Advertisement

စုံတွဲလေးတို့ရေ မင်္ဂလာပွဲနေ့မှာ တစ်နေရာမှာမှ လစ်ဟင်းတာမျိုး မဖြစ်ချင်ဘူးဆိုရင် Marry က ပြောပြထားတဲ့ နေရာလေးတွေမှာလည်း ဂရုစိုက်ပေးဖို့ လိုပါတယ်။

စုံတွဲလေးတို့ရေ မင်္ဂလာပွဲတစ်ခု စီစဉ်တဲ့အခါမှာ ပန်းအပြင်အဆင်၊ ဓါတ်ပုံ၊ မိတ်ကပ်၊ အကျွေးအမွေးကို သေချာဂရုစိုက်ကြပေမယ့် တခြားအသေးအမွှားလို့ ထင်ရတဲ့ ကိစ္စတွေကို မေ့နေလေ့ ရှိပါတယ်။ တကယ်တော့ မင်္ဂလာပွဲမှာ အားလုံးအဆင်ပြေပြေ ဖြစ်ဖို့ဆိုရင် တစ်နေရာမှ မလစ်ဟင်းအောင် ကြိုတင်စီစဉ် ပြင်ဆင်ထားရမှာပါ။ ဘယ်အချက်တွေ ကြိုတင်ပြင်ဆင်ထားရမလဲဆိုတာ ပြောပြမယ်နော်။

မင်္ဂလာလက်ဖွဲ့ခုံမှာ ထိုင်မယ့်သူ

မင်္ဂလာလက်ဖွဲ့နေရာမှာ ထိုင်မယ့်သူက အတွေ့အကြုံရှိပြီး သေချာလေး သိမ်းဆည်းတတ်တဲ့သူ ဖြစ်ဖို့လိုပါတယ်နော်။ မိတ်ဆွေတွေနဲ့ ဆွေမျိုးတွေက သေချာလေး ကြီးကြပ်ပေးတာမျိုး ဖြစ်မယ်ဆိုရင် ပိုပြီး ကောင်းပါတယ်။ လက်ဖွဲ့ခုံနေရာကလည်း သေချာ စီစဉ်ဖို့ လိုပါတယ်။

မင်္ဂလာလက်ဖွဲ့ခုံမှာ ထိုင်မယ့်သူ (photo: Botanical PaperWorks)

ဧည့်ခံပေးမယ့်သူတွေ

ဧည့်ခံပေးမယ့်သူတွေအနေနဲ့လည်း အားလုံးကို ဖော်ရွေတတ်တဲ့ သူမျိုးဖြစ်ဖို့လိုပြီး သွက်သွက်လက်လက် ရှိတဲ့သူမျိုး ရွေးချယ်ပါ။ ဒါမှ သူ့ဧည့်သည် ကိုယ့်ဧည်သည် ခွဲမနေဘဲ အားလုံးကို ဖော်ရွေပြီး ဧည့်ခံပေးတာမျိုး ဖြစ်မှာပါ။ လူကြီးမိဘတွေကိုလည်း ကြိုတင်ပြီး မှာထားရမယ့်အချက်ကတော့ နှုတ်ဆက်တဲ့အခါမှာ ဧည့်သည်တွေရဲ့ စားပွဲဝိုင်းမှာ အကြာကြီး ရှိနေတာမျိုး မလုပ်ဘဲ နှုတ်ဆက် နေရာချပြီးရင် တခြားသူတွေကို နှုတ်ဆက်ဖို့အတွက် အရှေ့မှာ ပြန်ပြီး ရှိနေတာမျိုး လုပ်ဖို့ မှာပါနော်။ မဟုတ်ရင် ဧည့်သည်တွေက ကိုယ့်ကို လိုက်ရှာနေရတာနဲ့တင် ခန်းမ ထဲမှာ အစီအစဉ်မကျတာတွေ ဖြစ်တတ်ပါတယ်နော်။  ဧည့်သည်တွေအတွက် အစစအရာရာအဆင်ပြေမယ်ဆိုရင် မင်္ဂလာပွဲလေးပြီးနောက် စိတ်ညစ်စရာတွေ၊ အဆင်မပြေသံတွေ မကြားရတော့ပါဘူး။

စားစရာတွေ ပြင်ဆင်ထားပေးပါ (photo: andhole Oak Barn)

ကူညီပေးတဲ့သူတွေအတွက်

မင်္ဂလာပွဲနေ့မှာ ကူညီပေးတဲ့သူတွေအတွက်လည်း ကြိုတင်ပြီး ပြင်ဆင်ထားရမှာပါ။ ကိုယ့်ရဲ့ ပွဲမှာ ကူညီနေတဲ့သူတွေက ဧည့်ခံကျွေးမွေးတဲ့ အစားအစာတွေကို ဧည့်ခံချိန်အတွင်း စားဖြစ်မှာ မဟုတ်ပါဘူး။ ဒီတော့ ကိုယ့်ရဲ့ ပွဲမှာ ကူညီမယ့်သူတွေအတွက် စားစရာတွေ စီစဉ်ထားပါ။ သူတို့အတွက် စားစရာတွေနဲ့ အချိန်သေချာလေး စီစဉ်ပေးထားဖို့ လိုပါတယ်။

စုံတွဲလေးတို့ရေ မင်္ဂလာပွဲနေ့မှာ တစ်နေရာမှာမှ လစ်ဟင်းတာမျိုး မဖြစ်ချင်ဘူးဆိုရင် Marry က ပြောပြထားတဲ့ နေရာလေးတွေမှာလည်း ဂရုစိုက်ပေးဖို့ လိုပါတယ်။

 

 

Comments

0 comments