကိုယ်လိုချင်တဲ့ ရက် ရ မရ စုံစမ်းပါ။ ကိုယ်က အဲဒီရက်မှာပဲ ဆောင်ချင်တယ်ဆိုရင်တော့ ဟိုတယ်၊ ခန်းမ ပြောင်းရမှာပါ။

အရံရက်ပါ သတ်မှတ်ပါ  (photo: The Wedding Playbook)

ဈေးနှုန်း

မင်္ဂလာရက်မြတ်ရွေးချယ်မယ့် စုံတွဲလေးတို့ရေ ကိုယ်မင်္ဂလာဆောင်မယ့်နေ့ရက်မှာ ဟိုတယ်၊ခန်းမတွေရဲ့ ဈေးနှုန်းကရော ကိုယ်ကုန်ကျခံမယ့် ငွေနဲ့ ကိုက်ညီလားဆိုတာ တွေးဖို့ လိုအပ်ပါတယ်။ မင်္ဂလာဆောင်ရာသီတွေမှာဆိုရင် ပိုပြီးတော့ ကုန်ကျစရိတ်များနိုင်ပါတယ်။ အကယ်လို့ ကုန်ကျစရိတ် လျှော့ချင်ရင်တော့ မင်္ဂလာရက်ကို မင်္ဂလာဆောင်ရာသီ မဟုတ်တာကို ရွေးချယ်ပါ။

မင်္ဂလာရက်မြတ် ရွေးချယ်ကြမယ့် စုံတွဲလေးတို့ရေ နှစ်ဖက်မိဘနဲ့ တွေ့ဆုံပြီး ရက်မြတ်ရွေးချယ်ကြတဲ့အခါမှာ Marry က ပြောပြထားတဲ့ အချက်တွေလည်း ထည့်စဉ်းစားပါနော်။

 

Comments

0 comments