Advertisement

မင်္ဂလာဆောင်တဲ့ မနက်မှာ မစားသင့်တဲ့ အစားအစာတွေကို ရှောင်စားဖို့ လိုပါတယ်နော်။ မဟုတ်ရင် မင်္ဂလာချိန်ရောက်မှ အဆင်မပြေတာတွေ ဖြစ်တတ်ပါတယ်။

 

မင်္ဂလာဆောင်မယ့် စုံတွဲလေးတို့ရေ မင်္ဂလာပွဲနေ့မနက် စိတ်ရှုပ်စရာ၊ စိတ်ညစ်စရာတွေ မကြုံချင်ဘူးဆိုရင်တော့ အသေးအမွှားလေးတွေကအစ ဂရုစိုက်ဖို့ လိုတယ်နော်။ မင်္ဂလာပွဲနီးလေ ကျန်းမာရေးနဲ့ အလှအပ ပိုပြီးဂရုစိုက်ရလေပဲနော်။ စုံတွဲလေးတို့ မင်္ဂလာပွဲနေ့မှာ ကျန်းမာပြီး အလှအပ မပျက်စေဖို့အတွက် ရှောင်ရမယ့် အစားအစာတွေ ရှိပါတယ်နော်။ ဘယ်လိုအစားအစာတွေ ဖြစ်မလဲဆိုတာ ဖတ်ကြည့်ပေးဦးနော်။

Gas ပါတဲ့ အချိုရည်

မင်္ဂလာပွဲနေ့မှာ Gas ပါတဲ့ အချိုရည်တွေ မသောက်ဖို့လည်း လိုပါတယ်။ Gas ပါတဲ့အချိုရည်က လေချဉ်တက်စေပြီး တချို့တွေမှာ အခန့်မသင့်ရင် ဗိုက်အောင့်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့ မသောက်ဘဲနေတာက ပိုပြီးအဆင်ပြေစေမှာပါ။

ဝမ်းပျော့စေတဲ့ အစားအစာ

စုံတွဲလေးတို့ ဝမ်းပျော့စေတဲ့ အစားအစာတွေ မစားမိဖို့လည်း လိုပါတယ်။ ဘာလို့လဲဆိုတော့ မင်္ဂလာပွဲ ကျင်းပနေချိန်ရောက်မှ ဗိုက်အောင့်တာ၊ အိမ်သာတက်ချင်တာမျိုး ဖြစ်စေနိုင်တာကြောင့်ပါ။ ဝမ်းသွားချင်သလိုမျိုး ဖြစ်နေတယ်ဆိုရင် ဝတ်စုံကြီးတွေနဲ့ သွားရတာလည်း မလွယ်ဘူးလေ။ ဒါကြောင့် ဝမ်းပျော့စေတဲ့ အစားအစာတွေ ရှောင်ပါ။

ကော်ဖီ

စုံတွဲလေးတို့ မင်္ဂလာပွဲနေ့ မနက်မှာ ပေါ့ပေါ့ပါးပါး ကော်ဖီလေးတစ်ခွက်ပဲ သောက်ထားလိုက်မယ်ဆိုတာမျိုး မလုပ်ပါနဲ့နော်။ ကော်ဖီက ခံတွင်းချဉ်စေတဲ့အပြင် ခံတွင်းနံ့ မကောင်းတာမျိုးလည်း ဖြစ်တတ်ပါတယ်။ နောက်ပြီး သွားတွေလည်း ဝါတာမျိုး ဖြစ်စေတတ်တာမို့ မင်္ဂလာပွဲနေ့ မနက်မှာတော့ ကော်ဖီသောက်တာ ရှောင်ပါ။

အဆီအဆိမ့်

မင်္ဂလာပွဲနေ့ မနက်ခင်းမှာ အဆီအဆိမ့် များတဲ့ အစားအစာတွေ မစားပါနဲ့နော်။ ထောပတ်၊ အုန်းဆီပါတဲ့ အစားအစာ အီတောက်စေမယ့် အစားအစားတွေ မစားပါနဲ့။ အဆီအဆိမ့်များတဲ့ အစားအစာတွေ စားမယ်ဆိုရင် ခေါင်းမကြည်လင်တာ၊ ခေါင်းကိုက်တာ၊ ခန္ဓာကိုယ် ထိုင်းမှိုင်းတာတွေ ဖြစ်တတ်ပြီး မင်္ဂလာပွဲမှာ မရွှင်လန်းတာမျိုး ဖြစ်နိုင်ပါတယ်။ အထူးရှောင်ရမယ်နော်။

ကြက်သွန်ဖြူပါတဲ့ အစားအစာ

ကြက်သွန်ဖြူပါတဲ့ အစားအစာ

ကြက်သွန်ဖြူပါတဲ့ အစားအစာ

ကြက်သွန်ဖြူ စားတာကိုလည်း ရှောင်ဖို့ လိုပါတယ်။ နောက်ပြီး ကြက်သွန်ဖြူ ပါတဲ့ အစားအစာတွေကိုလည်း ရှောင်ဖို့ လိုပါတယ်။ တချို့ အသုပ်တွေဆိုရင် ကြက်သွန်ဖြူကြော်တွေ ပါတယ်မလား။ ဒီလိုမျိုး အစားအစာတွေကအစ ရှောင်ပါ။

ချစ်တို့ရေ မင်္ဂလာဆောင်တဲ့ မနက်မှာ မစားသင့်တဲ့ အစားအစာတွေကို ရှောင်စားဖို့ လိုပါတယ်နော်။ မဟုတ်ရင် မင်္ဂလာချိန်ရောက်မှ အဆင်မပြေတာတွေ ဖြစ်တတ်ပါတယ်။

Tags: foodplanning

Comments

0 comments