Advertisement

နာကျင်ခြင်းတွေခံစားနေရပါသလား။ အကြိုက်ဆုံးသီချင်းတွေကို Playlists ထဲမှာ ထည့်လိုက်ပြီး နာကျင်ခြင်းတွေကို ဘိုင်းဘိုင် ပြလိုက်ပါ။

Classical Music ဆိုတာက သာယာငြိမ့်ညောင်းလှတဲ့ ဂီတသံစဉ်ဆိုတာထက် ပိုပါတယ်။ သီချင်းနားထောင်ပေးခြင်းကလည်း ကျန်းမာရေးကို ပိုပြီး ကောင်းမွန်စေနိုင်ပါတယ်။ မင်္ဂလာဆောင်မယ့်စုံတွဲလေးတွေအနေနဲ့က မင်္ဂလာအစီအစဉ်တွေအတွက် ပြုလုပ်ရင်း စိတ်တွေ လှုပ်ရှားနေတတ်ကြပါတယ်။ စိတ်ဖိစီးမှုများပြီး ဖြစ်ပေါ်လာမယ့် စိတ်ခံစားချက်တွေကို သီချင်းအမျိုးအစားတွေ အမျိုးအစားအစုံ ရှိတဲ့အထဲကမှ Classical Music ကို နားထောင်ပေးခြင်းဖြင့်ရရှိနိုင်မယ့် အံ့သြဖွယ်ကောင်းတဲ့အချက်လေးများကို Marry ကနေ ပြောပြပေးမယ်နော်။

သွေးပေါင်ချိန်ကို လျော့ကျစေပါတယ်

Health Psychology ဂျာနယ်ရဲ့လေ့လာချက်တွေအရ သီချင်းအမျိုးအစားတွေ အများကြီးထဲမှာမှ Classical Music ကို နားထောင်ပေးတာက သွေးပေါင်ချိန်ကို လျော့ကျစေနိုင်ပါတယ်လို့ ဆိုထားပါတယ်။  သီချင်းနားထောင်ခြင်းက စိတ်တွေကို ကြည်နူးစေနိုင်ပါတယ်။ သီချင်းတွေမှာက Classical Music ကတော့ သံစဉ်အေးအေးလေးတွေကြောင့် ပိုပြီးတော့ စိတ်ကို အေးချမ်းစေနိုင်ပါတယ်။ သီချင်းနားထောင်ပေးခြင်းက စိတ်ဖိစီးမှုများတာကနေကာကွယ်ပေးနိုင်သလို သွေးပေါင်ချိန်ကိုလည်းကျစေနိုင်ပါသေးတယ်။

 

အိပ်စက်ခြင်းကို ပိုပြီး အိပ်ကောင်းစေပါတယ်

သီချင်းနားထောင်ခြင်းက အိမ်တွင်းကူထုံးတွေထဲက အကောင်းဆုံးဆေးနည်းလို့လည်း ပြောနိုင်ပါတယ်။ အိပ်ကောင်းကောင်းမပျော်တဲ့သူတွေထက် Classical Music ကို နားထောင်ပြီး အိပ်ပေးတဲ့သူတွေက ပိုပြီး အိပ်ကောင်းခြင်းနဲ့ အိပ်ပျော်စေပါတယ်။ သံစဉ် ပုံမှန် အနိမ့်အမြင့်ရှိတဲ့သီချင်းမျိုးကို ရွေးချယ်နားထောင်ပေးပါ။ သိပ်ဆူညံတဲ့သီချင်းသံစဉ်တွေက စိတ်ကို တက်ကြွစေနိုင်တတ်တာမို့ အိပ်ခါနီး သီချင်းအေးအေးလေးများကိုသာ နားထောင်ပါ။ သီချင်းအေးအေးလေးတွေအတွက်ကတော့ Classical Music ကတော့ အကောင်းဆုံးရွေးချယ်မှုပါ။

နာကျင်ခြင်းများအတွက် ဆေးကောင်းတစ်လက်

နာကျင်ခြင်းတွေခံစားနေရပါသလား။ အကြိုက်ဆုံးသီချင်းတွေကို Playlists ထဲမှာ ထည့်လိုက်ပြီး နာကျင်ခြင်းတွေကို ဘိုင်းဘိုင် ပြလိုက်ပါ။ သီချင်းဆိုတာက နာကျင်ခြငင်းတွေကို သိသိသာသာသက်သာစေနိုင်ပါတယ်။ ကင်ဆာဝေဒနာရှင်တွေနဲ့ ခွဲစိတ်ကုသထားတဲ့လူနာရှင်တွေအတွက်ကတော့ သီချင်းလေးတွေက အကောင်းဆုံးအနာသက်သာဆေးတစ်လက်အတွက်ကတော့ သီချင်းတွေကို နေရာပေးလိုက်ပါ။

Tags: musicsongsstresswedding tips

Comments

0 comments