Advertisement

မင်္ဂလာပွဲ ရက်ရွေ့ထားတဲ့ သတို့သား၊ သတို့သမီးလေးတို့အနေနဲ့ ဒီအချက်လေးတွေ အရင်ဆုံး လုပ်ဆောင်ထားနော်။

Covid 19 ကြောင့် ခန်းမတွေနဲ့ မင်္ဂလာဆောင် ဝန်ဆောင်မှုတွေလည်း ရပ်ဆိုင်းထားတာမို့ မင်္ဂလာဆောင်မယ့် မောင်နှံလေးတွေလည်း မင်္ဂလာပွဲရက် ရွေ့ဆိုင်းတာမျိုးလည်း ရှိလာပါပြီ။ တစ်နှစ်နီးပါး ကြိုတင်ပြင်ဆင်ထားရတဲ့ မင်္ဂလာပွဲ ရက်ရွေ့ရလို့ စိတ်မကောင်းဖြစ်နေကြတဲ့ မင်္ဂလာမောင်နှံတွေလည်း ရှိတယ်လေနော်။ ရက်ရွေ့ဆိုင်းထားတယ်ဆိုရင်တော့ ရွေ့ဆိုင်းထားတဲ့ ရက်တွေမှာ လုပ်လို့ရတာတွေနဲ့ ရက်ရွေ့ဆိုင်းလိုက်လို့ ဘာတွေထပ်ပြီး ပြင်ဆင်ထားရမလဲဆိုတာ သိထားသင့်တယ်နော်။

ရက်ပြန်စဉ်းစားပါ

သတို့သမီး သတို့သားတို့ရေ မင်္ဂလာဆောင်အတွက် ရက်ရွေ့ထားတယ်ဆိုရင် မင်္ဂလာရက် ပြန်သတ်မှတ်ဖို့ တွေးထားပါ။ နှစ်ဖက်မိဘတွေနဲ့ တိုင်ပင်ပြီး ဘယ်လလောက်ကို စီစဉ်မလဲဆိုတာ ပြန်ပြီးတော့ တိုင်ပင်ထားပါ။

ခန်းမတွေဆီ အကြောင်းကြားပါ

အကယ်လို့ မင်္ဂလာမောင်နှံတို့က မင်္ဂလာရက် ပြန်ပြီးတော့ သတ်မှတ်ထားတယ်ဆိုရင် ခန်းမတွေဆီကို အကြောင်းကြားတာမျိုး လုပ်ပါ။ ခန်းမတွေဆီ ဘယ်ရက် သတ်မှတ်ထားကြောင်းဆိုတာ ယာယီ ပြောဆိုတာမျိုး လုပ်ပါ။ အားလုံးက ရက်ပြန်ရွေ့ကြမယ်ဆိုတော့ ကိုယ်လိုချင်တဲ့ရက်လည်း ပြန်ရဖို့ ကြိုးစားရမှာပါနော်။

ဝန်ဆောင်မှုတွေဆီ

ဝန်ဆောင်မှုတွေဆီ ပြန်လည်ဆက်သွယ်ထားပါ။ စရံချထားတာမျိုးတွေ ရှိတာမို့ သူတို့ဘက်က ဘယ်လိုဝန်ဆောင်မှုတွေ ပေးမလဲဆိုတာ ပြန်ပြီးတော့ မေးပါ။ ဝန်ဆောင်မှုတွေဆီကိုလည်း ရက်ရွေ့ထားကြောင်း ပြန်ပြီးတော့ ပြောပါ။

Skin care လုပ်ပါ

Skin care လုပ်ပါ (photo: www.nykaa.com)

Skin care လုပ်ပါ

အိမ်မှာနေရင်း Skin careလည်း လုပ်ထားပါဦးနော်။ သတို့သားရော သတို့သမီးလေးရော ပွဲပြန်မလုပ်ခင် အထိ အိမ်မှာနေရင်း skin care လုပ်ထားပါ။ မျက်နှာအသားအရေအတွက်ရော၊ ကိုယ်ခန္ဓာအတွက်ရောပေါ့။

ကျန်းမာအောင် စားပါ

စုံတွဲလေးတို့ရေ ပွဲရက် နောက်ဆုတ်ထားတဲ့ ရက်မှာ ကျန်းမာရေး ကောင်းအောင်နေပါ။ အာဟာရ ပြည့်ဝတဲ့ အစားအစာတွေပဲ စားပါ။ အဓိကကတော့ အိမ်မှာပဲနေပါ။

ဖိတ်စာ

ဖိတ်စာ (photo: afghanweddingcards.com)

ဖိတ်စာ

ဖိတ်စာနဲ့ ပတ်သက်ပြီးတော့လည်း ဖိတ်စာဆိုင်ဆီကို ဆက်သွယ်ပါ။ ကိုယ့်ဆီမှာ ဖိတ်စာတွေ ရှိနေရင် ဘယ်လို ပြန်ပြင်လို့ ရနိုင်မလဲပေါ့။ တချို့တွေကတော့ နေ့ရက်နဲ့ အချိန် နေရာတွေမှာ Sticker ကပ်တာမျိုး လုပ်ပေးတာမျိုး ရှိပါတယ်။

အခါတော်ပေး

အခါတော်ပေးတွေကလည်း ရက်ပြည့်တတ်တာမို့ သေချာ ပြန်ပြောထားပါ။ ရက်အတိအကျ ပြန်ပြီးတော့ မသတ်မှတ်ရသေးဘူးဆိုရင်တောင် အခါတော်ပေးနဲ့ အချိတ်အဆက် ရှိနေပါစေနော်။ နောက်ပြန်ရွေးတဲ့ရက်မှာ ကိုယ်လိုချင်တဲ့ရက် မရမှာစိုးတာကြောင့်ပါ။

မင်္ဂလာပွဲ ရက်ရွေ့ထားတဲ့ သတို့သား၊ သတို့သမီးလေးတို့အနေနဲ့ ဒီအချက်လေးတွေ အရင်ဆုံး လုပ်ဆောင်ထားနော်။

Comments

0 comments